Thursday, March 14, 2013

Black box များ

 

ထိုအကြောင်းအရာရှိသမျှ တို့သည်  ပုံသက်သေဖြစ်အံ့ သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း။ ၁ ကော ၁၀း၁၁
သမ္မာကျမ်းစာ တစ်နှစ်တာ:
တရား ၂၃း၂၅ / မာ ၁၄း၁-၂၆
လေယာဉ်များတွင် လေယာဉ်ပျံသန်းမှု အခြေအနေကို မှတ်တမ်းတင်သော ‘ဘလက် ဘောက်စ်’ ကိရိယာ နှစ်ခု ပါရှိသည်။ တစ်ခုမှာ လေယာဉ်ပျံနေစဉ် ပျံသန်းမှုနှင့် လေယာဉ် အခြေအနေကို မှတ်တမ်းတင်သည်။ ကျန် တစ်ခုမှာ လေယာဉ်အမှုထမ်းများနှင့်မြေပြင် ထိန်းချုပ်မျှော်စင်ရှိ ဝန်ထမ်းတို့အပြန်အလှန် သတင်းပို့ချက်များကို မှတ်ထားပေးသည်။ထို ကိရိယာများကို ပြင်းထန်သော အပူဒဏ်ခံနိုင် အောင် ပြုလုပ်ထားပြီး ရေမျက်နှာပြင်ပေါ်သို့ အသံထုတ်လွှင့်နိုင်သော ရေအောက်သုံး ရေဒီယို မီးအချက်ပြစနစ် တပ်ဆင်ထားသည်။ လေယာဉ်ပျက်ကျပါက ၎င်းတို့ကို ပြန်ရှာဖွေပြီး လေယာဉ်ပျက်ရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် သတင်းအချက်အလက်များကို သေချာစွာ သုံးသပ်ကြရသည်။ လေယာဉ် လုံခြုံရေးကျွမ်းကျင်သူများက နောက်ထပ် တူညီသောအမှား မလုပ်မိရန် ယခင်က အမှားများမှ သင်ခန်းစာရယူရန်ဖြစ်သည်။
ခရစ်ယာန်များအနေနှင့်လည်း အတိတ်မှအမှားများကို ပြန်သုံးသပ်ပြီး သင်ခန်းစာယူသင့်ပါသည်။ ဥပမာ – အဲဂုတ္တုပြည်မှ ခါနန်ပြည်သို့သွားသော ခရီး စဉ်တွင် ဣသရလလူတို့ ကျူးလွန်ခဲ့သည့်အမှားအချို့ကို ရှင်ပေါလုရည်ညွန်း ဖော်ပြသည်။ ဘုရားသခင်သည် ထိုသူများကို စိတ်တော်နှင့်မတွေ့သည့်အတွက် ကန္တာရထဲတွင် လူအမြောက်အများသေဆုံးခဲ့ရကြောင်း (၁ ကော ၁၀း၅)၊ “ထို အကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း” ဟူ၍ ဆက်လက်ပြီး ရှင်းပြထားသည် (း၁၁)။
ကျွန်ုပ်တို့မည်သို့ အသက်ရှင်နေထိုင်ရမည်ကို သွန်သင်လမ်းညွှန်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရေးသားထားသည် (၂ တိ ၃း၁၆-၁၇)။ နှုတ် ကပတ်တော်၏လမ်းပြမှုအတွက် ကျေးဇူးတင်ပါ ၏ သခင်။

No comments:

Post a Comment