Saturday, October 13, 2012

ပြောင်းဖူးနန်းတော်

13.10.2012
 မာ ၄း၁-၂
အစေ့ကို ကြဲသည်တွင်အချို့သော အစေ့တို့သည် လမ်း၌ကျသဖြင့် မိုးကောင်းကင်ငှတ်တို့သည်လာ၍ ကောက်စားကြ၏။

Mitchell Corn Palace ၏ နံရံထက်၌ အလွန်လှပသည့် နံရံဆေးရေးပန်းချီများကို နှစ်စဉ်နှစ်တိုင်း ခင်းကျင်းပြ သထားသည်။ ငှက်များ အုပ်စုလိုက်ပျံသန်းနေပုံ၊ အနောက်အရပ်သို့ မျက်နှာမူနေ့သည့် မြင်းလှည်းကုန်တွဲများ၊ အမေရိကန်တိုင်းရင်းသားတို့၏ သားရေ၊ သစ်ခေါင်းများနှင့် ကာမိုးထားသည့် တဲ့ပုံများပါရှိသည်။ ဤနံရံပန်းချီတိုင်းကို ဂျုံ၊ ပြောင်း၊ မြက်များဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အပြင်ဖက်၌ရှိသော ပြောင်းများကို ကျေးငှက်များ လာရောက်စားသောက်သဖြင့် နှစ်စဉ်အသစ်ပြန်လုပ်ရသည်။
သခင်ယေရှုက ငှက်နှင့်မျိုးစေ့များ အကြောင်းနှင့်ပတ်သက်၍ ပုံဆောင်ချက်ကို (မာ ၄း၃-၄၊ ၈) ၌ ပြောဆိုခဲ့သည်။ “နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ကောက်စားကြ၏။ … အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီးကြ၏။
ခရစ်တော်က “တရားစကားကို လမ်း၌ကြဲခြင်းအကြောင်းအရာကား တရားစကားကို ကြားသည်ရှိ သော်၊ စာတန်သည် ချက်ခြင်းလာ၍ နှလုံး၌ကြဲသောတရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း (မာကု၎း၁၅)။ စာတန်သည် ဧ၀ံဂေလိတရားစကားကို မုန်းသည်။ ထို့ကြောင့် လူများ ဧ၀ံဂေလိတရားကို ယုံကြည်မူမရှိအောင် လုပ်ဆောင်သည်။ တခါတရံ ဧ၀ံဂေလိကြားသူများ ဆုံးဖြတ်ချက် နှောင့်နှေးအောင် (သို့) ကြားသည့်အရာများကိုမေ့ပျောက်အောင် ပါးနပ်စွာ လုပ်ဆောင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သက်သေခံရာ၌ ကြားနာလက်ခံရရှိသည့် နှလုံးသားများ၌ ခရစ်တော်၏ ဧ၀ံဂေလိတရားစကားများ အမြစ်တွယ်ညှိသွားရန် ဆုတောင်းအပ်နှံရပေမည်။ –
 

No comments:

Post a Comment