Wednesday, June 6, 2012

သာ၍ကောင်းသောနေရာ

June 6, 2012

Read: ဗျာ ၂၁း၎-၁၁
ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ —ဗျာ ၂၁း၃

ကျွန်မသူငယ်ချင်း မာစီသည် သူ့ယောက္ခမ ကွယ်လွန်သွားချိန်မှစ၍ ယောက္ခမအကြိုက် နာနတ်သီးဖျော်ရည်ကို မပြုလုပ်တော့ပါ။ တစ်နေ့တွင် သူ့သားငယ်က ဘာကြောင့် ထိုဖျော်ရည်ကို မဖျော်တော့တာလဲဟု မေးရာ သူမမှ “ဒီဖျော်ရည်ကို ဖျော်ရင် ဘိုးဘိုးကို သတိရပြီး မေမေ စိတ် မကောင်းဖြစ်ရတယ်။ဘိုးဘိုးက ဒီဖျော်ရည်ကို အရမ်းကြိုက်တယ်လေ” ဟု ပြန်ဖြေလိုက်သည်။ ထိုအခါ သားငယ်က ၀မ်းမြောက်သော အသံဖြင့် “ကောင်းကင်ဘုံထက်တော့ ပိုကြိုက်မှာ မဟုတ်ဘူး” ဟု ပြန်ပြောလိုက်သည်။
သားငယ်လေး၌ မှန်ကန်သော အတွေးရှိသည်။ ကောင်းကင်ဘုံသည် သာ၍ ကောင်းသော နေရာဖြစ်သည်။ ထိုအချက်ကို သတိရလျှင် လောက၌ နေထိုင်စဉ် ချစ်ခင်သူများစွန့်ခွာသွားချိန်၌ ခံစားရသည့် ၀မ်းနည်းမှုကို သက်သာစေပါသည်။ ကောင်းကင်ဘုံ၌ နေထိုင်နေသော မိတ်ဆွေများနှင့် မိသားစုဝင်များသည် ပို၍ပျော်ရွှင်ကြသည်။ အဘယ်ကြောင့်ဆိုသော် (ဗျာ ၂၁း၃-၄) ၌ ကောင်းကင်ဘုံသည် ဘုရားသခင်၏အိမ်တော်ဖြစ်၍ ကိုယ်တော်၏လူတို့သည် ဘုရားသခင် နှင့်အတူ ထာဝရကျိန်းဝပ်ရလိမ့်မည်။ ကိုယ်တော်သည် သူတို့ကို နှစ်သိမ့်လျက် သူတို့၏မျက်ရည် ရှိသမျှကို သုတ်ပေးမည်။ ဖျားနာခြင်း၊ စိတ်မသာညည်းတွားခြင်း(၂၁း၎)၊ ဆာလောင်ငတ်မွတ်ခြင်း များလည်း မရှိတော့ပေ (၇း၁၆)။
ကောင်းကင်နိုင်ငံသည် လှပသောနေရာဖြစ်သည်။ ကျောက်သလင်းကဲ့သို့ ကြည်လင်သော မြစ်သည် ဘုရားသခင်၏ ပလ္လင်တော်ထဲမှ စီးဆင်းနေမည် (၂၂း၁)။ ဘုရားသခင်၏အလင်းဖြင့် ကောင်းကင်နိုင်ငံကို လင်းစေမည် (၂၂း၅)။
လောကရှိအရာများကြောင့် သေဆုံးပြီးနောက် အခြားသောကမ္ဘာတစ်ခုသို့ ရောက်ရှိ နေသည့် ယုံကြည်သူများကို သတိရနေပါသလား။ ထိုကဲ့သို့ဆိုလျှင် ထိုသူများသည် ဝေးသော အရပ်၊ ပို၍ကောင်းသောအရပ်၌ ပျော်ရွှင်နေကြောင်းတွေးလျှင် သက်သာရာရလိမ့်မည်။ — Jennifer

No comments:

Post a Comment