Tuesday, October 23, 2012

ယုံကြည်စိတ်ချနိုင်သောမေတ္တာ

မာ ၇-၁၀
“မင်းကို ငါမချစ်တော့ဘူး” ဆိုသော စကားက လူတစ်ဦးအတွက် နားမချမ်းသာဆုံး၊ စိတ်မချမ်းသာဆုံး စကား ဖြစ်ကောင်းဖြစ်မည်။ ထိုစကားက ဆက်ဆံရေးကို အဆုံးသတ်စေသည်။ ၀မ်းနည်းကြေကွဲစေသည်။ ပြီးနောက် စိတ်ကူးအိမ်မက်များကို ပြိုကွဲစေသည်။ သစ္စာဖောက်ခံဖူးသူများက နောက်ထပ်နာကျင်မှု မခံစားရအောင် အခြားသူ တစ်ဦးဦး၏ မေတ္တာကိုမယုံတော့ရန်၊ ဘုရားသခင်၏ မေတ္တာကိုပင် မယုံရန် ယတိပြတ် ဆုံးဖြတ်ကြသည်။
ကျွန်ုပ်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာနှင့်ပတ်သက်၍ ထူးခြားမှတ်သားဖွယ်ရာမှာ သူ့မေတ္တာ ဘယ်ခါမှ မကုန်ဆုံးကြောင်း ကိုယ်တော် ကတိပေးထားခြင်းဖြစ်သည်။ ပရောဖက်ယေရမိမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအခြေအနေကို ကြုံတွေ့ခဲ့ရ၍ စိတ်ဓာတ်ကျ စိတ်ထိခိုက်ခဲ့ရသည် (ယေမြည် ၃း၁၃-၂၉)။ ဘုရားသခင်၏ မေတ္တာဆီသို့ လှည့်ပြန်ရန် သူအကြိမ်ကြိမ် သတိပေးခဲ့လည်း သူ့လူမျိုးများက ငြင်းဆန်သည်။ ယေရမိက `ငါသည် ထာဝရဘုရားသခင် ရှေ့တော်၌ အစွမ်းသတ္တိနှင့်မြော်လင့်စရာအကြောင်း ပျက်လေပြီ´ ဟုဆိုခဲ့သည် (း၁၈)။
သို့ငြားလည်း အမှောင်မိုက်ဆုံးအချိန်၌ ယေရမိသည် ဘုရားသခင်၏ အမြဲစိတ်ချထားနိုင်သော မေတ္တာကို ဆင်ခြင်ပြီး `ထာဝရဘုရားသခင်သည် သနားတော်မူ၍ ကရုဏာတော်မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာအသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဉ်၏ သဘောဟူမူကား ထာဝရဘုရားသခင်သည် ငါ့အဘို့ ဖြစ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်ကို ငါမျှော်လင့်ပါ၏´ ဟုရေးသားခဲ့သည် (၃း၂၂-၂၄)။ အမြဲချစ်မည်ဟု တစ်စုံတစ်ဦးက ၀န်ခံကတိပြုပြီး ကတိမတည်ဖြစ်သွားနိုင်သည်။ သို့သော် ဘုရားသခင်၏ မေတ္တာက မပြောင်းမလဲ၊ တိကျသေချာပါသည်။ `ထာဝရဘုရားသခင်သည် သင်တို့၏ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ” (တရား၃၁း၆)။ ထိုမေတ္တာကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ —
David McCasland

No comments:

Post a Comment