|
Forgiveness is for You
|
|
“Judge not,
and you shall not be judged. Condemn not, and you shall not be condemned. Forgive, and you
will be forgiven.”
|
|
(Luke 6:37, NKJV)
|
|
|
|
TODAY’S WORD from Joel and Victoria
|
|
Did you know that the ability to forgive others is a gift from God? The
Bible tells us that if we don’t forgive others, we cannot be forgiven. If we
don’t forgive, we are blocking the ability for God to work in our lives. But
when we choose to forgive, we are choosing God’s way and opening the door for
Him to heal our hurts and restore our souls.
Forgiveness doesn’t mean that what that person did was right or that you
even have to get back into a relationship with that person. Forgiveness
simply releases the debt they owe you so that God can release the debt you
owe Him. Ask the Lord to search your heart and show you if there is any
unforgiveness blocking His blessing in your life. Ask Him to show you more
about this gift of forgiveness so that you can walk in the freedom and
victory He has for you today.
|
Thursday, October 25, 2012
Wednesday, October 24, 2012
|
Heavy With
Favor
|
|
TODAY’S
SCRIPTURE
|
|
“Arise, shine; for your light has come! And the glory of the LORD is
risen upon you.”
|
|
(Isaiah
60:1, NKJV)
|
|
|
|
TODAY’S WORD from Joel and Victoria
|
|
Notice that today’s verse doesn’t say that the
glory of the Lord is going to come on you one day. It doesn’t say, “Maybe
when the economy gets better, when you graduate from college, or when you get
that good break.” No, it says God’s glory is already on you!
The word “glory” in the original language
indicates that God’s favor, blessing and splendor is on you in a heavy way.
It’s something that is tangible and has weight. Think about it this way: You
are not less than, intimidated or weak; you are heavy with God’s favor. You
are dripping with God’s goodness. Your attitude should be, “There’s no
telling what’s in my future! I am weighted down, not with burdens, not with
problems. I am weighted down with the favor of God.”
When you really understand that you are heavy
with favor, then it’s easy to be heavy with expectation. It’s easy to believe
for big things when you know God has favored you in a big way. It’s time for
you to arise. It’s time for you to shine. Let that sink down into your spirit
today because it’s time for you to arise and shine because His glory, His
favor is heavy upon you!
|
အဟောအပြောကောင်းနည်းနှိမ့်ချ၏။
24.10.2012
ဖတ်ရန်: တ ၁၈း၂၄-၂၈
နှိမ့်ချလျက်ရှိသော သူတို့အား (ဘုရားသခင်သည်) ခရီးတော်တို့ကို သွန်သင်တော်မူ၏။ ဆာ ၂၅း၉
သမ္မာကျမ်းစာ တစ်နှစ်တာ:
မာ ၁၁-၁၃
မာ ၁၁-၁၃
အာပေါလု၌ ထိုစွမ်းရည်မျိုးရှိသည်။ သူသည် “နှုတ်သတ္တိပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏” (တ၁၈း၂၄)။ သူသည် ခရစ်တော်အကြောင်းကို မှန်ကန်စွာ သင်ကြားပေးသော်လည်း ဗတ္တိဇံဆရာယောဟန်၏ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကိုသာ ဟောပြောသည် (း၂၅၊ ၁၉း၎)။ အာပေါလုသည် ယေရှု၏ သွန်သင် ချက်ကိုသိသော်လည်း ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်းကို မသိခြင်းဖြစ်မည် (တ ၂)။ သူ၏ သွန်သင်မှုက မစုံလင်၊ အကြောင်းမှာ နေ့စဉ်ခွန်အားရရှိရန် အတွက်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝရမည့်အကြောင်းကို သူမသိသေး၍ ဖြစ်သည်။
သို့နှင့်ရှင်ပေါလု၏ မိတ်ဆွေ အာကုလနှင့်ပြစ်ကိလတို့ ဇနီးမောင်နှံက အာပေါလု၏ သွန်သင်မှုကိုတည့် မတ်ပေးရန် သူတို့နေအိမ်သို့ ခေါ်ဖိတ်ခဲ့သည်။ အာပေါလုသည် ပညာများစွာတက်ပြီး နှုတ်ထွက်ကျမ်းစာကို ကျေညက်စွာ သိရှိသူဖြစ်သော်လည်း သူသည် အာကုလနှင့်ပြစ်ကိလတို့၏ လမ်းညွန်သွန်သင်မှုကို နှိမ့်ချစိတ် နှင့်ခံယူလက်ခံခဲ့သည်။ ရလဒ်အနေဖြင့် အာပေါလုသည် သာသနာလုပ်ငန်းအမြင်သစ် နားလည်မှုအသစ်နှင့် ရှေ့ဆက်လုပ်ဆောင်နိုင်ခဲ့သည်။
ဘုရားသခင်သည် “နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိ သောသူတို့အား လမ်းခရီးတော်တို့ကို သွန်သင်တော်မူ၏။” ဟု ဆာ ၂၅း၉ ၌ကတိပေးထားပါသည်။ ကျွန်ုပ်တို့၌ နှိမ့်ချသောစိတ်ထားရှိပါက ဘုရားသခင်က ကျွနှ်ပ်တို့ကို သွန်သင်ပြီး အခြားသူများ၏ အသက်တာကို တို့ထိ ရန်အတွက် အသုံးပြုလိမ့်မည်။ — Cindy Hess kasper
Tuesday, October 23, 2012
|
Make Room
|
|
TODAY’S SCRIPTURE
|
|
“A good man leaves an inheritance to his
children’s children, but the wealth of the sinner is stored up for the
righteous.”
|
|
(Proverbs 13:22, NKJV)
|
|
|
|
Notice, God has already laid
up contracts, houses, businesses, promotions and good breaks. They already
have your name on them. If you’ll keep honoring God and making room for them,
then eventually they will find their way into your hands — the hands of the
righteous.
That means right now
something is headed your direction; not bad breaks, not disappointments, not
lack, not mediocrity. If you have accepted Jesus Christ as your Lord and
Savior, then you are the righteous! Increase is looking for you. Favor is
looking for you. Good breaks are looking for you!
My question is, are you making room for it?
Are you taking off the limits in your thinking? Are you preparing for
increase? Get rid of any old thoughts that are telling you, “You’ve gone as
far as you can. You never get any good breaks. This sounds good today, but
this is not for you. This is for everybody else. You’ve made too many
mistakes. You come from the wrong family.” There will always be voices that
try to talk you out of it. When you look at it in the natural, your own
thoughts may tell you, “It’s impossible. There’s no way.” But that’s when you
have to rise up in faith and embrace His promises so you can make room for
the blessings He has in store for you.
|
ယုံကြည်စိတ်ချနိုင်သောမေတ္တာ
ကျွန်ုပ်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာနှင့်ပတ်သက်၍ ထူးခြားမှတ်သားဖွယ်ရာမှာ သူ့မေတ္တာ ဘယ်ခါမှ မကုန်ဆုံးကြောင်း ကိုယ်တော် ကတိပေးထားခြင်းဖြစ်သည်။ ပရောဖက်ယေရမိမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအခြေအနေကို ကြုံတွေ့ခဲ့ရ၍ စိတ်ဓာတ်ကျ စိတ်ထိခိုက်ခဲ့ရသည် (ယေမြည် ၃း၁၃-၂၉)။ ဘုရားသခင်၏ မေတ္တာဆီသို့ လှည့်ပြန်ရန် သူအကြိမ်ကြိမ် သတိပေးခဲ့လည်း သူ့လူမျိုးများက ငြင်းဆန်သည်။ ယေရမိက `ငါသည် ထာဝရဘုရားသခင် ရှေ့တော်၌ အစွမ်းသတ္တိနှင့်မြော်လင့်စရာအကြောင်း ပျက်လေပြီ´ ဟုဆိုခဲ့သည် (း၁၈)။
သို့ငြားလည်း အမှောင်မိုက်ဆုံးအချိန်၌ ယေရမိသည် ဘုရားသခင်၏ အမြဲစိတ်ချထားနိုင်သော မေတ္တာကို ဆင်ခြင်ပြီး `ထာဝရဘုရားသခင်သည် သနားတော်မူ၍ ကရုဏာတော်မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာအသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဉ်၏ သဘောဟူမူကား ထာဝရဘုရားသခင်သည် ငါ့အဘို့ ဖြစ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်ကို ငါမျှော်လင့်ပါ၏´ ဟုရေးသားခဲ့သည် (၃း၂၂-၂၄)။ အမြဲချစ်မည်ဟု တစ်စုံတစ်ဦးက ၀န်ခံကတိပြုပြီး ကတိမတည်ဖြစ်သွားနိုင်သည်။ သို့သော် ဘုရားသခင်၏ မေတ္တာက မပြောင်းမလဲ၊ တိကျသေချာပါသည်။ `ထာဝရဘုရားသခင်သည် သင်တို့၏ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ” (တရား၃၁း၆)။ ထိုမေတ္တာကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ — David McCasland
Saturday, October 13, 2012
ပေတရု
ဘုရားသခင်၏ သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့ တစ်ဦးစီတိုင်းအတွက် ထာဝရဘုရားရှင်သည် မြင့်မြတ်လှသော အကြံအစည်တော် ရည်ရွယ်ချက်များ ထားရှိပေ၏။ မှန်ကန်သောလမ်း၊ မှန်ကန်သောအသက်တာကို အစဉ် ပို့ဆောင်လိုပေသည် (ယေရမိ ၂၉း၁၁-၁၂)။ မိဘမေတ္တာကိုမြင့်မိုရ်တောင်နှင့် ခိုင်းနှိုင်း၍ တင်စားကြသော် ထာဝရဘုရား၏ မေတ္တာတော်သည် အသင်္ချေမက သာလွန်လှပေသည်။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည့်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါ မမေ့လျော့” (ဟေရှာ ၄၉း၁၅-၁၆)။ ထိုမျှ ဂရုစိုက်တော်မူသောအရှင်သည် ကျွန်ုပ်တို့ လမ်းမမှားရလေအောင် အကောင်းဆုံးသော ဘဝအသက်တာ လမ်းညွှန်အဖြစ် သမ္မာကျမ်းစာအား ပေးခဲ့လေပြီ(၂တိ ၃း၁၆-၁၇)။
ဘုရားရှင်နှင့် ပေတရုညီနောင်
တရံရောအခါ ရှိမုန်ဆိုသောသူနှင့် ညီ အနြေ္ဒတို့သည် ဂါလိလဲအိုင် တဝိုက်တွင် အသက်မွေးဝမ်းကျောင်းဖြစ်သော တံငါအလုပ်ကိုလုပ်ကိုင်လျှက် ရှိကြလေသည်။ သူတို့၏အသက်တာတွင် မှီခိုအားထားစရာဟူ၍ ကျောထောက်နောက်ခံမှာ လှေထိုးငါးဖမ်းမှ တစ်ပါး အခြားလုပ်ငန်း ဘာမျှမရှိပေ။ ထို့အတူ စိတ်ကူးထဲမှာပင် အခြားသော အရာတို့အတွက် နေရာလပ်မရှိ၊ ကျွမ်းကျင်ရာ အလိမ္မာ ဆိုသည့်အတိုင်း တံငါလုပ်ငန်းဖြင့် ကျင်လည်ခဲ့သည်မှာ မိဘများလက်လွဲအပ်နှံခြင်း ပခုံးပြောင်းတာဝန်ကိုပင် ရရှိပြီး ထိုအသက် မွေးဝမ်းကျောင်းမှုပညာ၌ပင် ကျင်လည်စွာ လုပ်ကိုင်၍ ဘဝအတွက် ကောင်းစွာ ရပ်တည်နိုင်ခဲ့လေပြီ။ နေထွက်မှ နေဝင် တံငါလုပ်ငန်းဖြင့် လုံးပမ်းရိုက်နေသော ထိုညီအစ်ကိုတို့၏ ဘဝတစ်ခုကို ထာဝရရှင်ဘုရားသည် သိမှတ်ကာ အကြင်နာပွား၍ ဂရုတစိုက် ရှိတော်မူသည်ကို ကား၊ လူသားတို့ မထင်မှတ်သကဲ့သို့ပေတရုတို့ ညီနောင်တို့ကိုယ်၌ကပင်စိတ်ဝယ် မတွေး၊ အိပ်မက်ပင် မမက်ခဲ့ဖူးသည်မှာ အထူးထူးသော ဆန်းကြယ်ဖြစ်ရပ်တို့မှ ဧကန်ဆန်းကြယ်သော အဖြစ်ပါပေ။
ခေါ်ဖိတ်ခြင်းစကား ရောက်လာခြင်း
သမားရိုးကျ၊ နိစ္စဓူဝ အတိုင်း ဂါလိလဲနှင့် တံငါလှေမှာ ပေတရုညီနောင်တို့အဖို့ ဘဝကို တင်စားရပါက စွယ်တော်ရွက်ပမာ ပေတရုညီနောင်၊ဂါလိလဲနှင့် ငါးဖမ်းလှေ ပေါင်းပါမှဘဝ ဆိုတာ ပီပြင်ရမည်မို့ သီလစောင့်ရေး ဝေး၊ အူမ တောင့်ရေးပင်စိတ်မအေးရ ပါချေတကား။ သို့သော်တစ်နေ့သောအခါ ယေရှုခရစ်တော်သည် ဂါလိလဲအိုင်နားတွင် လှည့်လည်တရားဟောရင်း ရှိမုန်နှင့် အနြေ္ဒ ညီအစ်ကိုတို့အား မြင်တော်မူ၍ ထာဝရအသက်နှင့်ဆိုင်သော ကယ်တင်ခြင်း အား ပေးလိုတော်မူ၏။ ထိုမျှမက ထိုညီအစ်ကိုများမှ တစ်ဆင့် ကယ်တင်ခြင်းတရားအား လူမျိုးတကာတို့အား ရရှိစေလိုသဖြင့် ပိုက်ကွန် ဖြန့်လျက်ရှိသော သူတို့အား မြင်တော်မူလျင် -
“ငါ့နောက်သို့ လိုက်ကြလော့၊ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေခြင်းငှာ ငါပြုမည်”ဟူသော အမိန့်တော်စကားသည် ထွက်ပေါ်လာခဲ့ပြီ။ ဘဝပေး အခြေကြောင့် ဖြစ်လာဘဝကိုကြိုးစားရုန်းကန်ရင်း ဘဝတစ်ခုမခိုင်မြဲသော်လည်း ယိုင်လဲခြင်းမရှိတော့တဲ့ဘဝတွင် ဘုရားကိုကား သူတို့ဦးထိပ်ထားရန် မမေ့ခဲ့ ပါလေ။ ခရစ်တော် အမိန့်တော်စကားြွေခလေသော် -’ထိုသူတို့သည် ချက်ချင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏’(မဿဲ ၄း၁၈-၂၀)
ခိုင်မြဲသော ဆုံးဖြတ်ချက်
ပေတရုတို့ ညီနောင်သည် ခရစ်တော်၏ သတင်းစကားအား ဟိုဟိုဒီဒီမှ ကြားသိပြီးသူများ ဖြစ်သည့်အားလျော်စွာ ခရစ်တော်အား ကိုယ်တွေ့မြင်ရုံသာမက ထိုခေါ်ဖိတ်ခြင်းနှင့်ဆိုင်သော စကားအား မိန့်ဆိုသောအရှင်သည် ကြီးမြတ်လှသော ကယ်တင်ရှင်ဖြစ်ကြောင်းကို ကောင်းစွာ သိရှိကြလေသည်။ ထိုကြောင့်လည်း ခရစ်တော်၏ စကားနှင့် တရားတော်ကို ကြားသောအခါတွင် ယေရှုခရစ်တော်၏ ‘ငါ့နောက်သို့ လိုက်ကြလော့}ဟူသည့် စကားမှတစ်ပါး အခြားသော အမှုအရေးအရာတို့အား သူတို့၏ အသက်တာတွင် လွှမ်းမိုး အနိုင်ယူခွင့် မပေးတော့ပေ။ သည်ထက်မက ‘ခရစ်တော်၏ စကားသံ}ကိုသာ အာရုံစိုက်၍ ထိုတရား ထိုဘုရား နောက်ကိုပင် ထပ်ချပ်မကွာ ခိုင်မာသောဓိဌာန်ကိုချကာ လိုက်ခဲ့လေ တော့သည်။
ထာဝရကောင်းချီးမင်္ဂလာစမ်း
ဘုရားရှင်မြတ်၏ စကားတော်သမ္မာတရားဟူသည် ကျွန်ုပ်တို့တစ်ဦးစီတိုင်းအား မှန်သောလမ်းထက် သေချာသော ပြောင်းလဲခြင်းကင်းသည့်သမ္မာတရားလမ်းစဉ်၌ သမ္မာကောင်းချီးများကို ခံစားစေလိုကြောင်းကို ဖော်ပြလမ်းညွှန်ခြင်း များသာဖြစ်ကြောင်းသမ္မာကျမ်းစာတွင် တွေ့ရှိရုံမက လက်တွေ့ပါ ခံစား စံစား ကြရသည်ကားအပို မဟုတ်ပါလေ။ ‘ငါ့နောက်သို့လိုက်လော့’ ဆိုသည့် စကားတော်မှာကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးခြင်း၊ ကျွန်ုပ်တို့ တစ်ဦးစီတိုင်းအားဖြင့် လူအပေါင်းတို့အား ထာဝရအပါယ်ငရဲမှ ထာဝရအသက်ရှင်ခြင်းသို့ ရောက်ရှိစေရန် ဘုရားရှင်၏ ကြီးမြတ်လှသော အကြံအစည်တော်ဖြစ်ခြင်း၊ ဖန်ဆင်းရှင်ဘုရားသည် လူသား အားလုံးတို့အတွက် ထားရှိတော်မူသော မေတ္တာတော်ကို လူသားများအား ဖွင့်ပြ သိရှိ နားလည် ခံယူစေ၍ ထာဝရကောင်းကင်၌ ထာဝရခံစားရန် အတွက်နှင့် ဘုရားနှင့် လူသား ပြန်လည်သင့်မြတ်ကာ
တလုံးတဝတည်း မိတ်သဟာယဖွဲ့၍ ‘ဘုရားနွယ်ဝင်’များ ဖြစ်လာစေရေးပင်ဖြစ်သည်။ ပေတရုတို့ညီနောင်သည် အသက်ရှင်တော်မူသော ဘုရားမြတ်စကားကို ကြားနာပြီးနောက် ထာဝရအသက်ကို ရရှိသည်သာမက သူတို့၌ရှိသော ထာဝရအသက်စမ်းရေသည် အစဉ်အမြဲ စီးဆင်းလျက် ရှိသောကြောင့် သူနှင့် ထိတွေ့ စပ်ဆိုင်သော သူတို့သည်လည်း ဝစွာသောက်သုံးခွင့် ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြလေသည်တကား (ယော ၄း၁၄)။
နိဂုံး
ယနေ့တွင်လည်း ရှိမုန်ပေတရုနှင့် သူ၏ အပေါင်းပါတို့ကို မိန့်ြွမက်သကဲ့သို့ သင်နှင့် ကျွန်ုပ်အားလည်းခရစ်တော်သည် ‘ငါ့နောက်သို့ လိုက်ကြလော့၊ လူကိုမျှားသော တံငါဖြစ်စေမည်’ ဟူ၍ မိန့်ြွမက်နေဆဲပင်။ ကျွန်ုပ်တို့ဘဝအသက်တာအတွက် ထိုဘုရားနှင့် ထိုစကားတော်အား ပေတရုတို့ကဲ့သို့ အထူးတန်ဖိုးထားဖို့သည် အဓိကအကြောင်းအရင်းပင် ဖြစ်ပေ၏ (ဖိလိ
၎း၁၃)။ အကြောင်းမှာ ထိုစကားကို မိန့်ြွမက်တော်မူသော အရှင်ယေရှုသည် ကျွန်ုပ်တို့၏ ယခုဘဝ၊ နောင်ဘဝအတွက် အကောင်းဆုံး ဖန်တီးလမ်းပြ ကွယ်ကာပေးနိုင်သော အရှင် ဖြစ်သောကြောင့် ပေတည်း (ရော ၈း၂၈)။ ယေရှုက’ငါပေးသောရေ(တရား)ကို သောက်သောသူကား ရေငတ်(ချို့တဲ့) ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေ(တရား)သည် ထိုသူ (လက်ခံယုံကြည်သူ)၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏(ယော ၄း၁၄)။
နာမတော်မြတ်၌
(စယ်မြူရယ်စိုးလွင်)
ကယ်တင်သောဘုရားရှင်
Dr.တင်မောင်ထွန်း
လူသည် လွန်စွာထူးဆန်းသောသတ္တ၀ါဖြစ်သည်။ မည်သည့်အရာကိုမျှ လွယ် လင့်တကူ
မယုံကြည်တတ်ပေ။ သိပ္ပံပညာထွန်းကားနေသော အချိန်ကာလဖြစ်၍ လူ
သည်အကြောင်းအရာတစ်ခုကို လက်တွေ့ ကျကျထိတွေ့ သိမြင်ခံစားပြီးမှသာ လက်ခံယုံကြည် တတ်ကြသည်။ မိမိတို့၏ဦးနှောက်အသိပညာကို အခြေထားစဉ်းစားပြီး
အသက်ရှင် တတ်သော လူသည် ဘုရားဟူသော ပုဂ္ဂိုလ်တော်မြတ်ကိုမျက်စိဖြင့် မမြင် ရသော်လည်း မနှောအာရုံအသိနှင့် နှလုံးတွင်းမှခံစားပြီး သက်ဝင်ယုံကြည် ကိုးစား ကာ အလေးထားအသက်ရှင်ကြသည်မှာ သဘာဝတရားထက်ကျော်လွန်သော ထူး ဆန်းအံ့ဘွယ်အမှုတစ်ခု ပင်ဖြစ်ပေသည်။ လောကတွင် သဘာဝတရားအများရှိကြ သည်ဖြစ် ရာ သဘာဝတရားတိုင်းက လောကုတ္တရာကဏ္ဍတွင် သုခချမ်းသာခံစားနိုင်
ရေးအတွက် ယနေ့ပစ္စုပ္ပန်ကာလအသက်ရှင်မှုကို သတိပြုကြဖို့ရန် အသိပေးနိုးဆော်ထားကြပါသည်။ လူမှန်လျှင်ကွာခြားမှုမရှိ
(လု၊ ၁၆း၁၉-၃၁)တွင်လူနှစ်ဦးကိုတွေ့ရသည်။ တစ်ဦး ကငွေကြေး ဥစ္စာပစ္စည်း ကြွယ်ဝပြည့်စုံသောသူဌေးဖြစ်ပြီး ကျန်တစ်ဦးကလာဇရု အမည်ရှိဆင်းရဲသားဖြစ်သည် သူဌေးသည် နီမောင်းသော အ၀တ် ကိုဝတ်၍ နေ့တိုင်းကာမဂုဏ်စည်းစိမ်၌ပျော်မွေ့ ကာလောကီ အရေး ကိုသာစဉ်းစားအသက်ရှင်နေကြောင်း တွေ့ရသကဲ့သို့ လာဇရုမှာ
မူ စားစရာမဲ့ငတ်မွတ်လျှက် သူဌေးစားပွဲမှ ကျသော အစာကို စားရ အံ့သော ငှါ တောင့် တစိတ်နှင့် သူဌေးအိမ်တံခါး နားတွင်နေေ ကြာင်းတွေ့ ရသည်။ထိုနည်းတူလောကတွင် လူချင်းတူသော် လည်း လောကီကဏ္ဍ၌အခြေအနေမတူညီပဲ ကွာခြားမှုရှိကြပေသည်
တချို့ကပညာတတ်သည်။ တစ်ချို့ကပညာမဲ့သည်။ တစ်ချို့ကဆင်းရဲကြသည်။ တစ်ချို့ကချမ်း သာကြ သည် လောက၌ အသက်ရှင်စဉ် ဤမတူညီမှုများရှိလင့်ကစား အဆုံး တစ်နေ့ တွင် ကွာခြားမှုမရှိကြောင်းနားလည်ရသည်။ သူဌေးသည်တစ်နေ့သော
အခါ သေဆုံးရသကဲ့သို့ ဆင်းရဲသားလာဇရုလည်း သေ ဆုံး ရကြောင်းတွေ့ ရသည်။ တမလွန်အကျိုးရလဒ်ကွာခြား
သူဌေးသည်လောက၌အသက်ရှင်စဉ် စည်းစိမ်ခံစားရ၍ သက်သာ မှုကိုရသော် လည်းသေလွန်ပြီးသည့်နောက် မရဏာနိုင်ငံ ၌ ပြင်း စွာ သောဝေဒနာကိုခံစားရကြောင်း တွေ့ရသည်။ လာဇရုအမည်ရှိသူ ဆင်းရဲသားမှာမူ လောက၌ဆင်းရဲငတ်မွတ်၍ ဒုက္ခ ဝေဒနာမျိုးစုံ ခံရသော်လည်း တမလွန်၌သက်သာခြင်းကိုရကြောင်းတွေ့ရသည်။ လူ
သည်လောကီကဏ္ဍ၌သာအသက်ရှင်၍ အဆုံးသတ်ရမည် မဟုတ်ပေ။ လောကုတ္တရာ ကိုလည်း ခရီးဆက်ရဦး မည်ဖြစ်သည် လောက၌မည်မျှပင်ကြွယ်ဝပြည့်စုံ၍ ကောင်း ကျိုးမင်္ဂလာ အဖြာဖြာ ကိုခံစားရပါစေ၊ တမလွန်၌အပါယ်ငရဲတွင် ပြင်းစွာဝေဒနာခံစား
ရမည်ဆိုပါက မည်မျှအကျိုးဆုံးရှုံးမည်နည်း။ ယနေ့ကျွန်ုပ်တို့ အသက်ရှင်နေကြသော ပစ္စုပ္ပန်ကာလသည် သင်္ခါရဖြစ်သော် လည်း သေပြီးသည့်နောက် ရောက်ကြရမည့် လောကုတ္တရာ(တမလွန်ခရီး)သည် တဒင်္ဂမဟုတ်သည့် ထာဝရကာလဖြစ်ပေသည်။ ဘာသာတရား
လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားတိုင်းက လူ့ အသက်တာအခြေအနေကို မီးမောင်းထိုးပြနေပါသည်။ မကောင်းသောအကျင့်အကြံ အပြုအမူတို့ကိုရှောင် ၍ ကောင်းသော အသက်တာ၌ရှင်သန်ဖို့ သတိပေးနိုးဆော်ပါ သည်။ လူသည်ကောင်း မကောင်း သိသောဥာဏ်အပေါ် အခြေထား၍ မကောင်းသည်
နှင့်ကောင်းသည်ကိုခွဲခြားသိသော်ငြားလည်းလက်တွေ့မကျင့်သုံးနိုင်၊မကောင်းသည်
ကိုသိလျက်နှင့်မရှောင်နိုင်၊ ကောင်းသည့်အရာကိုသိလျက်နှင့်လည်း မလုပ်နိုင်သည် မှာ လူ၏မပြည့်စုံသော အားနည်းချက်ပေတည်း။ ကောင်းသောအသက်ရှင်မှုတို့အ တွက် တမလွန် တွင်ကောင်း ကျိုးချမ်းသာကို ခံစားရဖို့ရှိသလို မကောင်းသောကျင့်ကြံ
ပြုမူအသက်ရှင်မှုအတွက် တမလွန်တွင်အပါယ်ငရဲ ၌ ပြင်းပြစွာ ဝေဒနာခံစားရမည် ဖြစ်သည်။ မနှော အာရုံ အသိက လူတွင်ရှိသည်ဖြစ်၍ တမလွန်အရေးကိုစဉ်းစားတိုင်း လူ
သည် စိတ်ရတက်မအေးနိုင်ရလောက်အောင်ဖြစ်နေပါသည်။ ဘာသာတရားကလူကို အပါယ်ငရဲမှမကယ်နိုင်ပါ။ ဘာသာတရား ကလူကိုမိမိအခြေအနေမှန်ကို သိဖို့ရန်မီး မှောင်ထိုးပြသည်သာမက အပါယ်ငရဲမှကယ်တင်နိုင်သောဘုရားရှင်ကို ကိုးစားအမှီပြု
ဖို့ရန်ညွန်ပြနေပါသည်။ မေတ္တာတော်ရှင် ဘာသာတရားနှင့် ဘုရားသည်များစွာကွဲခြားပါသည်။ ဘာသာတရား၌အသက်
မရှိပါ။ ဘုရားဟူသည် မေတ္တာတော်ရှင်ဖြစ်ရုံမျှမက အသက် ရှင်တော်မူသော ပုဂ္ဂိုလ် တော်မြတ်လည်းဖြစ်သည်။ လာဇရုသည် လောကီအသက်ရှင်စဉ် အသက်ရှင်တော်
မူသောဘုရားကို သိရှိယုံကြည်ကိုးစားသောသူဖြစ်ကြောင်း နားလည်ရသည်။ အကြောင်းမှာ လာဇရုသောသောအခါ သူ၏၀ိညာဉ်ကို ကောင်းကင်တမန်တို့က လာ ရောက်ခေါ် ယူသွားကြောင်းတွေ့ရသည်။ သူဌေးသည် အသက်ရှင်စဉ်က ဘာသာတ ရားကိုသိပါသည်။ အာဗြဟံ၏အကြောင်း ကိုလည်းသူသိပါသည်။ သို့သော်ထာဝရဘုရားကို ပမာဏ မပြု။ လောကီကာမဂုဏ်စည်းစိမ် ၌ နေ့စဉ်ခံစားပျော်မွေ့ရေးကိုသာ အလေးထားသောကြောင့် သေလွန်သောအခါသူဌေး၏၀ိညာဉ်အား ကောင်းကင်တ မန်များက လာရောက်ခေါ်ယူခြင်းမရှိသဖြင့် မရဏာနိုင်ငံသို့ရောက်ရှိ သွားကာ ပြင်းစွာဝေဒနာခံစားရကြောင်း တွေ့ရသည်။
သူဌေးသည် တမလွန်ရောက်ပြီးမှ နောင်တရ၍ မိမိညီများအတွက် စိတ်ပူ ကြောင်း တွေ့ရသည်။ သို့သော်သူဌေး၏နောင်တ သည်နောက် ကျသွားပြီဖြစ်သည်။
တမလွန်၌ကောင်းကျိုး ချမ်းသာခံ စားနိုင်ဖို့ရန်အသက်ရှင် စဉ်အချိန်၌သာကျွန်ုပ်တို့တွင် ရွေးချယ်စဉ်းစား ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။ယနေ့ကျွန်ုပ်တို့၏ အသက်တာအာမခံချက်
သည် အဘယ်အရာပေါ်၌ တည်ရှိပါသနည်း။ သခင်ခရစ်တော်၏ စကားအပေါ်၌တည်မှီနေပါက တမလွန်အတွက်စိတ်ချနိုင်ပါသည်။ “ငါသည် သမ္မာတရား၊ အသက်၊လမ်းခရီးဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင်ကြောင်း” သတိပေး ပါသည်။ (ယော ၁၄း၆)။ သခင်ယေရှုကမိမိကိုယုံကြည်သူများနှင့်
ကပ်ကမ္တာကုန်သည့်တိုင်အောင် အတူရှိမည်ဟု ဂတိပေးပါသည်။
မြည်းစမ်းသိမှတ်ယုံကြည်ပါ သခင်ယေရှုက “ငါ့ကိုခေါ်လော့၊ ငါထူးမည် ။ငါ့ကိုယုံကြည်သောသူသည် သေ လွန်သော်လည်း ရှင်လိမ့်မည်” ဟုမိန့်တော်မူပါသည်။ သခင်ယေရှုကို အသက်တာ၌ ယုံကြည်ကိုး စားနိုင်ဖို့ရန် သက်သေရလိုပါက ကိုယ်တော်၏နာမ၌ခေါ်ကြည့်ပါ။ ကိုယ်
တော်သည်အမှန်တကယ် အသက်ရှင်တော်မူသောဘုရားဖြစ်ပါက ကျွန်တော်ကျွန်မ ၏အသက်တာကို ဤမည်သောပြသနာအခက်ခဲမှ ကယ်မ၍ သက်သေထူပါဟု ဆုတောင်းကြည့်ပါက ကိုယ်တော် သည်ထူး၍ အသက်ရှင်ကြောင်းသက်သေကို ပြလိမ့်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏အသက်တာ၌ ကိုယ်တော့်အားကိုယ်တိုင်မြည်းစမ်း၍ သက်သေခံ စားရပြီး ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်မည်ဆိုပါက ကိုယ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိမည်ဖြစ်သည်။ ၄င်းအပြင် နေ့စဉ်အသက်တာ၌လည်း ကိုယ်တော်အတူပါ
ရှိကြောင်း သက်သေကို ကျွနုပ်တို့အားဖြင့်ထင်ရှားစေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူ သည်ယခုဘ၀အသက်ရှင်ပြီး အဆုံးသတ်သွား မည်မဟုတ်ကြောင်း၊ နောင်ဘ၀၌ ဆက်လက်ရှင်သန်ရန်ရှိသေေ ကြာင်း၊ သခင်ယေရှုကိုယုံကြည်၍ အသက်ရှင်သူတို့
အတွက်၊တမလွန်၌ ထာဝရဘုရားနှင့်အတူသုခချမ်းသာကို ခံစားနိုင်ကြောင်း သတိ ပြုဆင်ခြင်လျက် မိမိတို့အသက်တာ ကိုပြင်ဆင်ပြီး အသက်ရှင်ကြပါမည့်အကြောင်း
မေတ္တာနှင့်အသိပေးဝေငှလိုက်ပါသည်။

ပြောင်းဖူးနန်းတော်
13.10.2012
မာ ၄း၁-၂
အစေ့ကို ကြဲသည်တွင်အချို့သော အစေ့တို့သည် လမ်း၌ကျသဖြင့် မိုးကောင်းကင်ငှတ်တို့သည်လာ၍ ကောက်စားကြ၏။
သခင်ယေရှုက ငှက်နှင့်မျိုးစေ့များ အကြောင်းနှင့်ပတ်သက်၍ ပုံဆောင်ချက်ကို (မာ ၄း၃-၄၊ ၈) ၌ ပြောဆိုခဲ့သည်။ “နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ကောက်စားကြ၏။ … အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီးကြ၏။
ခရစ်တော်က “တရားစကားကို လမ်း၌ကြဲခြင်းအကြောင်းအရာကား တရားစကားကို ကြားသည်ရှိ သော်၊ စာတန်သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသောတရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း (မာကု၎း၁၅)။ စာတန်သည် ဧ၀ံဂေလိတရားစကားကို မုန်းသည်။ ထို့ကြောင့် လူများ ဧ၀ံဂေလိတရားကို ယုံကြည်မူမရှိအောင် လုပ်ဆောင်သည်။ တခါတရံ ဧ၀ံဂေလိကြားသူများ ဆုံးဖြတ်ချက် နှောင့်နှေးအောင် (သို့) ကြားသည့်အရာများကိုမေ့ပျောက်အောင် ပါးနပ်စွာ လုပ်ဆောင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သက်သေခံရာ၌ ကြားနာလက်ခံရရှိသည့် နှလုံးသားများ၌ ခရစ်တော်၏ ဧ၀ံဂေလိတရားစကားများ အမြစ်တွယ်ညှိသွားရန် ဆုတောင်းအပ်နှံရပေမည်။ –
Subscribe to:
Posts (Atom)