Saturday, February 9, 2013

ဘုရားသခင်၏လမ်းလွှဲများ

ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။ မ ၁း၂၅ ကျွန်တော်က စာအုပ်ကြီးအတိုင်း၊ တစ်လမ်းမောင်းသမားဖြစ်သောကြောင့် ကျွန်တော် ၏အစီအစဉ်များ လွဲချော်သွားလျှင် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရသည်။ အခြေမကျသော နာကျင်စရာဘ၀၏ ပြောင်းလဲမှုများက ပို၍ပင် ဆိုး ပါသည်။ သို့ငြားလည်း “ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည် လည်း သင်တို့၏အကျင့်နှင့် မတူ” (ဟေရှာ ၅၅း ၈) ဟု ကိုယ်တော်မိန့်ကြားပြီး၊ မိမိ၏အစီအစဉ်အတိုင်း၊ တစ်လမ်းမောင်း သွားနေပါက ရရှိမည့်အကျိုးထက်၊ ကျွန်ုပ်တို့၏အသက်တာအတွက် ပိုအကျိုးရှိစေရေး ကိုယ်တော်က သူလမ်းလွှဲပေးရန်လိုအပ်ကြောင်း သိသည်။ ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင်က သူ့ကို အီဂျစ်နိုင်ငံသို့ လမ်းလွှဲပို့ဆောင်ပြီး၊ ဘုရားသခင်၏လူများကို အစာငတ်မွတ်ခေါင်းပါးသည့်ဘေးမှ ကယ်တင် စေသည်။ မောရှေကိုလည်း ဖါရောဘုရင်၏အိမ်တော် စည်းစိမ်ချမ်းသာမှလွှဲဖည်ပြီး တော၌ ဘုရားသခင်နှင့်ရင်ဆိုင်တွေ့စေခဲ့သည်။ ကတိထားတော်မူရာပြည်သို့ လူမျိုးတော်ကို ပို့ဆောင်ရန် သူ့ကို ပြင်ဆင်ခဲ့သည်။ ယောသပ်နှင့်မာရိကိုလည်း အထူးခြားဆုံးလမ်းလွှဲဖြင့် ပို့ဆောင်ရန် ကောင်းကင်တမန်အား စေလွှတ်ပြောကြားစေခဲ့သည်။ မာရိသည် “သား ယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ် သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏” (မ ၁း၂၁)။ ယောသပ်သည် ဘုရားသခင်၌ ပို၍ကြီးမားသောအကြံအစည်ရှိကြောင်း ယုံကြည်လျက် နာခံခြင်းဖြင့် ဖွားမြင်သောသားကို “ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏”(း၂၅)။ နောက်ပိုင်း အဖြစ်အပျက်များမှာ နှစ်သက်ဖွယ် ဇာတ်လမ်း မဟုတ်ပါလား။ ကျွန်ုပ်တို့၏ ဘ၀သမိုင်းစာမျက်နှာအတွက်ပို၍ ကောင်းမွန်သော ကိုယ်တော်၏ အကြံအစည်များကို အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းကြောင့်၊ ဘုရားသခင်၏ပိုမို ကြီးမြတ်သောအကြံအစည်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်တော့သည်။

No comments:

Post a Comment