Wednesday, March 13, 2013

သက်ဝင်ရှင်သန်သော သက်သေ

၁၉၅၂ ခုနှစ်တွင် “ဝပ်ခ်ျမန်း နီး” သည် ခရစ်တော်ကို ယုံကြည်သက်ဝင်ခြင်းကြောင့် အဖမ်းခံခဲ့ရပြီး ကျန်ဘဝ တစ်ခုလုံးထောင်ထဲ တွင် ကုန်ဆုံးခဲ့ရသည်။ ၁၉၇၂ ခု၊ မေလ ၃၀ ရက်တွင် ထောင်အခန်းကျဉ်းလေးထဲ၌ သူသေဆုံးသွားသည်။ သူပိုင်သော ပစ္စည်း အနည်းအကျဉ်းကို သူ့တူမလာသိမ်းရာ၊ အစောင့်က အိပ်ရာဘေးမှတွေ့သည့် စာရွက်ပိုင်း ကိုပေးသည်။ ၎င်းတွင် သူ့သက်သေခံချက်ကို ရေးထားသည်။
“အပြစ်သားများကို ရွေးနှုတ်ကယ်တင်ရန် ဘုရားသားတော် ယေရှုခရစ်တော်အသေခံခဲ့ပြီး သုံးရက်မြောက်နေ့တွင် ထမြောက်ခဲ့၏။၎င်းသည် စကြဝဠာ၌ အကြီးမြတ်ဆုံးသော သမ္မာတရား ဖြစ်၏။ ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် ကျွန်ုပ် သေဆုံးရ၏။ ―ဝပ်ခ်ျမန်း နီး”
ခရစ်တော်ကို ယုံကြည်သက်ဝင်ခြင်းကြောင့် တမန်တော် ရှင်ပေါလုလည်း မာတုရအာဇာနည်အဖြစ် အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။ သူ မကွယ်လွန်မီ ရေးခဲ့သောစာ၌ ရှင်ပေါလုက “ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည် ငါဟောသော ဧဝံဂေလိတရားအတိုင်း သေခြင်းမှထမြောက် တော်မူသည်ဟု အောက်မေ့လော့။ ထိုတရားကြောင့် ငါသည် လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲ ဒုက္ခကို ခံရ၏။ သို့သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏ ” ဟူ၍ တိုက်တွန်းခဲ့သည်။
ရာစုနှစ်များတစ်လျှောက် ခရစ်တော်နောက်လိုက် သန်းပေါင်း များစွာသည် ခရစ်တော်အကြောင်း သက်သေခံရင်း မာတုရ အာဇာနည်အဖြစ် အသေခံရသည်။ ကျွန်ုပ်တို့ကို ၄င်းတို့ကဲ့သို့ အသေခံရန် ကိုယ်တော်မစေခိုင်းသော်လည်း ကျွန်ုပ်တို့ ကိုယ်စား သခင်ယေရှုပြုခဲ့သောအမှုကို သက်သေခံရန်၊ ရှင်သန်သော သက်သေဖြစ်ရန် ခေါ်တော်မူသည်။ ရလဒ်မည်သို့ပင်ရှိပါစေ၊ ကြွယ်ဝသောကရုဏာဖြင့် ပေးသနားသည့် ဘုရားသခင်၏ လက်ဆောင်မွန်အတွက် ကျေးဇူးတင်လျက်၊ ယေရှု ကျွန်ုပ်တို့အတွက် ပြုခဲ့သောအမှုကို တစ်ပါးသူများအား ပြောပြနိုင်ပါသည်။ အာမင်း။

No comments:

Post a Comment