Saturday, October 13, 2012

ကယ်တင်သောဘုရားရှင်

 Dr.တင်မောင်ထွန်း


လူသည် လွန်စွာထူးဆန်းသောသတ္တ၀ါဖြစ်သည်။ မည်သည့်အရာကိုမျှ လွယ် လင့်တကူ မယုံကြည်တတ်ပေ။ သိပ္ပံပညာထွန်းကားနေသော အချိန်ကာလဖြစ်၍ လူ သည်အကြောင်းအရာတစ်ခုကို လက်တွေ့ ကျကျထိတွေ့ သိမြင်ခံစားပြီးမှသာ လက်ခံယုံကြည် တတ်ကြသည်။ မိမိတို့၏ဦးနှောက်အသိပညာကို အခြေထားစဉ်းစားပြီး အသက်ရှင် တတ်သော လူသည် ဘုရားဟူသော ပုဂ္ဂိုလ်တော်မြတ်ကိုမျက်စိဖြင့် မမြင် ရသော်လည်း မနှောအာရုံအသိနှင့် နှလုံးတွင်းမှခံစားပြီး သက်ဝင်ယုံကြည် ကိုးစား ကာ အလေးထားအသက်ရှင်ကြသည်မှာ သဘာဝတရားထက်ကျော်လွန်သော ထူး ဆန်းအံ့ဘွယ်အမှုတစ်ခု ပင်ဖြစ်ပေသည်။ လောကတွင် သဘာဝတရားအများရှိကြ သည်ဖြစ် ရာ သဘာဝတရားတိုင်းက လောကုတ္တရာကဏ္ဍတွင် သုခချမ်းသာခံစားနိုင်
ရေးအတွက် ယနေ့ပစ္စုပ္ပန်ကာလအသက်ရှင်မှုကို သတိပြုကြဖို့ရန် အသိပေးနိုးဆော်ထားကြပါသည်။ လူမှန်လျှင်ကွာခြားမှုမရှိ
(လု၊ ၁၆း၁၉-၃၁)တွင်လူနှစ်ဦးကိုတွေ့ရသည်။ တစ်ဦး ကငွေကြေး ဥစ္စာပစ္စည်း ကြွယ်ဝပြည့်စုံသောသူဌေးဖြစ်ပြီး ကျန်တစ်ဦးကလာဇရု အမည်ရှိဆင်းရဲသားဖြစ်သည် သူဌေးသည် နီမောင်းသော အ၀တ် ကိုဝတ်၍ နေ့တိုင်းကာမဂုဏ်စည်းစိမ်၌ပျော်မွေ့ ကာလောကီ အရေး ကိုသာစဉ်းစားအသက်ရှင်နေကြောင်း တွေ့ရသကဲ့သို့ လာဇရုမှာ
မူ စားစရာမဲ့ငတ်မွတ်လျှက် သူဌေးစားပွဲမှ ကျသော အစာကို စားရ အံ့သော ငှါ တောင့် တစိတ်နှင့် သူဌေးအိမ်တံခါး နားတွင်နေေ ကြာင်းတွေ့ ရသည်။ထိုနည်းတူလောကတွင် လူချင်းတူသော် လည်း လောကီကဏ္ဍ၌အခြေအနေမတူညီပဲ ကွာခြားမှုရှိကြပေသည်
တချို့ကပညာတတ်သည်။ တစ်ချို့ကပညာမဲ့သည်။ တစ်ချို့ကဆင်းရဲကြသည်။ တစ်ချို့ကချမ်း သာကြ သည်   လောက၌ အသက်ရှင်စဉ် ဤမတူညီမှုများရှိလင့်ကစား အဆုံး တစ်နေ့ တွင် ကွာခြားမှုမရှိကြောင်းနားလည်ရသည်။ သူဌေးသည်တစ်နေ့သော
အခါ သေဆုံးရသကဲ့သို့ ဆင်းရဲသားလာဇရုလည်း သေ ဆုံး ရကြောင်းတွေ့ ရသည်။ တမလွန်အကျိုးရလဒ်ကွာခြား
သူဌေးသည်လောက၌အသက်ရှင်စဉ် စည်းစိမ်ခံစားရ၍ သက်သာ မှုကိုရသော် လည်းသေလွန်ပြီးသည့်နောက် မရဏာနိုင်ငံ ၌ ပြင်း စွာ သောဝေဒနာကိုခံစားရကြောင်း တွေ့ရသည်။ လာဇရုအမည်ရှိသူ ဆင်းရဲသားမှာမူ လောက၌ဆင်းရဲငတ်မွတ်၍ ဒုက္ခ ဝေဒနာမျိုးစုံ ခံရသော်လည်း တမလွန်၌သက်သာခြင်းကိုရကြောင်းတွေ့ရသည်။ လူ
သည်လောကီကဏ္ဍ၌သာအသက်ရှင်၍ အဆုံးသတ်ရမည် မဟုတ်ပေ။ လောကုတ္တရာ ကိုလည်း ခရီးဆက်ရဦး မည်ဖြစ်သည်   လောက၌မည်မျှပင်ကြွယ်ဝပြည့်စုံ၍ ကောင်း ကျိုးမင်္ဂလာ အဖြာဖြာ ကိုခံစားရပါစေ၊ တမလွန်၌အပါယ်ငရဲတွင် ပြင်းစွာဝေဒနာခံစား
ရမည်ဆိုပါက မည်မျှအကျိုးဆုံးရှုံးမည်နည်း။ ယနေ့ကျွန်ုပ်တို့ အသက်ရှင်နေကြသော ပစ္စုပ္ပန်ကာလသည် သင်္ခါရဖြစ်သော် လည်း သေပြီးသည့်နောက် ရောက်ကြရမည့် လောကုတ္တရာ(တမလွန်ခရီး)သည် တဒင်္ဂမဟုတ်သည့် ထာဝရကာလဖြစ်ပေသည်။ ဘာသာတရား
လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားတိုင်းက လူ့ အသက်တာအခြေအနေကို မီးမောင်းထိုးပြနေပါသည်။ မကောင်းသောအကျင့်အကြံ အပြုအမူတို့ကိုရှောင် ၍ ကောင်းသော အသက်တာ၌ရှင်သန်ဖို့ သတိပေးနိုးဆော်ပါ သည်။ လူသည်ကောင်း မကောင်း သိသောဥာဏ်အပေါ် အခြေထား၍ မကောင်းသည်
နှင့်ကောင်းသည်ကိုခွဲခြားသိသော်ငြားလည်းလက်တွေ့မကျင့်သုံးနိုင်၊မကောင်းသည်
ကိုသိလျက်နှင့်မရှောင်နိုင်၊ ကောင်းသည့်အရာကိုသိလျက်နှင့်လည်း မလုပ်နိုင်သည် မှာ လူ၏မပြည့်စုံသော အားနည်းချက်ပေတည်း။   ကောင်းသောအသက်ရှင်မှုတို့အ တွက် တမလွန် တွင်ကောင်း ကျိုးချမ်းသာကို ခံစားရဖို့ရှိသလို မကောင်းသောကျင့်ကြံ
ပြုမူအသက်ရှင်မှုအတွက် တမလွန်တွင်အပါယ်ငရဲ ၌ ပြင်းပြစွာ ဝေဒနာခံစားရမည် ဖြစ်သည်။ မနှော အာရုံ အသိက လူတွင်ရှိသည်ဖြစ်၍ တမလွန်အရေးကိုစဉ်းစားတိုင်း လူ
သည် စိတ်ရတက်မအေးနိုင်ရလောက်အောင်ဖြစ်နေပါသည်။ ဘာသာတရားကလူကို အပါယ်ငရဲမှမကယ်နိုင်ပါ။ ဘာသာတရား ကလူကိုမိမိအခြေအနေမှန်ကို သိဖို့ရန်မီး မှောင်ထိုးပြသည်သာမက အပါယ်ငရဲမှကယ်တင်နိုင်သောဘုရားရှင်ကို ကိုးစားအမှီပြု
ဖို့ရန်ညွန်ပြနေပါသည်။ မေတ္တာတော်ရှင် ဘာသာတရားနှင့် ဘုရားသည်များစွာကွဲခြားပါသည်။ ဘာသာတရား၌အသက်
မရှိပါ။ ဘုရားဟူသည် မေတ္တာတော်ရှင်ဖြစ်ရုံမျှမက အသက် ရှင်တော်မူသော ပုဂ္ဂိုလ် တော်မြတ်လည်းဖြစ်သည်။ လာဇရုသည် လောကီအသက်ရှင်စဉ် အသက်ရှင်တော်
မူသောဘုရားကို သိရှိယုံကြည်ကိုးစားသောသူဖြစ်ကြောင်း နားလည်ရသည်။ အကြောင်းမှာ လာဇရုသောသောအခါ သူ၏၀ိညာဉ်ကို ကောင်းကင်တမန်တို့က လာ ရောက်ခေါ် ယူသွားကြောင်းတွေ့ရသည်။ သူဌေးသည် အသက်ရှင်စဉ်က ဘာသာတ ရားကိုသိပါသည်။ အာဗြဟံ၏အကြောင်း ကိုလည်းသူသိပါသည်။ သို့သော်ထာဝရဘုရားကို ပမာဏ မပြု။ လောကီကာမဂုဏ်စည်းစိမ် ၌ နေ့စဉ်ခံစားပျော်မွေ့ရေးကိုသာ အလေးထားသောကြောင့် သေလွန်သောအခါသူဌေး၏၀ိညာဉ်အား ကောင်းကင်တ မန်များက လာရောက်ခေါ်ယူခြင်းမရှိသဖြင့် မရဏာနိုင်ငံသို့ရောက်ရှိ သွားကာ ပြင်းစွာဝေဒနာခံစားရကြောင်း တွေ့ရသည်။
သူဌေးသည် တမလွန်ရောက်ပြီးမှ နောင်တရ၍ မိမိညီများအတွက် စိတ်ပူ ကြောင်း တွေ့ရသည်။ သို့သော်သူဌေး၏နောင်တ သည်နောက် ကျသွားပြီဖြစ်သည်။
တမလွန်၌ကောင်းကျိုး ချမ်းသာခံ စားနိုင်ဖို့ရန်အသက်ရှင် စဉ်အချိန်၌သာကျွန်ုပ်တို့တွင် ရွေးချယ်စဉ်းစား ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။ယနေ့ကျွန်ုပ်တို့၏ အသက်တာအာမခံချက်
သည် အဘယ်အရာပေါ်၌ တည်ရှိပါသနည်း။ သခင်ခရစ်တော်၏ စကားအပေါ်၌တည်မှီနေပါက တမလွန်အတွက်စိတ်ချနိုင်ပါသည်။ “ငါသည် သမ္မာတရား၊ အသက်၊လမ်းခရီးဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင်ကြောင်း” သတိပေး ပါသည်။ (ယော ၁၄း၆)။ သခင်ယေရှုကမိမိကိုယုံကြည်သူများနှင့်
ကပ်ကမ္တာကုန်သည့်တိုင်အောင် အတူရှိမည်ဟု ဂတိပေးပါသည်။
မြည်းစမ်းသိမှတ်ယုံကြည်ပါ သခင်ယေရှုက “ငါ့ကိုခေါ်လော့၊ ငါထူးမည် ။ငါ့ကိုယုံကြည်သောသူသည် သေ လွန်သော်လည်း ရှင်လိမ့်မည်” ဟုမိန့်တော်မူပါသည်။ သခင်ယေရှုကို အသက်တာ၌ ယုံကြည်ကိုး စားနိုင်ဖို့ရန် သက်သေရလိုပါက ကိုယ်တော်၏နာမ၌ခေါ်ကြည့်ပါ။ ကိုယ်
တော်သည်အမှန်တကယ် အသက်ရှင်တော်မူသောဘုရားဖြစ်ပါက ကျွန်တော်ကျွန်မ ၏အသက်တာကို ဤမည်သောပြသနာအခက်ခဲမှ ကယ်မ၍ သက်သေထူပါဟု ဆုတောင်းကြည့်ပါက ကိုယ်တော် သည်ထူး၍ အသက်ရှင်ကြောင်းသက်သေကို ပြလိမ့်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏အသက်တာ၌ ကိုယ်တော့်အားကိုယ်တိုင်မြည်းစမ်း၍ သက်သေခံ စားရပြီး ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်မည်ဆိုပါက ကိုယ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိမည်ဖြစ်သည်။ ၄င်းအပြင် နေ့စဉ်အသက်တာ၌လည်း ကိုယ်တော်အတူပါ
ရှိကြောင်း သက်သေကို ကျွနုပ်တို့အားဖြင့်ထင်ရှားစေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူ သည်ယခုဘ၀အသက်ရှင်ပြီး အဆုံးသတ်သွား မည်မဟုတ်ကြောင်း၊ နောင်ဘ၀၌ ဆက်လက်ရှင်သန်ရန်ရှိသေေ ကြာင်း၊ သခင်ယေရှုကိုယုံကြည်၍ အသက်ရှင်သူတို့
အတွက်၊တမလွန်၌ ထာဝရဘုရားနှင့်အတူသုခချမ်းသာကို ခံစားနိုင်ကြောင်း သတိ ပြုဆင်ခြင်လျက် မိမိတို့အသက်တာ ကိုပြင်ဆင်ပြီး အသက်ရှင်ကြပါမည့်အကြောင်း
မေတ္တာနှင့်အသိပေးဝေငှလိုက်ပါသည်။

No comments:

Post a Comment