Tuesday, June 19, 2012

မှန်ကန်စွာ ဆုံးဖြတ်ပါ

June 19, 2012
Read: ယောဘ ၄၂း၁-၈
ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။ 
နိုင်ငံပိုင်သတင်းမဂ္ဂဇင်းများမှ ကျွန်မတို့မြို့ကို ပျောက်ကွယ်တော့မည့်မြို့ ၁၀ မြို့ အနက်မှ တစ်ခုအဖြစ် အွန်လိုင်းတွင် စာရင်းပြုစုဖော်ပြသဖြင့် မြို့နေလူထု က ဆတ်ဆတ်ခါအောင် နာကြ သည်။ မခံမရပ်နိုင်စွာဒေါ သဖြစ်ကာ ဖော်ပြချက်များမမှန်ကန်ကြောင်း မြို့သူမြို့သားများက ဆန့်ကျင်ဘက်အထောက်အထားများကို စာရင်းပြုစုတင်ပြကြသည်။ မြို့ခံတစ်ဦးက တစ်ဖက်သတ် ကောက်ချက်ချမှုကို မဟုတ်မမှန်ကြောင်းပြရန် ကြိုးပမ်းသည်။ မြို့လယ်ခေါင်တွင် လှည့်လည်ကာ မြို့၏ရှင်သန်တတ်ကြွမှု ပြယုဂ်ကိုဖော်ပြသည့် ဗွီဒီယိုတွင်ပါဝင်ရန် မြို့သူမြို့သားများကို စည်းရုံး သည်။ ထိုဗွီဒီယိုသည် နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိခဲ့ပြီး သတင်းတိုက်မှ ၎င်းတို့မှားကြောင်း ၀န်ခံခဲ့သည်။ သို့သော် “သုတေသန” ပြုသည့်အဖွဲ့က အခြေပြုစံသတ်မှတ်ချက် အနည်းငယ်သာ ရှိသော်လည်း နိဂုံးကောက်ချက်ချရန် စောင့်ကြည့်နေဆဲဖြစ်သည်။
၎င်းတို့၏ မဆင်မခြင် နိဂုံးဆွဲယူဖော်ပြချက်ကို လက်သင့်မခံနိုင်သော်လည်း ၎င်းတို့က မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုကြ၍ ကျွန်မ အနည်းငယ်အံ့ဩလျက် သတင်းအချက်အလက် အချို့ပေါ် အခြေခံပြီး မှားယွင်းစွာတလွဲကောက်ချက်ချခြင်းမှာ ဖြစ်တတ်သော သဘောရှိကြောင်း ကျွန်မဆင်ခြင်မိသည်။ စံတင်လောက်သည့် သမ္မာကျမ်းစာ ဥပမာတစ်ခုမှာ “ယောဘနှင့် သူငယ်ချင်းများ” ဖြစ်သည်။ ယောဘအပြစ်ပြုသောကြောင့် ကြေကွဲဖွယ်ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ရသည် ဟု သူတို့မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြသည်။
နောက်ဆုံးတွင် ဘုရားသခင်က ယောဘအား ကာကွယ်ပေးခဲ့ပြီး အံ့ဩစရာကောင်းသည့် နိဂုံးကို ပေးသနားခဲ့သည်။ ယောဘကို စီရင်ခြင်းကြောင့် ယောဘ၏ သူငယ်ချင်းများကို ဘုရား သခင်ဆုံးမခြင်း မဟုတ်ဘဲ၊ မိမိအကြောင်း မဟုတ်မမှန်ပြောသည့်အတွက် ဘုရားသခင် အမျက် ထွက်ခဲ့သည်။ အခြားသူများအပေါ် အမှုမဲ့အမှတ်မဲ့ ဆုံးဖြတ်ချက်ချခြင်းက ဘုရားသခင်ကို ပြစ်မှား ခြင်းပင် ဖြစ်ကြောင်း ကျွန်မတို့ကို နှိမ့်ချလျက် သတိပေးနေတော့သည်။
—Julie Ackerman Link

No comments:

Post a Comment