Thursday, February 28, 2013

ကယ်တင်ခြင်း တရား(၃)ပါး

>(မဿဲ၊၇း၂၁-၂၃)ကိုကြည့်မယ်ဆိုရင် ဆုံးမသြ၀ါဒပေးသူ၊ နတ်ဆိုးနှင်ထုတ်သူ၊ တန်ခိုးများစွာပြသူ တွေကိုတောင် ခရစ်တော်က ငါ့ထံမှဖယ်ကြ လို့ မိန့်တော်မူခဲ့ပါတယ်။ ဒီလူတွေဟာဘုရား အလုပ်လုပ် တဲ့သူတွေ၊ အမူတော်ဆောင်တွေ ၊ကောင်းတာ လုပ်တဲ့ သူတွေဖြစ်ရက်သားနဲ့ ဘာဖြစ်လို့အဲဒီ လို ဖြစ်ရသလဲဆိုရင် ခရစ်တော် အကြောင်းကိုသာသိပြီး ခရစ်တော်နဲ့ သိကျွမ်းမူမရှိ လို့ပါပဲ (They know about Christ, but they do not know Christ per-sonally)” ခရစ်တော်ကို သိကျွမ်းဖို့၊ ကယ်တင်ခြင်းရောက်ဖို့ရန် အဓိက အချက်(၃) ချက်ရှိပါတယ်။ 

ဒဲ့ဒါကိုတရား(၃)ပါး လို့ခေါ်ပါတယ်။ အပြစ်ဆိုတာ ဘာလဲ...(၁ယော၊၃း၎) မှာ ပညတ်တော်ကို လွန်ကျူးခြင်း လို့ဖော်ပြပါတယ်။ အပြစ်ဟာ ဘယ်သူ အားဖြင့် ဤလောကသို့ဝင်သလဲ (ရော၊၅း၁၂) အရ-အာဒံ အားဖြင့် ဤလော့က သို့ဝင်ခဲ့ပါတယ်။ အပြစ်တရား ဤလောက ထဲဝင်ပြီးနောက် ဘာဖြစ်ခဲ့သလဲ အပြစ်တရား အားဖြင့် သေခြင်း တရားဝင်ပြီး၊ လူအပေါင်း ဟာ အပြစ်ရှိ တဲ့ အတွက်သေခြင်း သို့ရောက်ရပါတယ်။ 

အဓိကအားဖြင့် အပြစ်ဘယ်နှစ်မျိုးရှိသလဲ...နှစ်မျိုးရှိပါတယ်။ (၁) ဗီဇအပြစ် (မွေးရာပါအပြစ်) (၂) ဒုစရိုက်အပြစ် (ကျူးလွန်တဲ့အပြစ်) ဒုစရိုက်အပြစ် အကြောင်းကို အများအားဖြင့် သိပြီးဖြစ်ပါတယ်။ ဥပမာ-သူများအသက် သတ်တာ၊ သူများသား မယားပြစ်မှားတာ၊ ဒီအကြောင်းကို (ရောမ၊ ၁း၂၉-၃၁)မှာ တွေ့နိုင် ပါတယ်။ လူတော်တော် များများ မသိတဲ့အပြစ် ကတော့ ဗီဇအပြစ် (မွေးရာပါအပြစ်)ဖြစ်ပါတယ်။ အဲဒီ အပြစ်အကြောင်းမသိ လို့ ကောင်းတာ လုပ်ရင်ကောင်းတာရောက်မှာပေါ့လို့ ခရစ်ယာန် တွတောင် ပြောနေကြခြင်း ဖြစ်ပါတယ်။ဗီဇအပြစ် (မွေးရာပါအပြစ်) အကြောင်းကို (ဆာလံ၊၅၁း၅) မှာဖော်ပြထား ပါတယ်။ ဆာလံဆရာက မွေးကတည်းက ပါလာတယ် လို့ ပြောသလဲ..အပြစ်ပါလာတယ် ဒီအပြစ် ဘယ်ကရလာသလဲ ... အာဒံ အာဒံက ဘယ်သူ့ကိုပြစ်မှား သလဲ.... 

ဘုရားသခင် ဒါကြောင့် အာဒံက တဆင့်ရလာတဲ့ အပြစ်ဟာ ဘုရားသခင် ကိုပြစ်မှားတဲ့ အပြစ်ဖြစ်တယ်၊ ဒါကို ဗီဇအပြစ် (သို့)မွေးရာပါ အပြစ်လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ အပြစ်လုပ်လို့ အပြစ်သားဖြစ်တာလား၊ အပြစ်သားဖြစ်လို့ အပြစ် လုပ်တာလား အပြစ်သားဖြစ်လို့ အပြစ်လုပ်ခြင်းဖြစ်တယ် ခွေးတွေဟာ ဟောင်တတ်တယ်၊ ဟောင်လို့ခွေးဖြစ်တာလား ၊ခွေးဖြစ် လို့ဟောင်တာလားခွေးဖြစ် လို့ဟောင် တာဖြစ်တယ်။ 

ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်သားဖြစ်လို့အပြစ်လုပ်တတ်ကြတယ်၊ ခွေးတွေကိုဟောင်နည်း သင်ပေးစရာမလိုသလို၊ ကျွန်တော်တို့ကိုလည်း အပြစ်လုပ်နည်း သင်ပေးစရာမလိုဘဲ လုပ်တတ်ကြတယ် မဟုတ်ဘူးလား၊ ဥပမာဒေါသထွက်နည်းစိတ်ဆိုးနည်း၊ စိတ်ကောက်နည်း၊
မနာလိုနည်း၊ အတင်းပြောနည်း အဖေက ဗမာ၊ အမေက ဗမာဆိုရင် မွေးတဲ့ကလေးဟာ ဘာဖြစ်မလဲ..... ဗမာပဲဖြစ်မယ် အသားမဲလို့ ကပ္ပလီလို့ခေါ်လို့မရဘူး၊ အသားဖြူလို့လည်း အင်္ဂလိပ်လို့ ခေါ်လို့မရဘူး ဗမာဖြစ်ချင်လို့လည်းမရဘူး၊ 

ဗမာစကား မပြောတတ်လည်းဗမာပဲ၊ ဗမာယဉ်ကျေးမူ ဓလေ့ထုံးတမ်း မသိရင်လည်း .. ဗမာပါပဲ ဘာကြောင့်လဲ ဆိုတော့ ဗမာမိဘက မွေးဖွားခဲ့လို့ဘဲ ထိုနည်းတူ အပြစ်သား အာဒံနဲ့အပြစ်သား ဧ၀ ကနေဆင်းသက်ခဲ့တဲ့ ကျွန်တော်တို့ အားလုံးဟာ အပြစ်သား တွေပဲဖြစ်တယ်။ မဖြစ်ချင်လည်း မရဘူး ဖြစ်ပြီးသားပဲ.... ခွေးဟာ မဟောင်ရင်လည်းခွေးပဲ၊ ဟာင်ရင်လည်းခွေးပဲ ထိုနည်းတူ ကျွန်တော်တို့ဟာ အပြစ်မလုပ်တဲ့ အချိန်မှာ လည်းအပြစ်သားပဲ၊ အပြစ်လုပ်လည်း အပြစ်သားပဲ.... မွေးစကလေးဟာ အရွယ်ရောက်တဲ့အခါ အခြားသူ တစ်ယောက်နဲ့ စကားများပြီး ရန်ဖြစ်ကြတယ် ဆိုပါစို့။

သူကအခြားသူကို တုတ်နဲ့ရိုက်တယ်၊အခြားသူက သူ့ကို ဓားနဲ့ လိုက်ခုတ်တယ်၊ အဲ့ဒါ ကောင်းသလား.. မကောင်းဘူး.၊ အဲဒါကို ဒုစရိုက်အပြစ်လို့ ခေါ်တယ်၊ လူလူချင်း ပြစ်မှားတဲ့အပြစ်ဖြစ်တယ် (ရော၊၃း၂၃) အပြစ်ရှိတဲ့လူတိုင်း သေခြင်းမှာ လမ်းဆုံးကြရမယ်(ရောမ၊၆း၂၃) မှာအပြစ်တရား၏ အခကား သေခြင်းပေတည်း.. လို့ပြောထားတယ် သေခြင်းဆိုတာဘာလဲ....... ခွဲခွာခြင်း၊ ကင်းကွာခြင်း ဖြစ်။(Death means sepa-ration) အာဒံ၊ ဧ၀ အပြစ် လုပ်တဲ့အတွက် ထာဝရဘုရားနှင့် ခွဲခွာသွားခဲ့ ရတယ်အဲဒါကို ၀ိညာဉ်ရေးရာသေခြင်း လို့ခေါ်တယ်။ ကျမ်းစာထဲမှာ အပြစ်ရဲ့အကျိုးဆက်အနေနဲ့ သေခြင်း

(၃) မျိုးတွေ့ရတယ်.... (၁) ၀ိညာဉ်ရေးရာသေခြင်း(ထာဝရဘုရားနှင့် ကင်းကွာခြင်း/ ခွဲခွာခြင်း) (၂) ခန္ဓာသေခြင်း(ခန္ဓာနဲ့ဝိညာဉ်ကင်းကွာခြင်း/ ခွဲခွာခြင်း) (၃) ထာဝရသေခြင်း (ထာဝရဘုရားနဲ့ထာဝရ ကင်းကွာပြီး ထာဝရငရဲကျခြင်း) တို့ဖြစ်တယ်။ ထာဝရသေခြင်းကို ဒုတိယသေခြင်းလို့လည်းခေါ်သေးတယ် အသက် စာစောင်ထဲမှာ 
မပါတဲ့ လူတွေ အားလုံးဟာ ဒုတိယသေခြင်းဆိုတဲ့ကန့်နဲ့လောင်တဲ့ မီးအိုင်ငရဲထဲ ချပစ်ခြင်း ခံရမှာဖြစ်တယ်။(ဗျာ၊၂၁း၈) 

မကောင်းတာလုပ်တဲ့လူတွေသေရင်ဘယ်ရောက်မလဲ...(ငရဲ) ကောင်းကောင်းလဲနေရင်ကော.( ငရဲပဲကျမယ်) ဘာအပြစ်ရှိနေလို့လဲ..ဗီဇအပြစ်/မွေးရာပါအပြစ်/ ဘု၇ားသခင် ကိုပြစ်မှားတဲ့အပြစ်၊ မွေးကတည်းကနေ ဒုစရိုက်အပြစ်တစ်ခုမလုပ်တဲ့သူရှိသလား(မရှိ) မွေးရာပါဗီဇအပြစ်ကိုလက်မခံရင်လည်းဒုစရိုက်အပြစ် လူတိုင်းမှာရှိနေပါတယ် ဒါကြောင့်အပြစ်တရားရဲ့အခသေခြင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ် အပြစ်လုပ်လို့ငရဲကျတာလား၊အပြစ်သားဖြစ်လို့ငရဲကျတာလား.........

 (အပြစ်သားဖြစ်လို့) ဒုစရိုက်တစ်ခုမှမလုပ်ရင်လည်း ဗီဇအပြစ်ရှိပါတယ်၊ ဘုရားသခင်ကိုပြစ်မှားတာဖြစ်တယ် ၊အာဒံဟာ ဘုရားစကားနား မထောင်လို့ဘုရားသခင်ရဲ့ ရန်သူဖြစ်သွားတယ်၊ သူကဆင်းသက်လာတဲ့ ကျွန်တော် တို့ဟာဘုရားရဲ့ရန်သူအမျိုးဖြစ်လို့ အားလုံးရှင်းပစ် ခံရမှာဖြစ်တယ် စစ်ဖြစ်တဲ့အခါတစ်ဖက်န့ဲတစ်ဖက်တွေ့ကြတဲ့အခါ၊ခင်ဗျားအကျင့်
သီလကောင်းသလားလို့အရင်မေးပြီးမှသေ နတ်နဲ့ပစ်မှာ မဟုတ်ပါဘူး၊တွေ့တာနဲ့ ရန်သူဖြစ်လို့ပစ်မှာပဲမဟုတ် ဘူးလားထိုနည်းတူ ကျွန်တော်တို့အားလုံးလည်း ဘုရားရဲ့ရန်သူဖြစ်လို့
ငရဲထဲ ချပစ်ခြင်းခံရတော့မှာဖြစ်ပါတယ်။ 

ငရဲကလွတ်ဖို့ ဘယ်လိုလုပ်မလဲ........ .ကောင်းတာလုပ်ရင်ကောင်း
ရာရောက်မယ်လို့ တစ်ချို့ကထင်မြင် ယူဆကြပါတယ်....... ဒါပေမဲ့ကျမ်းစာက ဘာပြောထားသလဲ။ (ဟေရှာ၊၆၄း၆)မှာကျွန်ပ်တို့ ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသောကုသိုလ်ကောင်းမူ တို့သည်ညစ်သောအ၀တ်နှင့် တူကြပါ၏လို့ဖော်ပြထားပါတယ်။ 
 
ဆိုလိုတာကဘာလဲ၊ကောင်းမူမလုပ်ရဘူးလို့ဆိုလိုသလား........ မဟုတ်ပါဘူး၊ ဘယ်လောက်ပဲလုပ်လုပ်ဘုရားသခင်ရှေ့မှာနှစ်သက် လက်ခံဖွယ်မဖြစ်ဖူးလို့ ဆိုလို့ပါတယ် ဘာကြောင့်လဲဆိုတော့မသန့်ရှင်း တဲ့အပြစ်သားလုပ်သမျှ အရာအားဟာ (လူ့အမြင်မှာကောင်းပေမယ့် နှစ်သက် လက်ခံဖွယ်ရာဖြစ်ပေမဲ့) အလွန်သန့်ရှင်းတဲ့ ဘုရားရှေ့မှာတော့ညစ်တဲ့အ၀တ် (အ၀တ်စုတ်) ကဲ့သို့ဖြစ်နေပါတယ်။ နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် လူနူဖြစ်ဖြစ်တစ်စုံ တစ်ယောက်ကဖြစ်ဖြစ်သူရဲ့မသန့်ရှင်းတဲ့လက်နဲ့ လက်ဖက် သုပ်သုတ်ကျွေးမယ် ဆိုရင်စားဖို့လက်ခံဖိုခက် သလိုနှစ်သက်လက်ခံဖွယ် မဖြစ်ဖူးဆိုတဲ့သဘောပါပဲ။ ဒါကြောင့် ငရဲကလွတ်ဖို့ ကုသိုလ်ကောင်းမူအားဖြင့်မရနိုင်ဘူး လို့ကျမ်းစာ ကပြောနေခြင်းဖြစ်ပါတယ်...... 

ဒါကြောင့်အပြစ်တရား အကြောင်းကိုလေ့လာကြည့်ရင်အကျဉ်းချုပ် အားဖြင်.ကောင်းကောင်းမကောင်းကောင်း ငရဲကျမယ်လို့ ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ တစ်ချို့ကလည်းဒါန နဲ့မရရင်သီလ(အကျင့်)နဲ့ လုပ်မယ်ဆိုပြီးကြိုးစား
ကျင့်ကြံနေတဲ့သူတွေလည်းကမ္ဘာပေါ် မှာများစွာရှိပါတယ်။ ဒါကြောင့်ပညတ် တရားကျင့်ခြင်းအားဖြင့်ငရဲကနေ
လွတ်နိုင်မလားဆိုတာ ဆက်ပြီးလေ့ လာကြည့်ကြရအောင် ။ (၂)ပညတ်တရား ပညတ်တရားနဲ့ပတ်သက်ပြီး ကျမ်းပိုဒ်အများထဲက အဓိကကျမ်းပိုဒ်(၃-၄)ပိုဒ်ကိုလေ့လာကြပါမယ်။

(၁) (ဂလ၊၃း၁၀)ဒီကျမ်းပိုဒ်အရ ပညတ်တရား၏အကျင့်ကိုအမှီပြုသူ (အားကိုးသူ)တွေဟာ ကျိန်ခြင်း နဲ့စပ်ဆိုင်ပါတယ်။အမြဲမကျင့်နိုင်ရင်ကျိန်ခြင်းခံရမှာဖြစ်ပါမယ်။... မိတ်ဆွေအနေနဲ့ပညတ္တိကျမ်းမှာပါသမျှ(ပညတ်တော်၆၁၃ပါး) ကိုအမြဲကျင့်နိုင်ပါသလား။ မကျင့်နိုင်ရင်တော့ကျိန်ခြင်းခံရပါမယ် ငရဲ ကျမှာဖြစ်ပါတယ်။ 

(၂) (ယာ၊ ၂း၁၀ )အမြဲကျင့်နိုင်တယ်ပဲလားဦး......... တစ်ခုချိုးဖေါက်ရင်အားလုံးချိုးဖောက်တာနဲ့အတူတူပဲဖြစ်လို့ငရဲကျမှာပဲ
လို့ကျမ်းစာကပြောထားပါတယ် ဥပမာစာမေးပွဲ တစ်ဘာသာကျရင် ငါးဘာသာကျတဲ့ လူနဲ့အတူတူပဲ လူတစ်ယောက်က အသက်တစ်ရာ မှာသေမယ်ဆိုပါစို့။(၉၉)နှစ်
တရားကျင့်ပေမယ့် တစ်ခုလေးချိုးဖောက်မိ ရင်နေ့တိုင်းချိုးဖောက်တဲ.
လူနဲ့ ငရဲကျမှာအတူတူဖြစ် သွားပါတယ် . 

ဥပမာ...သံကြိုးကွင်းတွေ အမှီပြုပြီးကူးနေရာကနေ တစ်ကွင်းပြုတ်
သွားတာနဲ့ (အားလုံးပြုတ်ဖို့မလိုဘဲ)အောက် ကိုကျသွားမှာဖြစ်ပါတယ်။ သံကြိုးကွင်းတွေဟာ ပညတ်တော်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဆိုရင်မိတ်ဆွေနဲ့ ကျွန်တော်ဟာမွေးကတည်းက အပြစ်ဘယ်နှစ်ခု
လုပ်ခဲ့ပြီးပြီလဲ၊ ပညတ်ဘယ်နှစ်ခု ချိုးဖောက်ပြီးပြီးလဲ တစ်ခုလုပ်မိရင်တောင်ငရဲ ကျမယ်ဆိုရင်များစွာ လုပ်ပြီးပြီဆိုတော့ကျ
မှာသေချာသွားပြီလား ကျမှကျပါ့မလား လို့စိုးရိမ်စရာမလိုတော့ဘူး မဟုတ်လား။ ဒါဆိုရင်ကျွန်တော် မေးမယ်ပညတ် တရားမကျင့်တဲ့ သူသေရင်ဘယ်ရောက်မလဲ........

(ငရဲ) ကျင့်တဲ့သူကောသေရင် ဘယ်ရောက်မလဲ (ငရဲ) ဘာဖြစ်လို့လဲ၊ (အမြဲမကျင့်နိုင်ဘူး- ကျင့်ရင်းကြားထဲက ချိုးဖောက်မိအပြစ်တွေ ရှိနေသေးတယ်) ဒါဆိုရင်ဘာဖြစ်လို့ ပညတ်တရားကို ကျင့်နေကြရတာလဲ ဒီဘ၀မှာကောင်းကောင်း ကျင့်ကြံအားထုတ်ရင် တစ်နေ့နောင်ဘ၀ မှာကောင်း တဲ့နေရာရောက် ရပါစေသား ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်နေတာပေါ့၊ ဒါပေမဲ့ကျမ်းစာက ပညတ်တရား
ရဲ့အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော် မှာဘယ်သူမှဖြောင့်မတ်ရာ မရောက်ဘူးလို့ပြောထားတယ်။ 

 (၃) (ရော၊၃း၂၀)ဆိုလိုတာက လူလူချင်း သတ်မှတ်တဲ့ စံနှုန်းအရ (၅)နာရီတရားကျင့်သူ(၁၀) နာရီ(၁၅)နာရီကျင့်သူ စသဖြင့် သူ့ထက် ငါသာ၍ကောင်း တယ်ဖြောင့်မတ် တယ်လို့ပြောလို့
ရကောင်းရပါမယ် ဒါပေမယ့် တရားစီရင်မဲ့ ဘု၇ားသခင်ရဲ့ရှေ့မှာ ဘယ်သူမှစံချိန်မမီဘူး ဘုရားသခင်လောက် မဖြောင့်မတ်ဘူး၊ မကောင်းမြတ် ဘူးကောင်းကင်ဘုံ ၀င်နိုင်လောက်အောင်ငရဲက
လွတ်နိုင် လောက်အောင်ကောင်းတဲ့ အကျင့် ကျင့်သူဖြောင့်မတ်သူ မရှိဘူး (ရော၊၃း၁၀-၁၂)... ဥပမာ စာမေးပွဲမှာတစ်ဘာသာကို အမှတ(်၄၀)ရမှအောင် တယ်ဆိုပါစို့ ကျွန်တော်ကအင်္ဂလိပ်စာ (၃၉)မှတ်ရတယ် ကိုကျော်မြင့်က(၃၅) မှတ်ကိုဝင်းမြင့်က(၃၀) မှတ်ရကြတယ်။အားလုံးထဲမှာကျွန်တော် အများဆုံးဘဲလို့ကြွား လို့ရပါတယ်။ ဒါပေမယ့်အောင်စာရင်း ထွက်တဲ့အခါဘယ်သူမှမအောင်ကြပါဘူး။ 

ထိုနည်းတူဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်း စံချိန်စံနှုန်းပေတံနဲ့ တိုင်းလိုက်တော့ ဘယ်သူမှ စံချိန်မမှီဘူးပေါ့... ကျွန်တော်တို့ဖြောင့်မတ်ရမှာကလူ့ရှေ့မှာမဟုတ်ဘူး 
တရားသူကြီးရှေ့မှာဖြစ်တယ် အသင်းတော်ကလူတွေရှေ့မှာ ဖြောင့်မတ်စွာနေပြပေမယ့်၊ ကွယ်ရာမှာဘိန်းဖြူအရောင်းအ၀ယ်
လုပ်လို့ရဲကဖယ်းမိပြီးတရားသူကြီးရှေ့ မှာအစစ်ခံရတဲ့အခါပြစ်မူ ထင်ရှားရင်ထောင်ကျရသလိုပဲလူသား
အားလုံးကို တရားစီရင်မယ့် အရှင်တရား သူကြီးဖြစ်တဲ့ထာဝရ ဘုရားသခင်ရှေ့မှာအပြစ် တင်ခွင့်ကင်း ဖို့လိုအပ်ပါတယ်။

 (ဟေရှာ၃၃း၂၂)(ဆာ၃၂း၁-၂) ဒါကြောင့်ပညတ်တရား အကြောင်းလေ့လာကြည့်ရင်အကျည်းချုပ်
အားဖြင့်ကျွန်တော်တို့ဟာတရား ကျင့်ကျင့်ငရဲ့ ကျရတော့မယ်လို့ ကျမ်းစာကပြောနေခြင်းဖြစ်ပါတယ်။ 

ဒါဆိုရင်ငရဲ့က လွတ်အောင်နည်းလမ်း မရှိတော့ဘူးလား။ (ရှိပါတယ်.)... အဲဒါကလူကလုပ်တာမဟုတ်ဘဲ ဘုရားက လုပ်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။ အဲဒါကိုကျေးဇူးတရား (ကယ်တင်ခြင်းတရား)လို့ခေါ်ပါတယ်။ ဘာသာတရား ကတော့လူတွေကို လုပ်ခိုင်းပါတယ်။ အဲဒါကို
လုပ်ခိုင်းတဲ့တရား(ပညတ်တရား) လို့ခေါ်ပါတယ်။ 

လုပ်ပေးတဲ့တရား ကတော့ကျေးဇူး တရားဖြစ်ပါတယ်။
ဘုရားသခင်ကငရဲက လွတ်အောင်လုပ်ပေးလို့ဖြစ်ပါတယ်။
 (၃)။ ကျေးဇူးတရား လူနဲ့ဘုရားဟာ အပြစ်ကြောင့်ကင်း ကွာနေပြီး လူတွေဟာထာဝရငရဲမှာလမ်း ဆုံးကြရပါတော့မယ်၊ အဲဒီကနေ လွတ်ဖို့ ကုသုလ်ကောင်းမူပညတ်တရားအကျင့်တရားများနှင့်ကြိုး စားပေမယ့်လည်း မရနိုင်မှန်း သိလို့မေတ္တာတော်ရှင်ဘုရား သခင်ကလူကိုငရဲမှ ကယ်တင်တော်မူဖို့ကြွလာခဲ့ပါတယ်။ 

အဲဒီတရား ကိုကျေးဇူးတရား(တနည်း) ကယ်တင်တော်မူခြင်း တရားလို့ခေါ်ပါ တယ်။ (၁)၁တိ၁း၁၅... ယေရူခရစ်သည်အပြစ်ရှိသော သူတို့ကိုကယ်တင်ခြင်းငှာ
ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။ 

သခင်ယေရူ ဤလောကကိုဘာအတွက်ကြွလာတာလဲ.... (အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့) ဒီနေရာမှာဘာသာတရား တည်ထောင်ဖို့ကြွလာတယ်
လို့မပြောဘူး။ ကယ်တင်ဖို့ကြွလာတယ်လို့ပြောထား ပါတယ်(ဘာသာတရားဆိုတာ ပညတ်တော်တွေနဲ့ဖွဲ့စည်း
ထာြး့ပီးလုပ်ခိုင်းတဲ့တရားဖြစ်တယ်) ခရစ်တော်က လုပ်ပေးဖို့ကြွလာခြင်းဖြစ်တယ်။ 

သခင်ယေရူက လူတွေကိုဘယ်လိုကယ်ခဲ့သလဲ...... လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအားဖြင့်(ရော၊ ၅း၈) သခင်ယေရူ လက်ဝါးကပ်တိုင်မှာ အသေခံတဲ့အခါသူ့
အသွေးတော်အားဖြင့် ကျွန်တော်တို့အဖြစ်ရှိသမျှကို ဆေးကြောပေခဲ့တယ်(၁ယော၊ ၁း၇) အ၀တ်ပေရင် ဆပ်ပြာ န့ဲရေနဲ့ဆေးရတယ် အပြစ်တွေကိုပေရင် အသွေးတော် အားဖြင့်သာဆေးကြောလို့ ရတယ်လို့ဘုရားသခင်ကပြောပါ တယ်။ (၀တ်၊ ၁၇း၁၁။ယေဗြဲ၊၉း၂၂) 

ကားတိုင်ပေါ်မှာ အသေခံတဲ့အချိန်မှာ သခင်ယေရူစကားကြီး(ရ) ခွန်းပြောခဲ့တယ်။(၆)ခွန်းမြောက်စကားက အမူပြီးပြီ ဆိုတဲ့စကားပဲ ဂရိဘာသာစကားမှာ အပြစ်အကြွေး ရှိသမျှအပြည့်အ၀ ဆပ်ပြီးပြီ ဆိုတဲ့အဓိပ္ပယ် ရှိပါတယ်။ ဒါကြောင့် မိတ်ဆွေနဲ့ကျွန်တော် အပြစ်အားလုံးအတွက် သခင်ယေရူ ဘုရားကပေးဆပ်ဖြေရှင်းပေးခဲ့ပြီးပါပြီ။ 

မိတ်ဆွေမှာအကြွေး သိန်း(၅၀၀)တင်နေမယ်ကြွေးရှင်ကလည်း ဒီအပတ် အတွင်းပြန်မဆပ်နိုင်ရင် တရားစွဲတော့မယ် ဆိုကြပါစို့ မိတ်ဆွေမှာပေါင်နှံ စရာပေးစရာလည်း မရှိဘူး ဆိုရင်ဘာဖြစ်မလဲ
မကြာခင်ထောင်ထဲကျဖို့သေချာနေမှာဘဲ။ အဲဒီအချိန်မှာ ကုဋ္ဋေကြွယ်သူဋ္ဌေးကြီး တစ်ဦးကမိတ်ဆွေအကြောင်း
သိသွားပြီးသနားလို့ ဆပ်ပေးမယ်ပြန် ဆပ်စရာမလိုဘူးဆိုရင် မိတ်ဆွေလက်ခံမလားဒါမှ မဟုတ်ငြင်းပယ်မလား၊... ..ကိုယ်အတွက်ကျေးဇူးပြုမယ့် သူကိုငြင်းပယ်ရင်တော့ အဲ့ဒီလူထက်
မိုက်မဲတဲ့သူကမ္ဘာပေါ်မှာရှိပါ့ဦးမလား လက်ခံလိုက်ရင်တော့ထောင်ထဲ သွားစရာ မလိုတော့ဘူး ။ကြွေးရှင်နဲ့
လမ်းမှာမျက်နှာချင်း ဆိုင်တွေ့ရင်လည်း စိုးရိမ်စရာ မလိုတော့ဘူး၊ ရှောင်တိမ်းပုန်းနေစရာမလိုတော့ဘူး... 

ထိုနည်း၎င်းပဲ သခင်ယေရူကကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေအားလုံး
အတွက်အသေခံတော်မူခြင်း အသွေးသွန်းတော်မူခြင်း အားဖြင့်ဆပ်ပြီးသွားပါပြီ၊သူဟာအသေ
ခံပြီးလမ်းဆုံးသွားတာ မဟုတ်ပါဘူး၊ (၃)ရက်မြောက် တဲ့နေ့မှာပြန်ရှင်တဲ့ ဘုရားဖြစ်ပါတယ် (၁ကော၊၁၅း၃-၄) ယနေ့တိုင်အသက်ရှင်ပြီး ထာဝရမပြောင်းလဲတဲ့ ဘုရားဖြစ်ပါတယ်
(ဟေဗြဲ၊၁၃း၈) သူ့ကိုမိတ်ဆွေရဲ့ ကယ်တင်ရှင်ဘုရားအဖြစ်ယုံကြည် လက်ခံရင်ငရဲ ကျမှာ ကိုစိုးရိမ်စရာ မလိုတော့ဘူး မိတ်ဆွေ ရဲ့အပြစ်အားလုံး လည်းလွတ်ခြင်း အခွင့်ရပါတယ်၊ မိတ်ဆွေအနေနဲ့
ဘုရားရဲ့သားဖြစ်ခွင့်ကိုရပြီး ထာဝရအသက် ကိုလည်းပိုင်ဆိုင် ခွင့်ရပါတယ် (ယော၁း၁၂။၆း၄၇)ဒါဟာ
သူရဲ့ကျေးဇူးပြုခြင်း (ကိုယ်စားအသေခံပေးခြင်း အပြစ်ကြွေး ဆပ်ပေးခြင်း)ကြောင့်ဖြစ်ပါတယ်။ ဒါကိုကျမ်းစာက ကျေးဇူးတရား လို့ခေါ်ပါတယ်။ 

ဒါကြောင့်(ဧ၂း၈-၉) မှာယုံကြည်သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏ လို့ဖော်ပြထားပါတယ်။ မိတ်ဆွေအတွက် ယေရူဘုရား လုပ်ဆောင်ပေးခဲ့ပြီးဖြစ်တဲ့ အသေခံတော်မူခြင်း အပြစ်ကြွေး ဆပ်ပေးတော်မူခြင်းကို ငါ့အတွက်ကျွန်တော်မ
အတွက်ဖြစ်တယ်လို့ ယုံကြည်မယ်ဆိုရင် (ယုံကြည်သောအားဖြင့်) ယုံတဲ့အချိန်ကစပြီး ဘုရားရဲ့(ကျေးဇူးတော်ကြောင့်)ကယ်တင်ခြင်း ကိုရောက်ရပြီဖြစ်ပါတယ်။ ရောက်ရမယ်လို့ကျမ်းစာကမပြောပါဘူး ရောက်ရ၏လို့ပြောတဲ့ အတွက်ကြောင့်ယုံတဲ့အချိန်ကစပြီး ကယ်တင်ခြင်း ကိုရောက်ရပြီးဖြစ်ပါတယ်။ ငွေတစ်သိန်းရမယ် ဆိုရင်မရသေးပါဘူး..... ငွေတစ်သိန်းရ၏ ဆိုရင်ရပြီဖြစ်ပါတယ်။ 

ထိုနည်းတူပဲခရစ်တော် ယေရူဘုရားကိုယုံကြည်တဲ့ချိန်မှာပင်လျှင် ကယ်တင်ခြင်းရောက်ပြီပြစ်ပါတယ်။ ဘယ်တော့မှငရဲမကျတော့ပါ။ ဒါဟာ ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။ ဒါကြောင့် ဒီတရားကိုကျေးဇူးတရားလို့ခေါ်ပါတယ်။ ကယ်တင်ခြင်းရတာဟာဘာကြောင့်ရသလဲ (ကျေးဇူးတော်ကြောင့်) ဘာအားဖြင့်လဲ (ယုံကြည်သောအားဖြင့်) ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ (ဘာမှလုပ်စရာမလိုဘူးသခင်ယေရူလုပ်ခဲ့ပြီးပြီ အမူပြီးပြီတဲ့)

  ကယ်တင်ခြင်းရဖို့ဘာရှိရမလဲ (ယုံကြည်ခြင်းရှိရမယ်) ဘာကိုယုံရမလဲ (ယေရူခရစ်တော်ကို) (ခရစ်တော်ကို ယုံတဲ့သူဟာ သူ့စကားနဲ့ သူ့လုပ်ဆောင်ချက်ကို ယုံတယ်) ဘယ်လိုယုံရမလဲ (ခရစ်တော်ယေရူ ဘုရားဟာငါ့ကိုယ်စား အပြစ်ကြွေးအားလုံး ဆပ်ပြီးပြီဆိုတဲ့ ကျေးဇူးပြုခြင်း(တနည်း) ကျေးဇူးတော်ကိုယုံရမယ်) ယေရူဘုရားရဲ့စကားနဲ့ လုပ်ဆောင်ချက်ကိုယုံခြင်းဟာသူ့ကိုယုံ ရာရောက်တယ်... တစ်ချို့ကယုံယုံလေးနဲ့ကယ်တင်ခြင်းကို ရနိုင်ပါ့မလား မလွယ်လွန်းဘူး လားလို့မေးတတ်ကြတယ်.... 

ကျွန်တော်ကပြောလိုက်တယ် လွယ်လွန်းအားကြီးလို့ခင်ဗျားမယုံ မှာတောင်စိုးရိမ်မိတယ်ဘာကြောင့်လွယ်နေ သလဲဆိုရင်မလွယ်တဲ့အပိုင်း ကိုခရစ်တော်ကလုပ်ထားပေးလို့လေ ဥပမာ လက်တစ်ဖက်ပဲရှိတဲ့လူ တစ်ယောက်ကရေ တွင်းမှာစက်သီးကြိုးနဲ့ရေငင်ရမယ် ဆိုရင်မလွယ်ဘူး။ 

ဒါပေမယ့် သူ့မိတ်ဆွေကကျေးဇူးပြုပြီးရေငင်ပေးလိုက်ရင် သူခပ်စရာမလိုဘဲ အလွယ်လေးနဲ့ရေချိုျးနိုင်တဲ့ သဘောပေါ့။ ဒီမှာရှိတဲ့မိတ်ဆွေကို ကျွန်တော့်အတွက်သောက်ရေ တစ်ခွက်လောက် ခပ်ပေးပါ။ခုန်ကလေးရွေ့ပေးပါဆိုရင် လွယ်ပါတယ်ပိုက်ဆံ အိတ်ထဲကငွေဘဏ်စာအုပ်ထဲကငွေအိမ်မှာ သိမ်းထားတဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံး ပေးပါဆိုရင်လွယ်ပါ့မလားမလွယ်ဘူး မဟုတ်လား။ လွယ်တယ်ပဲထား အုံးမိတ်ဆွေကျွန်တော်အတွက် အသက်ပေးမလားဆိုရင် လွယ်ပါ့မလားမလွယ်ဘူး မဟုတ်လား.... အခု ယေရူဘုရားက ကားတိုင်ပေါ်မှာ ဘာလုပ်ပေးသွားသလဲ .. အသက်ပေးသွားတယ် မဟုတ်လား ... ဒါဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး မိတ်ဆွေနဲ့ကျွန်တော်ကို ချစ်လွန်းလို့ ငရဲအကျစေချင်လို့လုပ်ပေးသွားတာလေ ဒါကြောင့်သူ့ရဲ့ကျေးဇူးကြောင့် (အသေခံပေးခြင်း ကျေးဇူးတော်ကြောင့်) ယုံကြည်လိုက်ယုံကလေးနဲ ကျွန်တော်တို့ ကယ်တင်ခြင်းရတာပဲ ဖြစ်တယ်။ 

ဒီအကြောင်းကို(လုကာ၊၂၃း၃၉-၄၂) မှာလည်းဖော်ပြထားပါတယ်။ သခင်ယေရူနဲ့တစ်ချိန်တည်းကားတိုင်တင်သတ်ခံရတဲ့လူဆိုး (နှစ်ယောက်) အနက်တစ်ယောက်ကနောက် ဆုံးသေခါနီး ဆဲဆဲမှာကယ်တင်ခြင်းရသွားတယ်။ သူကောင်းလို့ရသွားတာလား ။ယေရူကောင်းလို့လား (ယေရူကောင်းလို့) သူလုပ်လို့ ရသွားတာလား၊ ယေရူလုပ်ပေးလို့လား (ယေရူလုပ်ပေးလို့) မိတ်ဆွေနဲ့ကျွန်တော်လည်းကောင်းကင်နိုင်ငံရောက်နိုင်ခြင်းဟာ မိတ်ဆွေနဲ့ကျွန်တော်ကောင်းလို့လား၊ 

ယေရူကောင်းလို့လား.......... မိတ်ဆွေနဲ့ကျွန်တော် လုပ်လို့လား.....ယေရူလုပ်ပေးလို့လား (ယေရူလုပ်ပေးလို့) ဒီလူဆိုးကြီးဟာသေပြီးမှ ကယ်တင်ခြင်းရကြောင်းကို သိသွားတာလား မသေခင်သိသွားလား (မသေခင်သိသွားတယ်) ဒါဆိုရင် ကယ်တင်ခြင်းရတယ်ဆိုတာ မသေခငိသိနိုင်လားမသိနိုင်ဘူးလား (မသေခင်သိနိုင်တယ်) ဘာအားဖြင့်လဲ...... 

(ယေရူရဲ့ဂတိတော်စကားအားဖြင့်) ဒါကြောင့် ယေရူဘုရားကို ယုံကြည်လက်ခံမယ် ဆိုရင်ဘုရားသားဖြစ်မယ် (ယော၊၁း၁၂) - ကယ်တင်ခြင်းရမယ်(ဧ၊၂း၈) - ထာဝရအသက်ရမယ်(ယော၊၆း၄၇) အခုချက်ချင်း ရမှာဖြစ်ပါတယ်။သေရင်လည်း ဘယ်တော့မှငရဲမကျတော့ ပါဘူး(ယော၊၁၀း၂၇-၂၉) - မိတ်ဆွေအနေနဲ့သခင်ယေရူဘုရားကို ယုံကြည်လက်ခံချင်တယ်ဆိုရင် အခုခဏမျက်စိမှိတ်၊ ခေါင်းငုံ့ပြီး စိတ်ထဲက ယုံကြည်လျက် သခင်ယေရူဘုရားကို အာရုံပြုလျက်အောက်ပါ ဆုတောင်းချက် အတိုင်း ဆုတောင်းပြီး ယေရူဘုရားကို ယုံကြည်လက်ခံနိုင်ပါတယ်။ ဆုတောင်းရမယ့် အချက်ကတော့ သခင်ယေရူဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်အပြစ်ကိုယ်စား အသေခံပြီး (၃)ရက်မြောက်တဲ့နေ့၌ အသက်ရှင်သော ဘုရားဖြစ်ကြောင်း ယုံကြည်ပါ၏။ကျွန်ုပ်၏ ကယ်တင်ရှင်ဘုရားအဖြစ် ကိုယ်တော်ကို ယခု ယုံကြည်လက်ခံပါ၏။ ကျွန်ုပ်အပြစ်များကိုလွတ်ပြီး ထာဝရအသက်ပေးသောကြောင့်ကျေးဇူး တင်ပါ၏။

 ကျွန်ုပ်၏
အသက်တာ ကို အုပ်စိုးတော်မူပါ။ အလိုတော်ရှိတဲ့အတိုင်း ပုံသွင်း ပြုပြင်တော်မူပါ။ နာမတော်မြတ်၌ ဆုတောင်းပါ၏။(အာမင်) မိတ်ဆွေဟာ အထက်ပါ ဆုတောင်းချက်အတိုင်း ယုံယုံကြည်ကြည် ဆုတောင်းလျက် သခင်ယေရူဘုရားကို ယုံကြည် လက်ခံမယ်ပြီးပြီ ဆိုရင် ကျမ်းစာအရ.... -(၁) ဘုရားသခင်၏သားဖြစ်ခွင့်ရပြီ (ယော၊၁း၁၂) -(၂) ထာဝရအသက်ရပြီ(ယော၊၆း၄၇) -(၃) ဘယ်တော့မှငရဲမကျတော့ပါ။(ယော၊၅း၂၄) -(၄) အပြစ်အားလုံးလွတ်ခွင့်ရပါပြီ။(ကော၊၁း၁၄)

No comments:

Post a Comment