Tuesday, June 5, 2012

ဒီတစ်ခါတည်းပါ

June 5, 2012

ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ကျွန်သည် မပြုရမည့်အကြောင်း ဆီးတားတော်မူပါ။ ဆာ ၁၉း၁၃
ကျွန်တော်ငယ်စဉ်က ကြိုးဖြင့် ထိန်းရသည့် လက်တွန်းလှည်းကလေးကို စီးပြီးဆော့ကစား လေ့ရှိသည်။ တစ်ကြိမ်တွင် “လမ်းပေါ်ကကားတွေကို အမြဲသတိထားပါ” ဟူသောမိဘ၏ သတိပေးချက်က ခေါင်းထဲသို့ဝင်လာသော်လည်း “ ဒီတစ်ခေါက်လောက်နဲ့တော့ ကိစ္စမရှိနိုင်ပါဘူး လေ” ဟု ကျွန်တော်တွေးကာ သတိမေ့သွားသဖြင့် ကားတစ်စီးမှာ ကျွန်တော့်ကို မတိုက်မိအောင် ရုတ်တရက် ဘရိတ်အုပ်ရ၍ ကားတာယာပွတ်သံကို ကျွန်တော်ကြားလိုက်ရပါတော့သည်။ “မိဘ စကား နားမထောင်ခြင်းက ကျွန်တော့်အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်” ဟု ဆင်ခြင်မိသည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏ပညတ်ကို သိသော်လည်း ပညတ်ကို ချိုးဖေါက်သော ပုဂ္ဂိုလ်များ၏ သင်ခန်းစာယူစရာ ဥပမာများစွာရှိသည်။ ကလေးဘ၀ကတည်းကပင် ဒါဝိဒ်သည် သိုးကျောင်းနေစဉ် ဘုရား၏ပညတ်တော်များကို နှလုံးသွင်းဆင်ခြင်အောက်မေ့သည်။ “သူ့မယား မပြစ်မှားရ” ဟူသော သတ္တမမြောက် ပညတ်တော်ကို သူသိလျက်နှင့် လှပသော အမျိုးသမီး ရေချိုးနေခြင်းကိုမြင်ပြီး၊ သူ့အာဏာဖြင့် ဥရိယ၏မယားကို ကိုယ်အဘို့သိမ်းပိုက်ခဲ့သည်။ ဤအပြစ်၏ နောက်ဆက်တွဲ အကျိုးဆက်က အလွန်ဆိုးရွားလှသည် (၂ ရာ ၁၁-၁၂)။
“ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ကျွန်သည် မပြုရမည်အကြောင်း ဆီးတား တော်မူပါ။” (ဆာ ၁၉း၁၃) ဟု ဆာလံဆရာ ရေးသားခဲ့သည်။ သင်သည် မှားမှန်းသိလျက်နှင့် “ဒီတစ်ခါတည်း” ဟု တစ်စုံတစ်ခုကိုပြုရန် သွေးဆောင်ခြင်း ခံရဖူးပါသလား။ အင်တာနက်တွင် ညစ်ညမ်းသော ဓါတ်ပုံများကြည့်ခြင်း၊ အလုပ်တွင် ပိုက်ဆံချေးငှားခြင်း၊ အမှန်တရားကို ချဲ့ကားခြင်းတို့သည် တစ်ခြားစီ၊ ဘာမှမဆိုင်ဟု သင်ထင်နိုင်သည်။ သို့သော် အလွန်ဆိုးရွားသော အကျိုးဆက်သို့ ဦးတည်နေနိုင်သည်။ ဘုရားသခင်၏မစမှုဖြင့် ဒုစရိုက်အပြစ်နွံမှ လှည့်ပြန်ပြီး ကိုယ်တော်ပြညွှန်သည့် ထွက်မြောက်ရာလမ်းကို ရှာဖွေပါ။ (၁ကော ၁၀း၁၃)

No comments:

Post a Comment