Friday, February 8, 2013

နက်နဲသောသမ္မတရား

ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့ ၏ သေခြင်းအရာသည် အဖိုးကြီးလှ၏။ ဆာ ၁၁၆း ၁၅ တစ်ခါတစ်ရံ အကန့်အသတ်မရှိသော ဘုရားသခင်က သူ၏အတွေးများကို အကန့်အသတ် ရှိသော လူသားများအား ဖွင့်ပြလိုက်သောအခါ ရလဒ်အဖြစ် နက်နဲရာ များ ဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် ဆာလံကျမ်းတွင် အဖြေထက် မေးခွန်းကို ပိုမိုဖြစ်ပေါ်စေသည့် ကျမ်းတစ်ချက် ရှိသည်။ “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်း သူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏ (၁၁၆း၁၅)။” ခေါင်းခါရမ်းလျက် ထိုသို့ဖြစ်နိုင်ပါမည်လား ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်က လောက အမြင်နှင့်ရှုမြင်သောအခါ ကျွန်တော့်သမီးငယ်မှာ အသက်(၁၇)နှစ်အရွယ်တွင် ကားတိုက်မှုဖြစ်ပြီး ခေါ်တော် မူခြင်းခံရသည်။ မည်သူမဆို မိမိချစ်ခင်ရသူများ ဆုံးပါးခဲ့ဖူးသည်။ ဤအရာကို “အဖိုးကြီးလှသည့် အမှုအဖြစ်ရှုမြင်ရန်” အလွန်ခက်ခဲသောအချိန်ကို ကျွန်တော်ဖြတ်သန်းခဲ့ဖူးသည်။ ထိုနက်နဲမှုကို ဖြည့်ကြည့်လျှင် အဖဘုရားအတွက် တန်ဖိုးရှိသောအရာသည် ကျွန်တော်တို့ ထင်မြင်ယူဆသကဲ့သို့ လောကနှင့်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများမဟုတ်ပါ။ ဤကျမ်းပိုဒ်တွင် ကောင်းကင်အခြေပြု ရှုမြင်သုံးသပ်မှု ရှိပါသည်။ ဥပမာ (ဆာ ၁၃၉း ၁၆ )အရ`မဲလီဇာ’တစ်ယောက် ဘုရားသခင် ၏ကောင်းကင်ဘုံသို့ ရောက်ရှိလာရေးကို မျှော်လင့် စောင့်စားနေကြကြောင်း၊ ဘုရားသခင်က စောင့်စားနေပြီး ဆိုက်ရောက်လာလျှင် ကိုယ်တော့် ရှေ့မှောက်၌ ‘အဖိုးကြီး’ တန်ဖိုးရှိလှသည်။ အဖဘုရားသည် သူ့သားသမီးများ အိမ် ပြန်လာသောအခါ ကြိုဆိုလျက်၊ သားတော်ကို သူတို့ မျက်နှာချင်းဆိုင်ဖူးတွေ့ရသောအခါ သူတို့၏ ၀မ်းမြောက်တုန်လှုပ်ခံစားရမှုကို ကြည့်နေသည် (ကော ၁၇း၂၄)။ ခရစ်တော်၏ နောက်လိုက်အတွက် သေခြင်းတရား ရောက်လာသောအခါ ဘုရားသခင်က လက်တော်ဆန့်တန်းလျက် ထိုသူကို ကြိုဆိုပါသည်။ ဘုရားသခင်၏ မျက်မှောက်တွင် သန့်ရှင်းသူ၏သေခြင်းအရာသည် အလွန်တန်ဖိုးရှိကြောင်း မျက်ရည်များ ကြားမှာပင် ကျွန်ုပ်တို့ သဘောပေါက်ရလိမ့်မည်။ — Dave Branon

No comments:

Post a Comment