Wednesday, April 25, 2012

HELLO…..Ka Nu…Nadam maw??? မြန်မာပြည်မှထွက်ခွါရန် အစစရာရာပြင်ဆင်ပြီး စင်္ကာပူတွင် တနင်းလာနေ. ပွဲစားနှင်.ဆုံရန် ချိန်းထားသည်။ တတိယနိုင်ငံသို.သွားမည်. မိသားစုဝင် ၃၆ဦးအား မလေးရှားအထိ လိုက်ပို.မည်.တာဝန်ကိုလည်း ယူထားပါသည်။ စနေနေ.မနက် ၅နာရီ အမေအသည်းအသန် နေမကောင်းကြောင်း ဖုန်းဝင်လာပါသည်။ အစီစဉ်ကို နောက်၃လ အထိရွှေ.ဆိုင်းရန် စကာင်္ပူသို. ချက်ချင်းဖုန်းဆက်၊ထုံးစံအတိုင်း အပ်ငွေပြန်မရမည်.အပြင် နောက်၃လ ဒီအခွင်. အရေးတာဝန်မယူနိုင်ကြောင်းပြောပါတယ်။ပိုပြီးအရေးကြီးတာက ကျွန်တော်တာဝန်ယူထားသည်. ၃၆ ဦးလေယာဉ် လက်မှတ်အရှုံးခံမည်.အပြင် သူတို.တတိယနိုင်ငံသွားမည်.ရက်ချိန်းလည်း နောက်ဆုတ်ရန် မဖြစ်နိုင်သည်. ပြသနာဖြစ်တယ်။နောက်၂ ပတ်မှ ပြန်လာရန် အမေအား ပြောလိုက်ပါတယ်၊။ သားသမီးတွေကို သူတို.ရဲ. နောက်ဆုံးထွက်သက်အား မှီစေချင်တာ မိဘတိုင်းရဲ.အာသီသအရှိဆုံး၊အလိုချင်ဆုံး ဆန္ဒပါ။သို.သော်...အမေဟာ သူ.ရဲ. လိုအင်ဆန္ဒကို ဦးစားမပေးဘူး၊တကိုယ်ကောင်းမဆန်ခဲ.ဘူး။ သားအကြီးဖြစ်တဲ. ကျွန်တော်.ကို အမေ အရမ်းတွေ.ချင်ရှာမှာဘဲ။ သို.သော် အမေနောက်ဆုံးမှာတမ်းက- အမေ.အတွက်မပူနဲ.၊နောက်ဆံမတင်းပါနဲ.၊ ကိုယ်ကတိပေးပြီး တာဝန်ယူထားသည်. အလုပ်အပေါ်မှာအမြဲ သစ္စာရှိရန် ကျွန်တော်.ကို အကြီမ်ကြီမ် နှစ်သိမ်.အားပေး စကားပြောရှာပါတယ်၊။ အော်-မိဘမေတ္တာဟာ အနှိင်းမဲ.ကြီးမားလှပါတကား။။ ကျွန်တော် ရန်ကုန်မှထွက်ပြီး ၅ရက်အကြာ မလေးရှားအရောက်တွင် အမေဟာ အာဗရာဟံရင်ခွင်မှာ အနားယူဖို. ဘုရားအိမ်တော်သို. ခေါ်ဆောင်ခြင်းခံပြီဖြစ်ကြောင်း အင်တာနက်မှာ တွေ.ရပါတော.တယ်၊၊အမေရဲ. နောက်ဆုံး ခရီးကိုသိရက်နဲ. လိုက်မပို.ခဲ.ရသည်.အဖြစ်ကိုတွေးရင်း နေဆယ်စင်းအပြိုင် ရင်ထဲဝင်ရောက်သလို ပူလောင်မှုကို ခါးသီးစွာခံစားပါတော.တယ်။ အမေ....(ရောက်ရာအရပ်ကနဲ. သားကိုခွင်.လွှတ်ပါ)လို. တတွတ်တွတ် ရေရွတ်ကာ ဆုတောင်းရုံကလွဲရင် ကျွန်တော် ဘာဆိုဘာမှ မတတ်နိုင်တော.ဘူး၊အော်-ခိုင်ခံ.လှသည်. မိဘမေတ္တာသည်လည်း တိမ်ခိုးပမာ အချိန်တန်ရင် ပျောက်လွှင်.ကွယ်ပျောက်သွားပါလားနော်။ ဒီနေ. ကျွန်တော်.လိုဘဲ...Hello..Kanu nadam maw?(အမေ နေကောင်းလားးးးး)လို.ခေါ်စရာ အမေမရှိတောတဲ.သူတွေ အားလုံးအတွက် သတင်းကောင်းကတော. (တောင်ကြီးတို.သည်ရွှေ.ပြီး တောင်ငယ်တို.လှုပ်ရှားသွားသော်လဲ ငါ.ချစ်ခြင်း မေတ္တာသည် သင်မှမရွှေ.စေရ၊ ဟေရှာ ၅၄း၁၀)လို. ဘုရားက လူတွေပေးနိုင်သော ပြောင်းလဲပျောက်ကွယ်တတ်သည်. ချစ်ခြင်းမေတ္တာမျိုးမဟုတ်သည်. မေတ္တာ(Divine Love)နဲ.သင်.ကို ချစ်တယ်လို.ပြောနေပါတယ် ချစ်မိတ်ဆွေတို....လုံးဝအားမငယ်ကြစို.နဲ.၊။ ကျွန်တော်တို. အစားထိုးမရတဲ. မြင်.မိုရ်တောင်ကြီးဖြစ်သည်. မိဘ၏ချစ်ခြင်းသည် အသက် (၆၀-၈၀) ဆိုတဲ. အချိန်ကန်.သတ်မှုအတွင်းဘဲ ဖြစ်ပါတယ်။ သိပ်ချစ်လှပါတယ်ဆိုတဲ.တောင်ငယ်များဖြစ်သည်. ငယ်သူငယ်ချင်း၊ ငယ်ရည်းစားတွေလည်း အရောင်ပြောင်းပြီး လှုပ်ရှားပျက်ပြယ်သွားတတ်ပါတယ်။ သို.သော် ဘုရားသခင်၏ နွေးထွေးသောချစ်ခြင်းမေတ္တာအေးရိပ်အောက်မှာ ခိုနားခြင်းသည် ထာဝရစိတ်ချလုံခြုံပါတယ်။ ထာဝရဘုရားကို....သိပ်ကျေးဇူးတင်တယ်လို. ခေါ်နိုင်ကြပါစေ။။။။။။။။ နောက်လတွက်ကျရောက်မည်. မိခင်များနေ.အတွက် မိခင်အားလုံးကို ကျွန်တော်.ကိုယ်တွေ. ဆောင်းပါးလေးအားဖြင်. ဂုဏ်ပြုလိုက် ပါတယ်။ (Danielpa)

2 comments: