Wednesday, October 24, 2012

အဟောအပြောကောင်းနည်းနှိမ့်ချ၏။

24.10.2012
ဖတ်ရန်: တ ၁၈း၂၄-၂၈
နှိမ့်ချလျက်ရှိသော သူတို့အား (ဘုရားသခင်သည်) ခရီးတော်တို့ကို သွန်သင်တော်မူ၏။ ဆာ ၂၅း၉
သမ္မာကျမ်းစာ တစ်နှစ်တာ:
မာ ၁၁-၁၃
တစ်ပါးသူကို မိမိ၏ ယုံကြည်မှုအကြောင်းရှင်းပြ၊ ပြောပြပြီး မိမိ၏အပြော၌ မျောပါသွားအောင် ဆွဲဆောင်နိုင်သူများကို ကျွန်ုပ်လေးစားပါသည်။ အချို့က ယင်းစွမ်းရည်ကို “စကားပြောကောင်းခြင်း” သို့ “ဝေါဟာရများကို ကောင်းစွာအသုံးချခြင်း” ဟုဆိုကြသည်။ အချို့ကလည်း ယင်းကို “ကျလောက်အောင် အပြောကောင်းခြင်း” ဟုဆိုသည်။
အာပေါလု၌ ထိုစွမ်းရည်မျိုးရှိသည်။ သူသည် “နှုတ်သတ္တိပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏” (တ၁၈း၂၄)။ သူသည် ခရစ်တော်အကြောင်းကို မှန်ကန်စွာ သင်ကြားပေးသော်လည်း ဗတ္တိဇံဆရာယောဟန်၏ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကိုသာ ဟောပြောသည် (း၂၅၊ ၁၉း၎)။ အာပေါလုသည် ယေရှု၏ သွန်သင် ချက်ကိုသိသော်လည်း ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်းကို မသိခြင်းဖြစ်မည် (တ ၂)။ သူ၏ သွန်သင်မှုက မစုံလင်၊ အကြောင်းမှာ နေ့စဉ်ခွန်အားရရှိရန် အတွက်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝရမည့်အကြောင်းကို သူမသိသေး၍ ဖြစ်သည်။
သို့နှင့်ရှင်ပေါလု၏ မိတ်ဆွေ အာကုလနှင့်ပြစ်ကိလတို့ ဇနီးမောင်နှံက အာပေါလု၏ သွန်သင်မှုကိုတည့် မတ်ပေးရန် သူတို့နေအိမ်သို့ ခေါ်ဖိတ်ခဲ့သည်။ အာပေါလုသည် ပညာများစွာတက်ပြီး နှုတ်ထွက်ကျမ်းစာကို ကျေညက်စွာ သိရှိသူဖြစ်သော်လည်း သူသည် အာကုလနှင့်ပြစ်ကိလတို့၏ လမ်းညွန်သွန်သင်မှုကို နှိမ့်ချစိတ် နှင့်ခံယူလက်ခံခဲ့သည်။ ရလဒ်အနေဖြင့် အာပေါလုသည် သာသနာလုပ်ငန်းအမြင်သစ် နားလည်မှုအသစ်နှင့် ရှေ့ဆက်လုပ်ဆောင်နိုင်ခဲ့သည်။
ဘုရားသခင်သည် “နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိ သောသူတို့အား လမ်းခရီးတော်တို့ကို သွန်သင်တော်မူ၏။” ဟု ဆာ ၂၅း၉ ၌ကတိပေးထားပါသည်။ ကျွန်ုပ်တို့၌ နှိမ့်ချသောစိတ်ထားရှိပါက ဘုရားသခင်က ကျွနှ်ပ်တို့ကို သွန်သင်ပြီး အခြားသူများ၏ အသက်တာကို တို့ထိ ရန်အတွက် အသုံးပြုလိမ့်မည်။
— Cindy Hess kasper

No comments:

Post a Comment