နောဧ၌လည်း သင်္ဘောကြီးဆောက်လုပ်ရန် အရည်အချင်းရှိကို မရှိပါ။ သူသည် လှေလည်း မဆောက်တတ်၊ လက်သမားလည်း မဟုတ်ခဲ့ပါ။ သူသည် မြေကြီးကို ထွန်ယက်လျက် စိုက်ပျိုးလုပ်ကိုင်လျက် ဘဝကိုကျေနပ်နေသူဖြစ်သည်။ သို့သော် ထိုခေတ်ကာလ၏ဆိုးညစ်မှုကို ဖြေရှင်းရန် ဘုရားရှင် ဆုံးဖြတ်ချက်ချသည်တွင် နောဧသည် ပေါ်လွင်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ‘‘ဘုရားသခင်နှင့် အတူ သွားလာသူ’’ (က ၆း၉)ဖြစ်သည်။ သူ့ဝန်းကျင်ရှိ ယိုယွင်းပျက်စီးမှုကို ဆန့်ကျင်ပြီး မှန်ကန်ရာ လုပ်ရဲသည့် သတ္တိခွန်အား သူ၌ ရှိသည်။ သွန်သင်မှုကို ခံယူလိုက်နာနိုင်သည့် နောဧ၏နှလုံးသားကို ဘုရားရှင်လေးစားသည်။
ဘုရားသခင်ကို အစေခံရန် အခွင့်အရေးကြုံလာပါက ထိုအလုပ်အတွက် အရည်အချင်းမရှိ၊ မပြည့်မီဟု ကျွန်ုပ်တို့ ခံစားရတတ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကျွမ်းကျင်မှု စွမ်းရည်ကို အဓိက မထားသည့်အတွက် ကျေးဇူးတင်ရမည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အကျင့်စရိုက်၊ သူ့အပေါ် ချစ်သည့်စိတ်၊ ကိုယ်တော့်ကို ကိုးစားသည့်စိတ်ကို ဆုချသောဘုရားဖြစ်သည်။ ဤအရည်အသွေးများကို ကျွန်ုပ်တို့ အတွင်း၌ ဝိညာဉ်တော်က ပျိုးထောင်ရှင်သန်သောအခါ လောကမြေ၌ သူ့အလိုတော် ပြည့်စုံစေရေး ဘုရားသခင်သည် မည်သည့်နည်းဖြင့်မဆို အမှုကြီးငယ်မဟူ ကျွန်ုပ်တို့ကို အသုံးပြုနိုင်ပါသည်။ JENNIFER BENSON SCHULDT