Thursday, February 28, 2013

ကယ်တင်ခြင်း တရား(၃)ပါး

>(မဿဲ၊၇း၂၁-၂၃)ကိုကြည့်မယ်ဆိုရင် ဆုံးမသြ၀ါဒပေးသူ၊ နတ်ဆိုးနှင်ထုတ်သူ၊ တန်ခိုးများစွာပြသူ တွေကိုတောင် ခရစ်တော်က ငါ့ထံမှဖယ်ကြ လို့ မိန့်တော်မူခဲ့ပါတယ်။ ဒီလူတွေဟာဘုရား အလုပ်လုပ် တဲ့သူတွေ၊ အမူတော်ဆောင်တွေ ၊ကောင်းတာ လုပ်တဲ့ သူတွေဖြစ်ရက်သားနဲ့ ဘာဖြစ်လို့အဲဒီ လို ဖြစ်ရသလဲဆိုရင် ခရစ်တော် အကြောင်းကိုသာသိပြီး ခရစ်တော်နဲ့ သိကျွမ်းမူမရှိ လို့ပါပဲ (They know about Christ, but they do not know Christ per-sonally)” ခရစ်တော်ကို သိကျွမ်းဖို့၊ ကယ်တင်ခြင်းရောက်ဖို့ရန် အဓိက အချက်(၃) ချက်ရှိပါတယ်။ 

ဒဲ့ဒါကိုတရား(၃)ပါး လို့ခေါ်ပါတယ်။ အပြစ်ဆိုတာ ဘာလဲ...(၁ယော၊၃း၎) မှာ ပညတ်တော်ကို လွန်ကျူးခြင်း လို့ဖော်ပြပါတယ်။ အပြစ်ဟာ ဘယ်သူ အားဖြင့် ဤလောကသို့ဝင်သလဲ (ရော၊၅း၁၂) အရ-အာဒံ အားဖြင့် ဤလော့က သို့ဝင်ခဲ့ပါတယ်။ အပြစ်တရား ဤလောက ထဲဝင်ပြီးနောက် ဘာဖြစ်ခဲ့သလဲ အပြစ်တရား အားဖြင့် သေခြင်း တရားဝင်ပြီး၊ လူအပေါင်း ဟာ အပြစ်ရှိ တဲ့ အတွက်သေခြင်း သို့ရောက်ရပါတယ်။ 

အဓိကအားဖြင့် အပြစ်ဘယ်နှစ်မျိုးရှိသလဲ...နှစ်မျိုးရှိပါတယ်။ (၁) ဗီဇအပြစ် (မွေးရာပါအပြစ်) (၂) ဒုစရိုက်အပြစ် (ကျူးလွန်တဲ့အပြစ်) ဒုစရိုက်အပြစ် အကြောင်းကို အများအားဖြင့် သိပြီးဖြစ်ပါတယ်။ ဥပမာ-သူများအသက် သတ်တာ၊ သူများသား မယားပြစ်မှားတာ၊ ဒီအကြောင်းကို (ရောမ၊ ၁း၂၉-၃၁)မှာ တွေ့နိုင် ပါတယ်။ လူတော်တော် များများ မသိတဲ့အပြစ် ကတော့ ဗီဇအပြစ် (မွေးရာပါအပြစ်)ဖြစ်ပါတယ်။ အဲဒီ အပြစ်အကြောင်းမသိ လို့ ကောင်းတာ လုပ်ရင်ကောင်းတာရောက်မှာပေါ့လို့ ခရစ်ယာန် တွတောင် ပြောနေကြခြင်း ဖြစ်ပါတယ်။ဗီဇအပြစ် (မွေးရာပါအပြစ်) အကြောင်းကို (ဆာလံ၊၅၁း၅) မှာဖော်ပြထား ပါတယ်။ ဆာလံဆရာက မွေးကတည်းက ပါလာတယ် လို့ ပြောသလဲ..အပြစ်ပါလာတယ် ဒီအပြစ် ဘယ်ကရလာသလဲ ... အာဒံ အာဒံက ဘယ်သူ့ကိုပြစ်မှား သလဲ.... 

ဘုရားသခင် ဒါကြောင့် အာဒံက တဆင့်ရလာတဲ့ အပြစ်ဟာ ဘုရားသခင် ကိုပြစ်မှားတဲ့ အပြစ်ဖြစ်တယ်၊ ဒါကို ဗီဇအပြစ် (သို့)မွေးရာပါ အပြစ်လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ အပြစ်လုပ်လို့ အပြစ်သားဖြစ်တာလား၊ အပြစ်သားဖြစ်လို့ အပြစ် လုပ်တာလား အပြစ်သားဖြစ်လို့ အပြစ်လုပ်ခြင်းဖြစ်တယ် ခွေးတွေဟာ ဟောင်တတ်တယ်၊ ဟောင်လို့ခွေးဖြစ်တာလား ၊ခွေးဖြစ် လို့ဟောင်တာလားခွေးဖြစ် လို့ဟောင် တာဖြစ်တယ်။ 

ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်သားဖြစ်လို့အပြစ်လုပ်တတ်ကြတယ်၊ ခွေးတွေကိုဟောင်နည်း သင်ပေးစရာမလိုသလို၊ ကျွန်တော်တို့ကိုလည်း အပြစ်လုပ်နည်း သင်ပေးစရာမလိုဘဲ လုပ်တတ်ကြတယ် မဟုတ်ဘူးလား၊ ဥပမာဒေါသထွက်နည်းစိတ်ဆိုးနည်း၊ စိတ်ကောက်နည်း၊
မနာလိုနည်း၊ အတင်းပြောနည်း အဖေက ဗမာ၊ အမေက ဗမာဆိုရင် မွေးတဲ့ကလေးဟာ ဘာဖြစ်မလဲ..... ဗမာပဲဖြစ်မယ် အသားမဲလို့ ကပ္ပလီလို့ခေါ်လို့မရဘူး၊ အသားဖြူလို့လည်း အင်္ဂလိပ်လို့ ခေါ်လို့မရဘူး ဗမာဖြစ်ချင်လို့လည်းမရဘူး၊ 

ဗမာစကား မပြောတတ်လည်းဗမာပဲ၊ ဗမာယဉ်ကျေးမူ ဓလေ့ထုံးတမ်း မသိရင်လည်း .. ဗမာပါပဲ ဘာကြောင့်လဲ ဆိုတော့ ဗမာမိဘက မွေးဖွားခဲ့လို့ဘဲ ထိုနည်းတူ အပြစ်သား အာဒံနဲ့အပြစ်သား ဧ၀ ကနေဆင်းသက်ခဲ့တဲ့ ကျွန်တော်တို့ အားလုံးဟာ အပြစ်သား တွေပဲဖြစ်တယ်။ မဖြစ်ချင်လည်း မရဘူး ဖြစ်ပြီးသားပဲ.... ခွေးဟာ မဟောင်ရင်လည်းခွေးပဲ၊ ဟာင်ရင်လည်းခွေးပဲ ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်မလုပ်တဲ့ အချိန်မှာ လည်းအပြစ်သားပဲ၊ အပြစ်လုပ်လည်း အပြစ်သားပဲ.... မွေးစကလေးဟာ အရွယ်ရောက်တဲ့အခါ အခြားသူ တစ်ယောက်နဲ့ စကားများပြီး ရန်ဖြစ်ကြတယ် ဆိုပါစို့။

သူကအခြားသူကို တုတ်နဲ့ရိုက်တယ်၊အခြားသူက သူ့ကို ဓားနဲ့ လိုက်ခုတ်တယ်၊ အဲ့ဒါ ကောင်းသလား.. မကောင်းဘူး.၊ အဲဒါကို ဒုစရိုက်အပြစ်လို့ ခေါ်တယ်၊ လူလူချင်း ပြစ်မှားတဲ့အပြစ်ဖြစ်တယ် (ရော၊၃း၂၃) အပြစ်ရှိတဲ့လူတိုင်း သေခြင်းမှာ လမ်းဆုံးကြရမယ်(ရောမ၊၆း၂၃) မှာအပြစ်တရား၏ အခကား သေခြင်းပေတည်း.. လို့ပြောထားတယ် သေခြင်းဆိုတာဘာလဲ....... ခွဲခွာခြင်း၊ ကင်းကွာခြင်း ဖြစ်။(Death means sepa-ration) အာဒံ၊ ဧ၀ အပြစ် လုပ်တဲ့အတွက် ထာဝရဘုရားနှင့် ခွဲခွာသွားခဲ့ ရတယ်အဲဒါကို ၀ိညာဉ်ရေးရာသေခြင်း လို့ခေါ်တယ်။ ကျမ်းစာထဲမှာ အပြစ်ရဲ့အကျိုးဆက်အနေနဲ့ သေခြင်း

(၃) မျိုးတွေ့ရတယ်.... (၁) ၀ိညာဉ်ရေးရာသေခြင်း(ထာဝရဘုရားနှင့် ကင်းကွာခြင်း/ ခွဲခွာခြင်း) (၂) ခန္ဓာသေခြင်း(ခန္ဓာနဲ့ဝိညာဉ်ကင်းကွာခြင်း/ ခွဲခွာခြင်း) (၃) ထာဝရသေခြင်း (ထာဝရဘုရားနဲ့ထာဝရ ကင်းကွာပြီး ထာဝရငရဲကျခြင်း) တို့ဖြစ်တယ်။ ထာဝရသေခြင်းကို ဒုတိယသေခြင်းလို့လည်းခေါ်သေးတယ် အသက် စာစောင်ထဲမှာ 
မပါတဲ့ လူတွေ အားလုံးဟာ ဒုတိယသေခြင်းဆိုတဲ့ကန့်နဲ့လောင်တဲ့ မီးအိုင်ငရဲထဲ ချပစ်ခြင်း ခံရမှာဖြစ်တယ်။(ဗျာ၊၂၁း၈) 

မကောင်းတာလုပ်တဲ့လူတွေသေရင်ဘယ်ရောက်မလဲ...(ငရဲ) ကောင်းကောင်းလဲနေရင်ကော.( ငရဲပဲကျမယ်) ဘာအပြစ်ရှိနေလို့လဲ..ဗီဇအပြစ်/မွေးရာပါအပြစ်/ ဘု၇ားသခင် ကိုပြစ်မှားတဲ့အပြစ်၊ မွေးကတည်းကနေ ဒုစရိုက်အပြစ်တစ်ခုမလုပ်တဲ့သူရှိသလား(မရှိ) မွေးရာပါဗီဇအပြစ်ကိုလက်မခံရင်လည်းဒုစရိုက်အပြစ် လူတိုင်းမှာရှိနေပါတယ် ဒါကြောင့်အပြစ်တရားရဲ့အခသေခြင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ် အပြစ်လုပ်လို့ငရဲကျတာလား၊အပြစ်သားဖြစ်လို့ငရဲကျတာလား.........

 (အပြစ်သားဖြစ်လို့) ဒုစရိုက်တစ်ခုမှမလုပ်ရင်လည်း ဗီဇအပြစ်ရှိပါတယ်၊ ဘုရားသခင်ကိုပြစ်မှားတာဖြစ်တယ် ၊အာဒံဟာ ဘုရားစကားနား မထောင်လို့ဘုရားသခင်ရဲ့ ရန်သူဖြစ်သွားတယ်၊ သူကဆင်းသက်လာတဲ့ ကျွန်တော် တို့ဟာဘုရားရဲ့ရန်သူအမျိုးဖြစ်လို့ အားလုံးရှင်းပစ် ခံရမှာဖြစ်တယ် စစ်ဖြစ်တဲ့အခါတစ်ဖက်န့ဲတစ်ဖက်တွေ့ကြတဲ့အခါ၊ခင်ဗျားအကျင့်
သီလကောင်းသလားလို့အရင်မေးပြီးမှသေ နတ်နဲ့ပစ်မှာ မဟုတ်ပါဘူး၊တွေ့တာနဲ့ ရန်သူဖြစ်လို့ပစ်မှာပဲမဟုတ် ဘူးလားထိုနည်းတူ ကျွန်တော်တို့အားလုံးလည်း ဘုရားရဲ့ရန်သူဖြစ်လို့
ငရဲထဲ ချပစ်ခြင်းခံရတော့မှာဖြစ်ပါတယ်။ 

ငရဲကလွတ်ဖို့ ဘယ်လိုလုပ်မလဲ........ .ကောင်းတာလုပ်ရင်ကောင်း
ရာရောက်မယ်လို့ တစ်ချို့ကထင်မြင် ယူဆကြပါတယ်....... ဒါပေမဲ့ကျမ်းစာက ဘာပြောထားသလဲ။ (ဟေရှာ၊၆၄း၆)မှာကျွန်ပ်တို့ ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသောကုသိုလ်ကောင်းမူ တို့သည်ညစ်သောအ၀တ်နှင့် တူကြပါ၏လို့ဖော်ပြထားပါတယ်။ 
 
ဆိုလိုတာကဘာလဲ၊ကောင်းမူမလုပ်ရဘူးလို့ဆိုလိုသလား........ မဟုတ်ပါဘူး၊ ဘယ်လောက်ပဲလုပ်လုပ်ဘုရားသခင်ရှေ့မှာနှစ်သက် လက်ခံဖွယ်မဖြစ်ဖူးလို့ ဆိုလို့ပါတယ် ဘာကြောင့်လဲဆိုတော့မသန့်ရှင်း တဲ့အပြစ်သားလုပ်သမျှ အရာအားဟာ (လူ့အမြင်မှာကောင်းပေမယ့် နှစ်သက် လက်ခံဖွယ်ရာဖြစ်ပေမဲ့) အလွန်သန့်ရှင်းတဲ့ ဘုရားရှေ့မှာတော့ညစ်တဲ့အ၀တ် (အ၀တ်စုတ်) ကဲ့သို့ဖြစ်နေပါတယ်။ နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် လူနူဖြစ်ဖြစ်တစ်စုံ တစ်ယောက်ကဖြစ်ဖြစ်သူရဲ့မသန့်ရှင်းတဲ့လက်နဲ့ လက်ဖက် သုပ်သုတ်ကျွေးမယ် ဆိုရင်စားဖို့လက်ခံဖိုခက် သလိုနှစ်သက်လက်ခံဖွယ် မဖြစ်ဖူးဆိုတဲ့သဘောပါပဲ။ ဒါကြောင့် ငရဲကလွတ်ဖို့ ကုသိုလ်ကောင်းမူအားဖြင့်မရနိုင်ဘူး လို့ကျမ်းစာ ကပြောနေခြင်းဖြစ်ပါတယ်...... 

ဒါကြောင့်အပြစ်တရား အကြောင်းကိုလေ့လာကြည့်ရင်အကျဉ်းချုပ် အားဖြင်.ကောင်းကောင်းမကောင်းကောင်း ငရဲကျမယ်လို့ ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ တစ်ချို့ကလည်းဒါန နဲ့မရရင်သီလ(အကျင့်)နဲ့ လုပ်မယ်ဆိုပြီးကြိုးစား
ကျင့်ကြံနေတဲ့သူတွေလည်းကမ္ဘာပေါ် မှာများစွာရှိပါတယ်။ ဒါကြောင့်ပညတ် တရားကျင့်ခြင်းအားဖြင့်ငရဲကနေ
လွတ်နိုင်မလားဆိုတာ ဆက်ပြီးလေ့ လာကြည့်ကြရအောင် ။ (၂)ပညတ်တရား ပညတ်တရားနဲ့ပတ်သက်ပြီး ကျမ်းပိုဒ်အများထဲက အဓိကကျမ်းပိုဒ်(၃-၄)ပိုဒ်ကိုလေ့လာကြပါမယ်။

(၁) (ဂလ၊၃း၁၀)ဒီကျမ်းပိုဒ်အရ ပညတ်တရား၏အကျင့်ကိုအမှီပြုသူ (အားကိုးသူ)တွေဟာ ကျိန်ခြင်း နဲ့စပ်ဆိုင်ပါတယ်။အမြဲမကျင့်နိုင်ရင်ကျိန်ခြင်းခံရမှာဖြစ်ပါမယ်။... မိတ်ဆွေအနေနဲ့ပညတ္တိကျမ်းမှာပါသမျှ(ပညတ်တော်၆၁၃ပါး) ကိုအမြဲကျင့်နိုင်ပါသလား။ မကျင့်နိုင်ရင်တော့ကျိန်ခြင်းခံရပါမယ် ငရဲ ကျမှာဖြစ်ပါတယ်။ 

(၂) (ယာ၊ ၂း၁၀ )အမြဲကျင့်နိုင်တယ်ပဲလားဦး......... တစ်ခုချိုးဖေါက်ရင်အားလုံးချိုးဖောက်တာနဲ့အတူတူပဲဖြစ်လို့ငရဲကျမှာပဲ
လို့ကျမ်းစာကပြောထားပါတယ် ဥပမာစာမေးပွဲ တစ်ဘာသာကျရင် ငါးဘာသာကျတဲ့ လူနဲ့အတူတူပဲ လူတစ်ယောက်က အသက်တစ်ရာ မှာသေမယ်ဆိုပါစို့။(၉၉)နှစ်
တရားကျင့်ပေမယ့် တစ်ခုလေးချိုးဖောက်မိ ရင်နေ့တိုင်းချိုးဖောက်တဲ.
လူနဲ့ ငရဲကျမှာအတူတူဖြစ် သွားပါတယ် . 

ဥပမာ...သံကြိုးကွင်းတွေ အမှီပြုပြီးကူးနေရာကနေ တစ်ကွင်းပြုတ်
သွားတာနဲ့ (အားလုံးပြုတ်ဖို့မလိုဘဲ)အောက် ကိုကျသွားမှာဖြစ်ပါတယ်။ သံကြိုးကွင်းတွေဟာ ပညတ်တော်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဆိုရင်မိတ်ဆွေနဲ့ ကျွန်တော်ဟာမွေးကတည်းက အပြစ်ဘယ်နှစ်ခု
လုပ်ခဲ့ပြီးပြီလဲ၊ ပညတ်ဘယ်နှစ်ခု ချိုးဖောက်ပြီးပြီးလဲ တစ်ခုလုပ်မိရင်တောင်ငရဲ ကျမယ်ဆိုရင်များစွာ လုပ်ပြီးပြီဆိုတော့ကျ
မှာသေချာသွားပြီလား ကျမှကျပါ့မလား လို့စိုးရိမ်စရာမလိုတော့ဘူး မဟုတ်လား။ ဒါဆိုရင်ကျွန်တော် မေးမယ်ပညတ် တရားမကျင့်တဲ့ သူသေရင်ဘယ်ရောက်မလဲ........

(ငရဲ) ကျင့်တဲ့သူကောသေရင် ဘယ်ရောက်မလဲ (ငရဲ) ဘာဖြစ်လို့လဲ၊ (အမြဲမကျင့်နိုင်ဘူး- ကျင့်ရင်းကြားထဲက ချိုးဖောက်မိအပြစ်တွေ ရှိနေသေးတယ်) ဒါဆိုရင်ဘာဖြစ်လို့ ပညတ်တရားကို ကျင့်နေကြရတာလဲ ဒီဘ၀မှာကောင်းကောင်း ကျင့်ကြံအားထုတ်ရင် တစ်နေ့နောင်ဘ၀ မှာကောင်း တဲ့နေရာရောက် ရပါစေသား ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်နေတာပေါ့၊ ဒါပေမဲ့ကျမ်းစာက ပညတ်တရား
ရဲ့အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော် မှာဘယ်သူမှဖြောင့်မတ်ရာ မရောက်ဘူးလို့ပြောထားတယ်။ 

 (၃) (ရော၊၃း၂၀)ဆိုလိုတာက လူလူချင်း သတ်မှတ်တဲ့ စံနှုန်းအရ (၅)နာရီတရားကျင့်သူ(၁၀) နာရီ(၁၅)နာရီကျင့်သူ စသဖြင့် သူ့ထက် ငါသာ၍ကောင်း တယ်ဖြောင့်မတ် တယ်လို့ပြောလို့
ရကောင်းရပါမယ် ဒါပေမယ့် တရားစီရင်မဲ့ ဘု၇ားသခင်ရဲ့ရှေ့မှာ ဘယ်သူမှစံချိန်မမီဘူး ဘုရားသခင်လောက် မဖြောင့်မတ်ဘူး၊ မကောင်းမြတ် ဘူးကောင်းကင်ဘုံ ၀င်နိုင်လောက်အောင်ငရဲက
လွတ်နိုင် လောက်အောင်ကောင်းတဲ့ အကျင့် ကျင့်သူဖြောင့်မတ်သူ မရှိဘူး (ရော၊၃း၁၀-၁၂)... ဥပမာ စာမေးပွဲမှာတစ်ဘာသာကို အမှတ(်၄၀)ရမှအောင် တယ်ဆိုပါစို့ ကျွန်တော်ကအင်္ဂလိပ်စာ (၃၉)မှတ်ရတယ် ကိုကျော်မြင့်က(၃၅) မှတ်ကိုဝင်းမြင့်က(၃၀) မှတ်ရကြတယ်။အားလုံးထဲမှာကျွန်တော် အများဆုံးဘဲလို့ကြွား လို့ရပါတယ်။ ဒါပေမယ့်အောင်စာရင်း ထွက်တဲ့အခါဘယ်သူမှမအောင်ကြပါဘူး။ 

ထိုနည်းတူဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်း စံချိန်စံနှုန်းပေတံနဲ့ တိုင်းလိုက်တော့ ဘယ်သူမှ စံချိန်မမှီဘူးပေါ့... ကျွန်တော်တို့ဖြောင့်မတ်ရမှာကလူ့ရှေ့မှာမဟုတ်ဘူး 
တရားသူကြီးရှေ့မှာဖြစ်တယ် အသင်းတော်ကလူတွေရှေ့မှာ ဖြောင့်မတ်စွာနေပြပေမယ့်၊ ကွယ်ရာမှာဘိန်းဖြူအရောင်းအ၀ယ်
လုပ်လို့ရဲကဖယ်းမိပြီးတရားသူကြီးရှေ့ မှာအစစ်ခံရတဲ့အခါပြစ်မူ ထင်ရှားရင်ထောင်ကျရသလိုပဲလူသား
အားလုံးကို တရားစီရင်မယ့် အရှင်တရား သူကြီးဖြစ်တဲ့ထာဝရ ဘုရားသခင်ရှေ့မှာအပြစ် တင်ခွင့်ကင်း ဖို့လိုအပ်ပါတယ်။

 (ဟေရှာ၃၃း၂၂)(ဆာ၃၂း၁-၂) ဒါကြောင့်ပညတ်တရား အကြောင်းလေ့လာကြည့်ရင်အကျည်းချုပ်
အားဖြင့်ကျွန်တော်တို့ဟာတရား ကျင့်ကျင့်ငရဲ့ ကျရတော့မယ်လို့ ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ 

ဒါဆိုရင်ငရဲ့က လွတ်အောင်နည်းလမ်း မရှိတော့ဘူးလား။ (ရှိပါတယ်.)... အဲဒါကလူကလုပ်တာမဟုတ်ဘဲ ဘုရားက လုပ်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။ အဲဒါကိုကျေးဇူးတရား (ကယ်တင်ခြင်းတရား)လို့ခေါ်ပါတယ်။ ဘာသာတရား ကတော့လူတွေကို လုပ်ခိုင်းပါတယ်။ အဲဒါကို
လုပ်ခိုင်းတဲ့တရား(ပညတ်တရား) လို့ခေါ်ပါတယ်။ 

လုပ်ပေးတဲ့တရား ကတော့ကျေးဇူး တရားဖြစ်ပါတယ်။
ဘုရားသခင်ကငရဲက လွတ်အောင်လုပ်ပေးလို့ဖြစ်ပါတယ်။
 (၃)။ ကျေးဇူးတရား လူနဲ့ဘုရားဟာ အပြစ်ကြောင့်ကင်း ကွာနေပြီး လူတွေဟာထာဝရငရဲမှာလမ်း ဆုံးကြရပါတော့မယ်၊ အဲဒီကနေ လွတ်ဖို့ ကုသုလ်ကောင်းမူပညတ်တရားအကျင့်တရားများနှင့်ကြိုး စားပေမယ့်လည်း မရနိုင်မှန်း သိလို့မေတ္တာတော်ရှင်ဘုရား သခင်ကလူကိုငရဲမှ ကယ်တင်တော်မူဖို့ကြွလာခဲ့ပါတယ်။ 

အဲဒီတရား ကိုကျေးဇူးတရား(တနည်း) ကယ်တင်တော်မူခြင်း တရားလို့ခေါ်ပါ တယ်။ (၁)၁တိ၁း၁၅... ယေရူခရစ်သည်အပြစ်ရှိသော သူတို့ကိုကယ်တင်ခြင်းငှာ
ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။ 

သခင်ယေရူ ဤလောကကိုဘာအတွက်ကြွလာတာလဲ.... (အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့) ဒီနေရာမှာဘာသာတရား တည်ထောင်ဖို့ကြွလာတယ်
လို့မပြောဘူး။ ကယ်တင်ဖို့ကြွလာတယ်လို့ပြောထား ပါတယ်(ဘာသာတရားဆိုတာ ပညတ်တော်တွေနဲ့ဖွဲ့စည်း
ထာြး့ပီးလုပ်ခိုင်းတဲ့တရားဖြစ်တယ်) ခရစ်တော်က လုပ်ပေးဖို့ကြွလာခြင်းဖြစ်တယ်။ 

သခင်ယေရူက လူတွေကိုဘယ်လိုကယ်ခဲ့သလဲ...... လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအားဖြင့်(ရော၊ ၅း၈) သခင်ယေရူ လက်ဝါးကပ်တိုင်မှာ အသေခံတဲ့အခါသူ့
အသွေးတော်အားဖြင့် ကျွန်တော်တို့အဖြစ်ရှိသမျှကို ဆေးကြောပေခဲ့တယ်(၁ယော၊ ၁း၇) အ၀တ်ပေရင် ဆပ်ပြာ န့ဲရေနဲ့ဆေးရတယ် အပြစ်တွေကိုပေရင် အသွေးတော် အားဖြင့်သာဆေးကြောလို့ ရတယ်လို့ဘုရားသခင်ကပြောပါ တယ်။ (၀တ်၊ ၁၇း၁၁။ယေဗြဲ၊၉း၂၂) 

ကားတိုင်ပေါ်မှာ အသေခံတဲ့အချိန်မှာ သခင်ယေရူစကားကြီး(ရ) ခွန်းပြောခဲ့တယ်။(၆)ခွန်းမြောက်စကားက အမူပြီးပြီ ဆိုတဲ့စကားပဲ ဂရိဘာသာစကားမှာ အပြစ်အကြွေး ရှိသမျှအပြည့်အ၀ ဆပ်ပြီးပြီ ဆိုတဲ့အဓိပ္ပယ် ရှိပါတယ်။ ဒါကြောင့် မိတ်ဆွေနဲ့ကျွန်တော် အပြစ်အားလုံးအတွက် သခင်ယေရူ ဘုရားကပေးဆပ်ဖြေရှင်းပေးခဲ့ပြီးပါပြီ။ 

မိတ်ဆွေမှာအကြွေး သိန်း(၅၀၀)တင်နေမယ်ကြွေးရှင်ကလည်း ဒီအပတ် အတွင်းပြန်မဆပ်နိုင်ရင် တရားစွဲတော့မယ် ဆိုကြပါစို့ မိတ်ဆွေမှာပေါင်နှံ စရာပေးစရာလည်း မရှိဘူး ဆိုရင်ဘာဖြစ်မလဲ
မကြာခင်ထောင်ထဲကျဖို့သေချာနေမှာဘဲ။ အဲဒီအချိန်မှာ ကုဋ္ဋေကြွယ်သူဋ္ဌေးကြီး တစ်ဦးကမိတ်ဆွေအကြောင်း
သိသွားပြီးသနားလို့ ဆပ်ပေးမယ်ပြန် ဆပ်စရာမလိုဘူးဆိုရင် မိတ်ဆွေလက်ခံမလားဒါမှ မဟုတ်ငြင်းပယ်မလား၊... ..ကိုယ်အတွက်ကျေးဇူးပြုမယ့် သူကိုငြင်းပယ်ရင်တော့ အဲ့ဒီလူထက်
မိုက်မဲတဲ့သူကမ္ဘာပေါ်မှာရှိပါ့ဦးမလား လက်ခံလိုက်ရင်တော့ထောင်ထဲ သွားစရာ မလိုတော့ဘူး ။ကြွေးရှင်နဲ့
လမ်းမှာမျက်နှာချင်း ဆိုင်တွေ့ရင်လည်း စိုးရိမ်စရာ မလိုတော့ဘူး၊ ရှောင်တိမ်းပုန်းနေစရာမလိုတော့ဘူး... 

ထိုနည်း၎င်းပဲ သခင်ယေရူကကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေအားလုံး
အတွက်အသေခံတော်မူခြင်း အသွေးသွန်းတော်မူခြင်း အားဖြင့်ဆပ်ပြီးသွားပါပြီ၊သူဟာအသေ
ခံပြီးလမ်းဆုံးသွားတာ မဟုတ်ပါဘူး၊ (၃)ရက်မြောက် တဲ့နေ့မှာပြန်ရှင်တဲ့ ဘုရားဖြစ်ပါတယ် (၁ကော၊၁၅း၃-၄) ယနေ့တိုင်အသက်ရှင်ပြီး ထာဝရမပြောင်းလဲတဲ့ ဘုရားဖြစ်ပါတယ်
(ဟေဗြဲ၊၁၃း၈) သူ့ကိုမိတ်ဆွေရဲ့ ကယ်တင်ရှင်ဘုရားအဖြစ်ယုံကြည် လက်ခံရင်ငရဲ ကျမှာ ကိုစိုးရိမ်စရာ မလိုတော့ဘူး မိတ်ဆွေ ရဲ့အပြစ်အားလုံး လည်းလွတ်ခြင်း အခွင့်ရပါတယ်၊ မိတ်ဆွေအနေနဲ့
ဘုရားရဲ့သားဖြစ်ခွင့်ကိုရပြီး ထာဝရအသက် ကိုလည်းပိုင်ဆိုင် ခွင့်ရပါတယ် (ယော၁း၁၂။၆း၄၇)ဒါဟာ
သူရဲ့ကျေးဇူးပြုခြင်း (ကိုယ်စားအသေခံပေးခြင်း အပြစ်ကြွေး ဆပ်ပေးခြင်း)ကြောင့်ဖြစ်ပါတယ်။ ဒါကိုကျမ်းစာက ကျေးဇူးတရား လို့ခေါ်ပါတယ်။ 

ဒါကြောင့်(ဧ၂း၈-၉) မှာယုံကြည်သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏ လို့ဖော်ပြထားပါတယ်။ မိတ်ဆွေအတွက် ယေရူဘုရား လုပ်ဆောင်ပေးခဲ့ပြီးဖြစ်တဲ့ အသေခံတော်မူခြင်း အပြစ်ကြွေး ဆပ်ပေးတော်မူခြင်းကို ငါ့အတွက်ကျွန်တော်မ
အတွက်ဖြစ်တယ်လို့ ယုံကြည်မယ်ဆိုရင် (ယုံကြည်သောအားဖြင့်) ယုံတဲ့အချိန်ကစပြီး ဘုရားရဲ့(ကျေးဇူးတော်ကြောင့်)ကယ်တင်ခြင်း ကိုရောက်ရပြီဖြစ်ပါတယ်။ ရောက်ရမယ်လို့ကျမ်းစာကမပြောပါဘူး ရောက်ရ၏လို့ပြောတဲ့ အတွက်ကြောင့်ယုံတဲ့အချိန်ကစပြီး ကယ်တင်ခြင်း ကိုရောက်ရပြီးဖြစ်ပါတယ်။ ငွေတစ်သိန်းရမယ် ဆိုရင်မရသေးပါဘူး..... ငွေတစ်သိန်းရ၏ ဆိုရင်ရပြီဖြစ်ပါတယ်။ 

ထိုနည်းတူပဲခရစ်တော် ယေရူဘုရားကိုယုံကြည်တဲ့ချိန်မှာပင်လျှင် ကယ်တင်ခြင်းရောက်ပြီပြစ်ပါတယ်။ ဘယ်တော့မှငရဲမကျတော့ပါ။ ဒါဟာ ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားကိုကျေးဇူးတရားလို့ခေါ်ပါတယ်။ ကယ်တင်ခြင်းရတာဟာဘာကြောင့်ရသလဲ (ကျေးဇူးတော်ကြောင့်) ဘာအားဖြင့်လဲ (ယုံကြည်သောအားဖြင့်) ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ (ဘာမှလုပ်စရာမလိုဘူးသခင်ယေရူလုပ်ခဲ့ပြီးပြီ အမူပြီးပြီတဲ့)

  ကယ်တင်ခြင်းရဖို့ဘာရှိရမလဲ (ယုံကြည်ခြင်းရှိရမယ်) ဘာကိုယုံရမလဲ (ယေရူခရစ်တော်ကို) (ခရစ်တော်ကို ယုံတဲ့သူဟာ သူ့စကားနဲ့ သူ့လုပ်ဆောင်ချက်ကို ယုံတယ်) ဘယ်လိုယုံရမလဲ (ခရစ်တော်ယေရူ ဘုရားဟာငါ့ကိုယ်စား အပြစ်ကြွေးအားလုံး ဆပ်ပြီးပြီဆိုတဲ့ ကျေးဇူးပြုခြင်း(တနည်း) ကျေးဇူးတော်ကိုယုံရမယ်) ယေရူဘုရားရဲ့စကားနဲ့ လုပ်ဆောင်ချက်ကိုယုံခြင်းဟာသူ့ကိုယုံ ရာရောက်တယ်... တစ်ချို့ကယုံယုံလေးနဲ့ကယ်တင်ခြင်းကို ရနိုင်ပါ့မလား မလွယ်လွန်းဘူး လားလို့မေးတတ်ကြတယ်.... 

ကျွန်တော်ကပြောလိုက်တယ် လွယ်လွန်းအားကြီးလို့ခင်ဗျားမယုံ မှာတောင်စိုးရိမ်မိတယ်ဘာကြောင့်လွယ်နေ သလဲဆိုရင်မလွယ်တဲ့အပိုင်း ကိုခရစ်တော်ကလုပ်ထားပေးလို့လေ ဥပမာ လက်တစ်ဖက်ပဲရှိတဲ့လူ တစ်ယောက်ကရေ တွင်းမှာစက်သီးကြိုးနဲ့ရေငင်ရမယ် ဆိုရင်မလွယ်ဘူး။ 

ဒါပေမယ့် သူ့မိတ်ဆွေကကျေးဇူးပြုပြီးရေငင်ပေးလိုက်ရင် သူခပ်စရာမလိုဘဲ အလွယ်လေးနဲ့ရေချိုျးနိုင်တဲ့ သဘောပေါ့။ ဒီမှာရှိတဲ့မိတ်ဆွေကို ကျွန်တော့်အတွက်သောက်ရေ တစ်ခွက်လောက် ခပ်ပေးပါ။ခုန်ကလေးရွေ့ပေးပါဆိုရင် လွယ်ပါတယ်ပိုက်ဆံ အိတ်ထဲကငွေဘဏ်စာအုပ်ထဲကငွေအိမ်မှာ သိမ်းထားတဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံး ပေးပါဆိုရင်လွယ်ပါ့မလားမလွယ်ဘူး မဟုတ်လား။ လွယ်တယ်ပဲထား အုံးမိတ်ဆွေကျွန်တော်အတွက် အသက်ပေးမလားဆိုရင် လွယ်ပါ့မလားမလွယ်ဘူး မဟုတ်လား.... အခု ယေရူဘုရားက ကားတိုင်ပေါ်မှာ ဘာလုပ်ပေးသွားသလဲ .. အသက်ပေးသွားတယ် မဟုတ်လား ... ဒါဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး မိတ်ဆွေနဲ့ကျွန်တော်ကို ချစ်လွန်းလို့ ငရဲအကျစေချင်လို့လုပ်ပေးသွားတာလေ ဒါကြောင့်သူ့ရဲ့ကျေးဇူးကြောင့် (အသေခံပေးခြင်း ကျေးဇူးတော်ကြောင့်) ယုံကြည်လိုက်ယုံကလေးနဲ ကျွန်တော်တို့ ကယ်တင်ခြင်းရတာပဲ ဖြစ်တယ်။ 

ဒီအကြောင်းကို(လုကာ၊၂၃း၃၉-၄၂) မှာလည်းဖော်ပြထားပါတယ်။ သခင်ယေရူနဲ့တစ်ချိန်တည်းကားတိုင်တင်သတ်ခံရတဲ့လူဆိုး (နှစ်ယောက်) အနက်တစ်ယောက်ကနောက် ဆုံးသေခါနီး ဆဲဆဲမှာကယ်တင်ခြင်းရသွားတယ်။ သူကောင်းလို့ရသွားတာလား ။ယေရူကောင်းလို့လား (ယေရူကောင်းလို့) သူလုပ်လို့ ရသွားတာလား၊ ယေရူလုပ်ပေးလို့လား (ယေရူလုပ်ပေးလို့) မိတ်ဆွေနဲ့ကျွန်တော်လည်းကောင်းကင်နိုင်ငံရောက်နိုင်ခြင်းဟာ မိတ်ဆွေနဲ့ကျွန်တော်ကောင်းလို့လား၊ 

ယေရူကောင်းလို့လား.......... မိတ်ဆွေနဲ့ကျွန်တော် လုပ်လို့လား.....ယေရူလုပ်ပေးလို့လား (ယေရူလုပ်ပေးလို့) ဒီလူဆိုးကြီးဟာသေပြီးမှ ကယ်တင်ခြင်းရကြောင်းကို သိသွားတာလား မသေခင်သိသွားလား (မသေခင်သိသွားတယ်) ဒါဆိုရင် ကယ်တင်ခြင်းရတယ်ဆိုတာ မသေခငိသိနိုင်လားမသိနိုင်ဘူးလား (မသေခင်သိနိုင်တယ်) ဘာအားဖြင့်လဲ...... 

(ယေရူရဲ့ဂတိတော်စကားအားဖြင့်) ဒါကြောင့် ယေရူဘုရားကို ယုံကြည်လက်ခံမယ် ဆိုရင်ဘုရားသားဖြစ်မယ် (ယော၊၁း၁၂) - ကယ်တင်ခြင်းရမယ်(ဧ၊၂း၈) - ထာဝရအသက်ရမယ်(ယော၊၆း၄၇) အခုချက်ချင်း ရမှာဖြစ်ပါတယ်။သေရင်လည်း ဘယ်တော့မှငရဲမကျတော့ ပါဘူး(ယော၊၁၀း၂၇-၂၉) - မိတ်ဆွေအနေနဲ့သခင်ယေရူဘုရားကို ယုံကြည်လက်ခံချင်တယ်ဆိုရင် အခုခဏမျက်စိမှိတ်၊ ခေါင်းငုံ့ပြီး စိတ်ထဲက ယုံကြည်လျက် သခင်ယေရူဘုရားကို အာရုံပြုလျက်အောက်ပါ ဆုတောင်းချက် အတိုင်း ဆုတောင်းပြီး ယေရူဘုရားကို ယုံကြည်လက်ခံနိုင်ပါတယ်။ ဆုတောင်းရမယ့် အချက်ကတော့ သခင်ယေရူဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်အပြစ်ကိုယ်စား အသေခံပြီး (၃)ရက်မြောက်တဲ့နေ့၌ အသက်ရှင်သော ဘုရားဖြစ်ကြောင်း ယုံကြည်ပါ၏။ကျွန်ုပ်၏ ကယ်တင်ရှင်ဘုရားအဖြစ် ကိုယ်တော်ကို ယခု ယုံကြည်လက်ခံပါ၏။ ကျွန်ုပ်အပြစ်များကိုလွတ်ပြီး ထာဝရအသက်ပေးသောကြောင့်ကျေးဇူး တင်ပါ၏။

 ကျွန်ုပ်၏
အသက်တာ ကို အုပ်စိုးတော်မူပါ။ အလိုတော်ရှိတဲ့အတိုင်း ပုံသွင်း ပြုပြင်တော်မူပါ။ နာမတော်မြတ်၌ ဆုတောင်းပါ၏။(အာမင်) မိတ်ဆွေဟာ အထက်ပါ ဆုတောင်းချက်အတိုင်း ယုံယုံကြည်ကြည် ဆုတောင်းလျက် သခင်ယေရူဘုရားကို ယုံကြည် လက်ခံမယ်ပြီးပြီ ဆိုရင် ကျမ်းစာအရ.... -(၁) ဘုရားသခင်၏သားဖြစ်ခွင့်ရပြီ (ယော၊၁း၁၂) -(၂) ထာဝရအသက်ရပြီ(ယော၊၆း၄၇) -(၃) ဘယ်တော့မှငရဲမကျတော့ပါ။(ယော၊၅း၂၄) -(၄) အပြစ်အားလုံးလွတ်ခွင့်ရပါပြီ။(ကော၊၁း၁၄)

Wednesday, February 20, 2013

လမ်းပြန်ရှာပါ

သု ၃း ၁ - ၈ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ သု ၃း ၆ “မစိုးရိမ်ပါနဲ့။ ဘယ်နေရာသွားနေတယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်။” ဟု ခရီးသည်များကို ကျွန်တော်ပြောလိုက်သည်။ မကြာမီမှာပင် “လမ်းပြန်ရှာပါ..လမ်းပြန်ရှာပါ” ဟူ သည့်အသံ ထွက်ပေါ်လာသည်။ ယခု ကျွန်တော် လမ်းပျောက်နေကြောင်း အားလုံးသိသွားပါပြီ။ ယနေ့တွင် သန်းပေါင်းများစွာသော ယာဉ်မောင်းများက ထိုအသံကို လမ်းကြောင်းမှန်မှ သွေဖည်ခြင်း (သို့) အချိုးအကွေ့ မှားယွင်းခြင်းကို ပြသော သင်္ကေတအဖြစ်သိရှိကြသည်။ ဂျီပီအက်စ် ကိရိယာက ယာဉ်မောင်းတစ်ဦးလမ်းမှားသွားပါကအသိပေးရုံမက လမ်းကြောင်းမှန်သို့ ပြန်ရောက် ရှိရန် လမ်းကြောင်းသစ်ကို ချက်ချင်းရှာဖွေပေးသည်။ တစ်ခါတစ်ရံတွင် သခင်ယေရှု၏ နောက်လိုက်များသည်လည်း ၀ိညာဉ်ရေး လမ်းကြောင်းမှန်ပေါ်တွင် ရှိနေအောင် အကူအညီလိုအပ်သည်။ မိမိသာလျှင်အသိဆုံးဟု တွေးထင်တတ်သောကြောင့် လမ်းကြောင်းမှန်မှ ကျွန်ုပ်တို့ တမင်သိသိကြီးနှင့် သွေဖည်သွား နိုင်သည်။ ဘုရားသခင် လျှောက်စေချင်သောလမ်းမှ ကျွန်ုပ်တို့ တဖြည်းဖြည်း ဝေးသွား သည်ကို သတိမထားမိဘဲ လမ်းကြောင်းမှန်မှ တဖြည်းဖြည်း ဝေးကွာသွားနိုင်သည်။ သို့သော်လည်း ဘုရားသခင် ကျွန်ုပ်တို့ချည်းပဲ လွှတ်မထားပါ။ ယုံကြည်သူ အားလုံးအတွက် အပြစ်ကိုဖော်ပြသော သန့်ရှင်းသောဝိညာဉ်တော်ကို (ယော ၁၆း ၈၊ ၁၃၊ ယော ၁၄း ၁၆ – ၁၇၊ ၁ကော ၃း ၁၆) ကိုယ်တော် ပေးပြီးသားဖြစ်သည်။ ကျွန်ုပ်တို့ လမ်းလွှဲနေပါက သန့်ရှင်းသောဝိညာဉ်တော်က သတိပေးပြီး၊ ကျွန်ုပ်တို့စိတ်နှလုံးကို နှိုးဆော်လိမ့်မည် (ဂလာ ၅း ၁၆ – ၂၅)။ သန့်ရှင်းသောဝိညာဉ်တော်က အပြစ်ကို ဖော်ပြခြင်းဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အသက်တာများထဲတွင် အလုပ်လုပ်နေကြောင်း သိရှိရသည်မှာ စိတ်သက်သာ စရာပါ (ရောမ ၈း ၂၆ – ၂၇)။ သခင်ဘုရား၏ အကူအညီနှင့် လမ်းပြမှုအားဖြင့် ကိုယ်တော်ကို ကျေနပ်စေသော လမ်းကြောင်းမှန်ပေါ်တွင် ကျွန်ုပ်တို့ဆက်လက်ရှိနေနိုင်ပါသည်။

Thursday, February 14, 2013

ဒုတိယ အကောင်းဆုံးလား


ငါတို့သည်အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့်     အသေခံတော်မူသည် ဖြစ်၍.........။       —  ရော ၅း၈

အသစ်စက်စက်ခင်ပွန်း နိုးလာမည့် အချိန် အခိုက်အတန့်ကို စဉ်းစားပြီး “လေအာ” တစ်ညလုံး အိပ်မပျော် ဖြစ်နေပေလိမ့်မည်။ သူ၏ခင်ပွန်းက သူ့မျက်နှာမဟုတ်ဘဲ “ရာခေလ”၏ မျက်နှာကိုသာ မြင်ရရန် မျှော်လင့်မည်ကို သူသိသည်။ ယာကုပ် သည် ထောင်ချောက်ဆင် လှည့်စားခံခဲ့ရသည်ကို သဘောပေါက်လျက် သူ့ကိုအရင် ကတိပေးထား သည့် ရာခေလအားရရှိရန် လာဗန်နှင့်သဘောတူညီ မှု တစ်ခုထပ်မံ ပြုလုပ်ခဲ့သည် (က ၂၉း ၂၅ – ၂၇)။
အရေးမပါသူ (သို့) ဒုတိယအကောင်းဆုံး ဟု သင်ခံစားရဖူးပါသလား။ “လေအာ” ထိုကဲ့သို့ ခံစားခဲ့ရသည်။ သူမ၏သားကြီးသုံးယောက်ကို နာမည်ပေးရာတွင် ထိုခံစားချက်ကို တွေ့မြင်နိုင်သည်။ (း၃၁-၃၅) ရုဗင်၏ အဓိပ္ပါယ်မှာ “မြင်ခြင်း”၊ ရှိမောင်၏ အဓိပ္ပါယ်မှာ “ကြားခြင်း” နှင့် လေ၀ိ၏ အဓိပ္ပါယ်မှာ “ပေါင်းဘော်ခြင်း” ဖြစ်သည်။ သူတို့၏နာမည်အားလုံးက သူခံစားရသည့် ယာကုပ်၏ ချစ်ခြင်းကင်းမဲ့မှု၌ အခြေခံပြီး မှည့်ထားသည်။ သားတစ်ယောက်မွေးပြီးတိုင်း ယာကုပ်၏ ချစ်ခင်နှစ်သက်ခြင်းကို ရရှိပြီး သူ့အချစ်ကို ရယူနိုင်လိမ့်မည်ဟု သူအလွန်အမင်း မျှော်လင့်ခဲ့သည်။ သို့သော် လေအာ၏ သဘောထား တဖြည်းဖြည်းပြောင်းလဲလာပြီး သူမ၏ စတုတ္ထမြောက်သားကို ယုဒ ဟု အမည်ပေးခဲ့သည်။ အဓိပ္ပါယ်မှာ “ချီးမွမ်းခြင်း” (း ၃၅)ဖြစ်သည်။ ခင်ပွန်း၏ ချစ်ခြင်းကို သူမခံစားရသော်လည်း ဘုရားသခင် သူ့ကို အလွန်ချစ်ကြောင်း ယခု သူနားလည်သွားပါပြီ။
အပေးအယူလုပ်ခြင်းဖြင့် ဘုရားသခင်၏မေတ္တာကို ကျွန်ုပ်တို့ဘယ်တော့မှ မရယူနိုင်ပါ။ အကြောင်းမှာ ဘုရားမေတ္တာသည် ကျွန်ုပ်တို့လုပ်ဆောင်သည့်၊ ပြုသည့် အရာပေါ်တွင် မူမတည်သောကြောင့်ပါ။ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏” (ရောမ ၅း၈)ဟု သမ္မာကျမ်းစာက ပြောထားသည်။ ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကောင်းကင်ဘုံ၏ အကောင်းဆုံး လက်ဆောင်ဖြစ်သည့် ကိုယ်တော်၏အဖိုးတန်သားတော်ကို ကျွန်ုပ်တို့ လက်ခံရယူထိုက်ပေ၏။ —

Saturday, February 9, 2013

ဘုရားသခင်၏လမ်းလွှဲများ

ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။ မ ၁း၂၅ ကျွန်တော်က စာအုပ်ကြီးအတိုင်း၊ တစ်လမ်းမောင်းသမားဖြစ်သောကြောင့် ကျွန်တော် ၏အစီအစဉ်များ လွဲချော်သွားလျှင် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရသည်။ အခြေမကျသော နာကျင်စရာဘ၀၏ ပြောင်းလဲမှုများက ပို၍ပင် ဆိုး ပါသည်။ သို့ငြားလည်း “ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည် လည်း သင်တို့၏အကျင့်နှင့် မတူ” (ဟေရှာ ၅၅း ၈) ဟု ကိုယ်တော်မိန့်ကြားပြီး၊ မိမိ၏အစီအစဉ်အတိုင်း၊ တစ်လမ်းမောင်း သွားနေပါက ရရှိမည့်အကျိုးထက်၊ ကျွန်ုပ်တို့၏အသက်တာအတွက် ပိုအကျိုးရှိစေရေး ကိုယ်တော်က သူလမ်းလွှဲပေးရန်လိုအပ်ကြောင်း သိသည်။ ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင်က သူ့ကို အီဂျစ်နိုင်ငံသို့ လမ်းလွှဲပို့ဆောင်ပြီး၊ ဘုရားသခင်၏လူများကို အစာငတ်မွတ်ခေါင်းပါးသည့်ဘေးမှ ကယ်တင် စေသည်။ မောရှေကိုလည်း ဖါရောဘုရင်၏အိမ်တော် စည်းစိမ်ချမ်းသာမှလွှဲဖည်ပြီး တော၌ ဘုရားသခင်နှင့်ရင်ဆိုင်တွေ့စေခဲ့သည်။ ကတိထားတော်မူရာပြည်သို့ လူမျိုးတော်ကို ပို့ဆောင်ရန် သူ့ကို ပြင်ဆင်ခဲ့သည်။ ယောသပ်နှင့်မာရိကိုလည်း အထူးခြားဆုံးလမ်းလွှဲဖြင့် ပို့ဆောင်ရန် ကောင်းကင်တမန်အား စေလွှတ်ပြောကြားစေခဲ့သည်။ မာရိသည် “သား ယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ် သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏” (မ ၁း၂၁)။ ယောသပ်သည် ဘုရားသခင်၌ ပို၍ကြီးမားသောအကြံအစည်ရှိကြောင်း ယုံကြည်လျက် နာခံခြင်းဖြင့် ဖွားမြင်သောသားကို “ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏”(း၂၅)။ နောက်ပိုင်း အဖြစ်အပျက်များမှာ နှစ်သက်ဖွယ် ဇာတ်လမ်း မဟုတ်ပါလား။ ကျွန်ုပ်တို့၏ ဘ၀သမိုင်းစာမျက်နှာအတွက်ပို၍ ကောင်းမွန်သော ကိုယ်တော်၏ အကြံအစည်များကို အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းကြောင့်၊ ဘုရားသခင်၏ပိုမို ကြီးမြတ်သောအကြံအစည်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်တော့သည်။

Trust in Me with all your heart and I will guide you..




Proverbs 3:5-6 is one of those Scripture passages that have meant a great deal to me personally over the years. As a person who has had the tendency to trust in his own resources, the idea that I don't have to lean on my own understanding to manage life is very good news indeed.

Today's promise encourages us to trust in the Lord with all our heart and not to rely on our own ability to manage life. The Hebrew word for trust in this passage is batach which Strong's concordance explains this way... to be confident or sure, be bold, confident, secure, sure, careless, to hope, to trust.

The more that we are convinced that God has our best interests at heart, the more we can put all our confidence in Him to steer our ship. The more we know that He really does love us and He is good, the more we will be able to give up control of our destiny and allow Him to lead us wherever we go.

My prayer for each one of us is that we would be more convinced of the goodness of our God and Father than ever before so that we would trust Him a little more today than we did yesterday. In doing so, may we find that He is indeed a faithful Father who we can trust with ALL our heart!

Friday, February 8, 2013

နက်နဲသောသမ္မတရား

ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့ ၏ သေခြင်းအရာသည် အဖိုးကြီးလှ၏။ ဆာ ၁၁၆း ၁၅ တစ်ခါတစ်ရံ အကန့်အသတ်မရှိသော ဘုရားသခင်က သူ၏အတွေးများကို အကန့်အသတ် ရှိသော လူသားများအား ဖွင့်ပြလိုက်သောအခါ ရလဒ်အဖြစ် နက်နဲရာ များ ဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် ဆာလံကျမ်းတွင် အဖြေထက် မေးခွန်းကို ပိုမိုဖြစ်ပေါ်စေသည့် ကျမ်းတစ်ချက် ရှိသည်။ “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်း သူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏ (၁၁၆း၁၅)။” ခေါင်းခါရမ်းလျက် ထိုသို့ဖြစ်နိုင်ပါမည်လား ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်က လောက အမြင်နှင့်ရှုမြင်သောအခါ ကျွန်တော့်သမီးငယ်မှာ အသက်(၁၇)နှစ်အရွယ်တွင် ကားတိုက်မှုဖြစ်ပြီး ခေါ်တော် မူခြင်းခံရသည်။ မည်သူမဆို မိမိချစ်ခင်ရသူများ ဆုံးပါးခဲ့ဖူးသည်။ ဤအရာကို “အဖိုးကြီးလှသည့် အမှုအဖြစ်ရှုမြင်ရန်” အလွန်ခက်ခဲသောအချိန်ကို ကျွန်တော်ဖြတ်သန်းခဲ့ဖူးသည်။ ထိုနက်နဲမှုကို ဖြည့်ကြည့်လျှင် အဖဘုရားအတွက် တန်ဖိုးရှိသောအရာသည် ကျွန်တော်တို့ ထင်မြင်ယူဆသကဲ့သို့ လောကနှင့်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများမဟုတ်ပါ။ ဤကျမ်းပိုဒ်တွင် ကောင်းကင်အခြေပြု ရှုမြင်သုံးသပ်မှု ရှိပါသည်။ ဥပမာ (ဆာ ၁၃၉း ၁၆ )အရ`မဲလီဇာ’တစ်ယောက် ဘုရားသခင် ၏ကောင်းကင်ဘုံသို့ ရောက်ရှိလာရေးကို မျှော်လင့် စောင့်စားနေကြကြောင်း၊ ဘုရားသခင်က စောင့်စားနေပြီး ဆိုက်ရောက်လာလျှင် ကိုယ်တော့် ရှေ့မှောက်၌ ‘အဖိုးကြီး’ တန်ဖိုးရှိလှသည်။ အဖဘုရားသည် သူ့သားသမီးများ အိမ် ပြန်လာသောအခါ ကြိုဆိုလျက်၊ သားတော်ကို သူတို့ မျက်နှာချင်းဆိုင်ဖူးတွေ့ရသောအခါ သူတို့၏ ၀မ်းမြောက်တုန်လှုပ်ခံစားရမှုကို ကြည့်နေသည် (ကော ၁၇း၂၄)။ ခရစ်တော်၏ နောက်လိုက်အတွက် သေခြင်းတရား ရောက်လာသောအခါ ဘုရားသခင်က လက်တော်ဆန့်တန်းလျက် ထိုသူကို ကြိုဆိုပါသည်။ ဘုရားသခင်၏ မျက်မှောက်တွင် သန့်ရှင်းသူ၏သေခြင်းအရာသည် အလွန်တန်ဖိုးရှိကြောင်း မျက်ရည်များ ကြားမှာပင် ကျွန်ုပ်တို့ သဘောပေါက်ရလိမ့်မည်။ — Dave Branon

Monday, February 4, 2013

God Wants You to Enjoy Your Life


 “Command those who are rich in this present world not to be arrogant nor to put their hope in wealth, which is so uncertain, but to put their hope in God, who richly provides us with everything for our enjoyment.” (1 Timothy 6:17 NIV)
 You may be under a lot of stress right now because of the economy, but God still wants you to enjoy life.
 As a Christian, you can enjoy life because your conscience is clear. 
You can enjoy life because you are secure within God’s love. 
You can have fun and laugh in church. You can enjoy friends who don’t manipulate you because they are learning to be like Jesus, and that means they are learning to look out for the interests of others.
 Unfortunately, there are many people who do not want to let God into their lives because they fear he will make them give up anything that is fun.
 They think that to become a Christian is the same as saying the party’s over, that to be spiritual is to be miserable.
 People are frantically looking for fun fixes, but that means they operate under the law of diminishing returns. They spend more time, more money, and more energy to get less and less of a thrill.
 They go around asking, “Are we having fun yet?” The truth is, God “richly provides us with everything for our enjoyment” (1 Timothy 6:17b NIV).


Colossians 1:21-22  

21 You, being in past times alienated and enemies in your mind in your evil works,
22 yet now he has reconciled in the body of his flesh through death, to present you holy and without blemish and blameless before him,
                                                                        
You are holy and free from blame because of Jesus Christ's death. 
The New International Version Bible says Colossians 1:21-22 this way... 21 Once you were alienated from God and were enemies in your minds because of your evil behavior. 22 But now he has reconciled you by Christ’s physical body through death to present you holy in his sight, without blemish and free from accusation.  NIV

The sacrifice of Jesus Christ on the cross has done for each one of us what nothing else could do. Jesus completely reconciled us to His Father through His death so that He might present us holy and blameless to His Father. We are free from any accusation and the Father sees us completely spotless because of Jesus!

God sees us this way because of the shed blood of Jesus and not for anything that we have done to earn or deserve His favor. The next time a condemning thought comes to your mind, remember this promise and the incredible power of the cross. You are holy and completely free from blame because of Jesus Christ's death!

လုံလောက်ရုံမျှ

 မ ၆း ၂၅ - ၃၄
ဘုရားသခင်၏ နိုင်ငံတော်နှင့်  ဖြောင့်မတ် ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတ္တံ။            မ ၆း ၃၃
နေ့စဉ်ခွန်အားအတွက် စာမူများရေးသား ပေးရခြင်းကို နှစ်သက်ပါသည်။ သို့သော် ထိုစာမူ တိုတိုလေး၌  ပြောလိုသမျှုကို ထိထိ
ရောက်ရောက် ဆက်သွယ်ပြောပြနိုင်ရန် ကိစ္စက အလွန် ခက်လှသည်ဟု မိတ်ဆွေများကို ပြောမိ ကြောင်းကိုဖြင့် ၀န်ခံပါသည်။ အင်္ဂလိပ်စာလုံး (၂၂၀)ထက် ပို၍ သုံးခွင့်ရလျှင် ကောင်းလေစွ။
  ရှင်မဿဲခရစ်ဝင်ကျမ်းကို ဖတ်ရာ၌ ခရစ်တော် စုံစမ်းခြင်းခံရသည့် အကြောင်းသည် တိုတောင်းကြောင်း (မ ၄း ၁ – ၁၁)၊ ပထမဆုံး အကြိမ် သတိပြုမိလိုက်သည်။ ကျမ်းတစ်အုပ်လုံးရှိ အဓိကအကျဆုံး အဖြစ်အပျက်များအနက် ဤ အဖြစ်အပျက်ကို ရှင်မဿဲက အင်္ဂလိပ်စာလုံး (၂၅၀) အောက် လျော့၍ ရေးသားခဲ့သည်။ တစ်ဖန် တိုတောင်းငြားလည်း တန်ခိုးပါထိရောက်သည့် ကျမ်းပိုဒ်တိုတိုများကို စဉ်းစားကြည့်မိသည်။ ဆာလံ ၂၃(၁၁၇ လုံး)၊ ခရစ်တော်၏ပတ္ထနာတော် (မ ၆း ၉ – ၁၃) (၆၆)လုံး ဖြစ်သည်။
ရှင်းရှင်းဆိုရပါလျှင် စာလုံးပိုသုံးခွင့်ရခြင်းထက် စကားလုံးများကို ကောင်းမွန် ထိရောက်စွာ အသုံးချတတ်ရန်သာ အရေးကြီးပါသည်။ ဘ၀၌လည်း ထိုနည်းအတိုင်း အချိန်၊ ငွေကြေး၊ နေရာစသည့် ကဏ္ဍများကို ကောင်းစွာအသုံးချတတ်ရန်လိုသည်။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှာသောသူများ၏လိုအင် လိုအပ်မှုများကို ဘုရားသခင် ဖြည့်ဆည်း ပေးကြောင်း သမ္မာကျမ်းစာ၌ အတိအလင်းဖော်ပြထားသည်( မ ၆း ၃၃)။ ဆာလံ ဆရာ ဒါဝိဒ်ကလည်း “ထာဝရဘုရားကိုရှာသောသူတို့၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မလိုရာ” (ဆာ ၃၄း ၁၀) ဟု အားပေးထားသည်။
ယနေ့တွင် “ငါ့အတွက် နည်းနည်းထပ်လိုသေးတယ်” ဟု သင်တွေးမိပါက ဘုရားသခင်က ‘လုံလောက်ရုံမျှ ’ ပေးသနားထားကြောင်း တစ်ဖက်လှည့်၍ တွေးလိုက်ပါ။

Saturday, February 2, 2013

Isaiah 46:9-10 
9 Remember the former things of old: for I am God, and there is none else; I am God, and there is none like me; 10 declaring the end from the beginning, and from ancient times things that are not yet done; saying, My counsel shall stand, and I will do all my pleasure;
All My plans will be fulfilled for I know the end from the beginning.
 
Our elder brother is known as the Alpha and the Omega. The beginning and the end. The triune God, Father, Son and Holy Spirit have always been and always will be. In today's promise, we read from Isaiah 46:10 that God knows the end from the beginning and all His plans will be fulfilled. 
Many times in life, I feel like I can only see a few short steps ahead but it gives me such great comfort to know that my God and Father knows the end from the beginning. In Psalm 139:16 King David makes this declaration about God... Your eyes saw my body. In your book they were all written, the days that were ordained for me, when as yet there were none of them. (WEB) 
God has a plan for your life. He knit you together in your mother's womb and ordained every one of your days, writing them in His special book before one of them ever came to be. We can rest in our God and Father's goodness to watch over us and fulfill the plans He has for us. For He is a good Dad and He knows the end from the beginning.

မျက်လုံးသစ်

ခေါ်တော်မူသောကြောင့် မြော်လင့်ရသော အရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော် ၏ ဘုန်းစည်းစိမ်ကား  အဘယ်မျှလောက် ကြီးသည်ကို၎င်း...သင်တို့သည်သိစေခြင်း ငှာ သင်တို့၏ ဥာဏ်မျက်စိကိုလင်းစေပါ မည် အကြောင်း....။  ဧ ၁း ၁၈ - ၁၉
ကျွန်တော်တွေ့ဆုံခဲ့သော ကောလိပ် ကျောင်းသူတစ်ဦးသည် ခရစ်တော်ကို မကြာမီက ယုံကြည်လက်ခံခဲ့သည်။ သူ့အသက်တာပြောင်းလဲပုံ အစကို ဤသို့ပြောပြပါသည်။ “ကယ်တင်ခြင်း အတွက် ခရစ်တော်ကို ကျွန်မ ယုံကြည်ခဲ့တုန်းက ဘုရားသခင်ဟာ ကောင်းကင်ကနေ ဆင်းလာပြီး ကျွန်မမျက်လုံးအိမ်ထဲကို မျက်လုံးအသစ်တစ်စုံ ထည့်ပေးလိုက်သလိုပါပဲ၊ ၀ိညာဉ်ရေးရာ သမ္မာ တရားကို ကျွန်မနားလည်ခဲ့ရတယ်။” ကယ်တင်ရှင်နှင့် တွေ့ဆုံပြီးနောက် ၀ိညာဉ်ရေးအမြင်သစ် ရရှိပုံအကြောင်း နားထောင် ရသည်မှာ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ သို့သော် သူမ၏အတွေအကြုံမှာ အထူးအဆန်း မဟုတ်ပါ။ ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင် အဖြစ် လက်ခံသူတိုင်း ၀ိညာဉ်မျက်စိဖွင့်ပေးခြင်း ခံရပါသည်။ သို့ငြားလည်း မြူဆိုင်းသောအချိန်များ ရောက်လာတတ်ပြီး ကျွန်ုပ်တို့၏အမြင်ရူပါရုံများ တိမ်ဖုံး၍ မရှင်းမလင်း ဖြစ်နေတတ်သည်။ ကိုယ်တော်နှင့် မိမိ၏ မိဿဟာယ ဆက်ဆံရေးကို ဂရုမပြုပါက ထိုသို့ ဖြစ်တတ်ပါသည်။
ရှင်ပေါလုက ယုံကြည်သူများ ၀ိညာဉ်ရေးရာ အမြင်ရှိအောင် အထူးဆုတောင်းပေး ခဲ့ရာ၊ ခရစ်တော်အားဖြင့် ဘုရားသခင်ပြုပေးခဲ့သောအမှု၊ ပြုဦးမည့်အမှုများကို အပြည့်အ၀ နားလည်ခံစားရရန် အလွန်အရေးကြီးကြောင်း သိနိုင်ပါသည်။ “ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း … သင်တို့သည် သိစေခြင်းငှာ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း” ရှင်ပေါလု ဆုတောင်းခဲ့သည် (ဧ ၁း ၁၈)။
ဝိညာဉ်ရေးရာသမ္မာတရားကို ပိုင်းခြားနားလည်စေရေး ယုံကြည်သူတစ်ဦးစီကို မျက်စိအလင်းများပေးထားပါသည်။ ကျွန်ုပ်တို့၏နှလုံးသားကို ဘုရားသခင်နှင့်ချိန်ညှိထား ပါက ကိုယ်တော်သည် ကျွန်ုပ်တို့အား ၀ိညာဉ်မျက်စိပွင့်စေပြီး ခရစ်တော်၌ ကျွန်ုပ်တို့အား ပေးသနားသည့် အရာအားလုံးကို တွေ့မြင်အောင် မစလိမ့်မည်။

Friday, February 1, 2013

စိတ်နှလုံး သဘောထား

ဧ ၆း ၅ - ၉ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏အလိုတော်ကို စောင့်၍.... ကြည်ညိုသောသဘောနှင့် အစေကို ခံကြ လော့။ အားကစားကွင်းတွင် မိမိ၏အစွမ်းအစကို အိတ်သွန်ဖာမှောက် ထုတ်သုံးသော အားကစား သမားများ၏ စွမ်းရည်နှင့်ဇောစိတ်တို့ကို ကြည့်ရှု အားပေးရင်း ကျွန်တော်သဘောကျမိသည်။ ၎င်းက အားကစားကို သူတို့ချစ်မြတ်နိုးကြောင်း ဖော်ပြနေ သည်။ တစ်ဖက်မှကြည့်ပြန်လျှင် အားကစားရာသီ ကုန်ခါနီးတွင် အားကစားအသင်းများ အနေဖြင့် ချန်ပီယံဖြစ်ရန်အခွင့်အရေးကုန်ပြီဖြစ်၍ ရှူံးထွက် ပွဲစဉ်များ ကစားပြီးပြိုင်ပွဲမှထွက်ရသည်။ အားကစား သမားများ အနေဖြင့် ‘ဒါပဲလုပ်စရာရှိတယ်လေ’ဟု သဘောထားနေသကဲ့သို့ ထင်ရသည်။ ပြိုင်ပွဲ၌ ပြင်းပြသော ဇောစိတ်မရှိသဖြင့် အခကြေးငွေ ပေးပြီး၊ ပွဲကောင်းကြည့်လိုသူများအတွက် စိတ်ပျက် သွားရတော့သည်။ ဇောစိတ်သည် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အသက်တာများအတွက်လည်း အဓိကသော့ချက်ဖြစ်ပါသည်။ မိမိ၏အစေခံပုံက ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏ နှလုံးသား သဘောထားများ မည်သို့ရှိသည်ကို ထင်ရှားဖော်ပြနေပါသည်။ တမန်တော်ကြီးရှင်ပေါလုက ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်ပုံ၊ လုပ်ပုံလုပ်နည်းက အစေခံခြင်းအမှု၌ အကျုံးဝင်ကြောင်းဆိုထားသည်။ (ဧ ၆း ၆ – ၇)တွင် “ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ် နှင့် ဘုရားသခင်၏အလိုတော်ကိုစောင့်၍၊ လူ၏အစေကိုခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကိုခံကြလော့” ဟု အလုပ်မည်သို့ လုပ်ကိုင်ရမည်ကို ဖော်ပြထားသည်။ ထိုကျမ်းပိုဒ်တွင် “စေတနာစိတ်” ဟူသောအချက်က ကျွန်ုပ်အတွက် သော့ချက်ဖြစ်သည်။ ကျွန်ုပ်အတွက် ကောင်းကင်ဘုံရှင်အဖရှိနေပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို နက်နဲစွာချစ်လျက် သူ့သားတော်ကို ကျွန်ုပ်အတွက် ပူဇော်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏ အကောင်းဆုံးကို ကိုယ်တော့်အတွက် ပေးဆပ်ခြင်းမှတပါး အခြားဘာပြုရပါအံ့။ “နှလုံးသားထဲမှ” ကိုယ်တော့်အတွက် အသက်ရှင်လိုသော စိတ်စေတနာထွက်ပေါ်လာ၏။ ထိုအခါ ကျွန်ုပ်တို့အတွက် များစွာပေးဆပ်ခဲ့သော ကိုယ်တော်အတွက် မိမိ၏အကောင်းဆုံးတုံ့ပြန်မှုထွက်ပေါ်လာစေတော့၏။