ယောန၀တ္တုကို ကျွန်ုပ်သဘောကျသည်။ ၎င်းဝတ္တု၌ အဖြစ်အပျက်များနှင့် အရေးကြီးသော ဘ၀သင်ခန်းစာများ အပြည့်ပါရှိသည်။ ထာဝရဘုရားသခင်၏ အလိုတော်ကို ခေါင်းမာစွာဖြင့် ငြင်းပယ်ပြီး၊ နောက်မှ ယောနသည် နိနဝေမြို့သားတို့ ပြောင်းလဲရန် ဟောပြောသည်။ သူ၏ ဟောပြောမှု အောင်မြင်ခဲ့သည်။ လူအပေါင်းတို့ နောင်တရပြီး ဘုရားသခင်ထံ လှည့်ပြန်လာသည်။ ဘုရားသခင်ကလည်း လူများအပေါ်သွန်းလောင်းသည့် သူ့အမျက်ဒေါသကို ပယ်ရှားလိုက်သည်။ ၎င်းကို ယောန ၀မ်းမြောက်ဝမ်းသာဖြစ်မည်ဟု သင်ထင်မည်။ သို့သော်လည်း ၀မ်းမြောက်ရမည့် အစား ဘုရားသခင်သည် အလွန်ကရုဏာကြီးလွန်းသည်ကို ယောန စိတ်ဆိုးခဲ့သည်။ အဘယ်ကြောင့်နည်း။ မှန်သောနေရာတွင်ရှိပြီး မှန်သောအရာကိုပြုကာ ယောနသည် ဘုရားသခင် ၏ အမိန့်ကို နာခံလိုက်လျှောက်ခဲ့ငြားလည်း သူ့အတွင်းစိတ်က ဆိုးဆိုးဝါးဝါး လွဲချော်နေသည်။
ကျွန်ုပ်တို့လည်း သတိမထားပါလျှင် ယောန နည်းတူ အပေါ်ယံဝိညာဉ်ရေးက အခြေအနေ ကောင်းသော်လည်း အတွင်း၌ ဘုရားသခင်နှင့်ဝေးနေလိမ့်မည်။ ကိုယ်တော်က ကျွန်ုပ်တို့၏ အတွင်းစိတ်အနေအထားကို ပို၍စိတ်ဝင်စားသည်။ “ဘုရားသခင်၏ စကားတော်သည် သန်လျက် တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကို လည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏”(ဟေဗြဲ ၄း၁၂)။ နှုတ်ထွက်စကားတော်များက လောဘ၊ ဒေါသ၊ မောဟ၊ မရိုးသားမှု၊ ဘ၀င်မြင့်မှုနှင့် တစ်ကိုယ်ကောင်းဆန်မှု စသည့် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံး အတွင်းနှလုံးသားထဲရှိ အရာများကို နှုတ်ယူပြုပြင်ပေးသည်။
ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပြစ်ကို ဒုတိယအကြိမ် ဖော်ပြပြီး သင့်အကျင့်ဆိုးများနှင့် ပတ်သက်ပြီးစစ်လျှင်(ယောန ၄း၎) သေချာစွာနားထောင်ပါ။ ကိုယ်တော်ထံ အရှုံးပေးအပ်နှံပြီး အတွင်းမှပြုပြင်ပြောင်းလဲပေးရန် အခွင့်ပေးလိုက်ပါ။—