လူမည်း ဂျော့ ၀ါရှင်တန် ကာဗာ (၁၈၆၄-၁၉၄၃) သည် ဆိုးရွားသောလူမျိုးရေးဘက်လိုက် မှုကို အောင်မြင်ကျော်လွှားနိုင်ခဲ့၍ ကျော်ကြားသော အမေရိကန်ပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရ သည်။ ခါးသီးဖွယ် အနှိမ်ခံခဲ့ရမှုများကို အရှုံးပေးရန် သွေးဆောင်ခံရခြင်းကို ပစ်ပစ်ခါခါ ငြင်းပယ်၍ “အမုန်းတရားသည် မုန်းတီးနေသူအား တဖြည်းဖြည်း ဖျက်ဆီးသွားလိမ့်မည်”ဟု ဥာဏ်အမြော် အမြင်ဖြင့် ရေးသားခဲ့သည်။
ဧသတာဝတ္ထု၌ မုန်းတီးခြင်းသည် မိမိကိုယ်ကို ပျက်စီးစေနိုင်ကြောင်း တွေ့ရသည်။ ဂျူးလူမျိုး မော်ဒကဲသည် ရာထူးဂုဏ်ရှိန်ကြီးမြင့်သော ဟာမန်ကို ပါရှားရုံးတော်၌ ဦးညွတ်ဂါရ၀ ပြုရန် ငြင်းဆန်ခဲ့သည်။ ထိုအပြုအမူကြောင့် ဟာမန် အလွန်ဒေါသထွက်ကာ မော်ဒကဲနှင့် သူ့လူမျိုး များသည် နိုင်ငံအတွက် အန္တရာယ်ရှိသည့်နှယ် ဘုရင်အား သတင်းအမှားများပေးခဲ့သည် (၃း၈-၉)။ သူ့အကြံအောင်ခဲ့ပြီး ဟာမန်သည် ဘုရင်ထံမှ ဂျူးလူမျိုးများကိုသတ်ရန် အခွင့်တောင်းခဲ့သည်။ ဘုရင်ကလည်း ထိုအမိန့်ပြန်တမ်းကို ကြေငြာခဲ့သည်။ သို့သော် ၄င်းကို အကောင်အထည်မဖော် နိုင်မီ ဧသတာမှ ကြားဝင်ဖျန်ဖြေပြီး ဟာမန်၏စဉ်းလဲသောဇာတ်ကွက်ကို ဖော်ထုတ်နိုင်ခဲ့သည် (၇း၁-၆)။ အာရွှေရုမင်းကြီးက အမျက် ပြင်းစွာထွက်ပြီး မော်ဒကဲအတွက် ဟာမန်ကိုယ်တိုင် ဆောက်ထားသောတိုင်၌ ဟာမန်အား ကြိုးပေးခဲ့သည် (၇း၇-၁၀)။
ဂျော့ ၀ါရှင်တန် ကာဗာ၏ စကားနှင့် ဟာမန်၏လုပ်ရပ်တို့အားဖြင့် အမုန်းသည် မိမိကိုယ်ကို ဖျက်ဆီးနိုင်ကြောင်း ကျွန်ုပ်တို့ကို သတိပေးနေသည်။ သမ္မာကျမ်းစာ၌ အဆိုးအားဖြင့် အရှုံးမခံဘဲ အကောင်းအားဖြင့် အဆိုးကိုအောင်နိုင်ရန် ပြောထားသည်။ ရှင်ပေါလုကလည်း အဆိုးကိုအဆိုးဖြင့် ပြန်လည်မတုံ့ပြန်ရန် ပြောထားသည် (ရော ၁၂း၁၇)။ စိတ်မကျေနပ် အနှောင့်အယှက်ဖြစ်သော အချိန်၌လည်း ကိုယ်တိုင် ရန်တုံ့ ဒဏ်မခတ်ရန် (း၁၉)၊ ၄င်းအစား မှန်သောအရာကိုပြုပြီး (း၁၇)၊ လူသားအားလုံးနှင့် သင့်တင့်ငြိမ်းချမ်းစွာအသက်ရှင်ရပေမည် (း၁၈)။ —Dennis Fisher
  
အမုန်းတရားကို နှလုံးသား၌ အခွင့်ပေးလျှင် အောင်မြင်မှုသို့ မတက်လှမ်းနိုင်၊
အမှန်တရား၊ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်ကို လိုက်လျှောက်လျှင်
ကောင်းချီးမင်္ဂလာ သက်ရောက်လိမ့်မည်။ —Hess
အမုန်းသည် မိမိကိုယ်ကိုသာ ပျက်စီးစေရေး အားပေးပြီး
ချစ်မေတ္တာသည် ခရစ်တော်၏သွန်သင်ချက်ကို နာခံဖြည့်ဆည်း၏။