Friday, June 8, 2012

ထိန်းချုပ်မရသော မျှော်လင့်မထားသည့် အရာများ

ထာဝရဘုရားသခင်သည် အလိုတော်ရှိ၍ ငါတို့သည်လည်း အသက်ရှင်လျှင် ဤသို့ပြုကြကုန်အံ့။ ထိုသို့ပြုကြကုန်အံ့ ဟု သင်တို့ဆိုသင့်ရာဖြစ်၏။—ယာ ၄း၁၅
ဘ၀၌ အံ့သြဖွယ်ကိစ္စများက အပြည့်ပါ။ အချို့ကိစ္စများက မိမိမမျှော်လင့် လက်မခံချင် သော ဘ၀လမ်းကြောင်းသို့ ဦးတည်သွားသည်။ လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်အဖေသည် အပြစ်မရှိဘဲအလုပ်ထုတ်ခံရရာ၊မိသားစုတစ်ခုလုံးခံစားရသည့်ပူပန်ထိတ်လန့် ခြောက်ခြားမှုကို
ယခုထိတိုင်မှတ်မိနေဆဲပါ။ ကျွေးမွေးရမည့်ကလေးတစ်ပြုံကြီးရှိသည့် မိသားစု၌ အလုပ်ပြုတ်ခြင်း သည် စိတ်ရှုတ်ဖွယ်ထိုးနှက်ချက် ဖြစ်သည်။ သို့ရာတွင် အလုပ်ပြုတ်ခြင်းသည် အဖေ့အနေဖြင့် ဘာမှမတတ်နိုင်သော၊ မျှော်လင့်မထားသောကိစ္စပါ။ သို့သော် အနာဂတ်အတွက် ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်ကြောင်းကို သူသိသည်၊
ဘုရားသခင်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့ဘ၀တွင် ထိန်းချုပ်မရသော၊ မိမိ မျှော်လင့်မထားသော ကိစ္စများရှိကြောင်း ကျွန်ုပ်တို့ဝန်ခံရမည်။ ထိုသို့ ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့ ကိုမစရန် (ရှင်ယာကုပ် ၄း၁၃-၁၅) တွင် အကြံကောင်းပေးထားသည်။ “ယနေ့ နက်ဖြန် ဤ မည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ ဟုဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။….ထာဝရဘုရားသည် အလိုတော်ရှိ၍ ငါတို့သည်လည်း အသက်ရှင်လျှင် ဤသို့ပြု ကြကုန်အံ့။ ထိုသို့ပြုကြကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်ရာ၏။” ဘ၀အစီအစဉ်များ ချမှတ်ရာ၌ အသက်တာကို တည့်မတ်လမ်းပြပေးမည့် ဘုရားသခင်၏ အထူးအခွင့်အရေးကို ဖယ်ထားသော လူများအား ရည်ရွယ်၍ ရှင်ယာကုပ်ရေးခဲ့ခြင်းဖြစ်သည်။
အနာဂတ်အတွက် ကြိုတင်စီစဉ်ခြင်းက မှားလား။ မမှားပါ။ သို့ငြားလည်း လိုအပ်သည်ဟု ဘုရားသခင်မြင်ပြီး “ထိန်းချုပ်မရသော၊ မျှော်လင့်မထားသော” ကိစ္စများကို ကိုယ်တော် အခွင့်ပေး နိုင်ကြောင်း မေ့လျော့လျှင် အမြော်အမြင်မဲ့ခြင်းပင်။ လက်ခံရန် ခက်သော်လည်း ဖြစ်ပျက်သမျှ အမှုအရာသည် ကောင်းကျိုးအတွက်ပင်ဖြစ်သည်။ ကျွနု်ပ်တို့သည် အနာဂတ်အတွက် ဘုရားသခင် နှင့် သူ၏အကြံအစည်ကို ယုံကြည်ရမည်။
—Bill Crowder

No comments:

Post a Comment