Friday, April 27, 2012

        သေဆုံးသွားပြီးနောက်ဘာဆက်ဖြစ်ပျက်မည်နည်း

ခရစ်ယာန်တို့၏ယုံကြည်ခြင်းတွင် သေဆုံးသွားခဲ့ပြီးနောက်ဘာဖြစ်ပျက်မည်နည်း ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ စိတ်ရှုပ်မှုတွေ အများအပြားရှိသည်။ အချို့သော သူများက သေဆုံးသွားခဲ့ပြီး နောက်လူတိုင်းသည် ကောင်းကင်နိုင်ငံ(သို့)ငရဲပြည်သို့မရောက်မှီနောက် ဆုံးသောတရားစီရင်သည့် အချိန်ထိ အိပ်နေသည်ဟု စွဲကိုင်ယုံကြည်ကြသည်။ အချိ့သော သူများက လူတစ်ဦးသည် သေဆုံးသွားသည်နှင့်တပြိုင်နက် ထိုသူ၏ ၀ိညာဉ်သည် တရားစီရင်ခြင်း ခံရ၍ သူတို့၏၀ိညာဉ်သည် ခရီးစဉ် အဆုံးသို့အရောက် ပို့ဆောင်သည်ဟု ယုံကြည်ကြသည်။ အချိှု့သောသူများက လူတစ်ဦးသည် သေဆုံးသွားသောအခါ ထိုသူတို့၏ ၀ိညာဉ် သည် နောက်ဆုံးသောရှင်ပြန်ထမြောက်ခြင်း နောက်ဆုံးသော တရားစီရင်ခြင်း ကိုစောင့်ဆိုင်းရန် ကောင်းကင်နိုင်ငံ(သို့) ငရဲပြည်တွင် “ယာယီ” ထိန်းသိမ်းခြင်းခံရပြီး ၄င်းမှတဆင့် သူတို့၏ နောက်ဆုံးခရီးသို့အရောက်ပို့ဆောင်ခဲ့သည်ဟုယုံကြည်ကြသည်။ထိုကြောင့် သေဆုံးသွားပြီး နောက် ဖြစ်ပျက်ရမည့်အကြောင်းအရာ နှင့်ပတ်သက်၍သမ္မာကျမ်းစာက တိကျစွာ မည်သို့ ဖော်ပြထားသနည်း။ ပထမအနေဖြင့် သခင်ယေရှ ခရစ်တော်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် သမ္မာကျမ်းစာသွန်သင်ချက် ဖြစ်သော ယုံကြည်သူ တစ်ဦး သည် သေဆုံးသွားသည်နှင့်တပြိုင်နက် ကောင်းကင်နိုင်ငံသို့သွားရောက်ခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော်ထိုသူတို့သည် သခင်ယေရှုကို မိမိကယ်တင်ရှင် အဖြစ်လက်ခံ ယုံကြည်ခြင်း အားဖြင့် အပြစ် ဆေးကြောခြင်းကို ခံခဲ့ရသော ကြောင့်ဖြစ်သည်။(ယော၃း၁၆၊ ၁၈၊ ၃၆) ယုံကြည်သူ အနေဖြင့် သေခြင်းတရားသည် ခန္ဓာကိုယ်မှ ကင်းကွာခြင်းဖြစ်၍ ဘုရားသခင် နှင့်အတူ ဘုန်းတော်ဝင်စားခြင်းဖြစ်သည်။ (၁ကော၊၅း၆-၈၊ ဖိလိပ္ပိ၊၁း၂၃) သို့ရာတွင် (၂ကော ၁၅း၅၀-၅၄) နှင့် (၁သက် ၊၄း၁၃-၁၇) တို့ တွင် ယုံကြည်သူများ ရှင်ပြန်ထမြောက်ခြင်းနှင့်ဘုန်းတော်ပြည့်ဝသော ခန္ဓာကိုပေးခြင်း အကြောင်းကို ဖော်ပြထားပါသည်။ ယုံကြည်သူများသည် သေဆုံးသွားသောအခါ ကောင်းကင်နိုင်ငံတော်သို့ ခရစ်တော်နှင့် အတူချက်ချင်း ရှိလျှင် ယုံကြည်သူများ ထမြောက်ခြင်း ရည်ရွယ်ချက်သည် အဘယ်နည်း။ ယုံကြည်သူများ၏ ၀ိညာဉ်သည် ခန္ဓာကိုယ် သေဆုံးသွားပြီး နောက်ခရစ်တော် နှင့်အတူကောင်းကင် နိုင်ငံတော်(သို့)ချက်ချင်းသွားလျှင် ခန္ဓာကိုယ်သည် အုတ်ဂူထဲတွင် အိပ်နေခြင်း ဖြစ်ပုံရသည်။ ယုံကြည်သူများရှင်ပြန်ထမြောက်သော အချိန်တွင် ခန္ဓာကိုယ်သည် ထမြောက်ခြင်းဖြစ်ပြီး ဘုန်းတော်ဝင်စားခြင်းဖြစ်ကာ ၀ိညာဉ်နှင့် အတူ ပြန်လည်ပေါင်းစည်းခြင်းဖြစ်သည်။ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင် ယုံကြည်သူများသည် ၀ိညာဉ်နှင့်ပေါင်းစည်းထားသော ခန္ဓာကိုယ်နှင့်ဘုန်းတော်ဝင်စားသော ခန္ဓာကိုယ်ဖြင့်နစ္စထာဝရ ရှင်သန်မည်ဖြစ်သည်။(ဗျာ၂၁-၂၂)                                                                                
ဒုတိယအနေဖြင့်၊ သခင်ယေရှုကို ယုံကြည်လက်ခံခြင်းမရှိသော သူများအတွက် သေခြင်းတရားသည် နစ္စထာဝရအဖြစ်ဒဏ်ခံခြင်းဖြစ်သည်။ သို့သော် သူတို့သည် ယုံကြည် သူများနည်းတူ မယုံကြည် သူများသည်လည်း သေသည်နှင့်တပြိုင်နက်နောက်ဆုံး ထမြောက်ခြင်း ခံရန် တရားစီရင်ခြင်းခံရန် ထာဝရ ခရီးသို့သွားရောက်ရန် အတွက် သူတို့သည် ယာယီ နေရာသို့ပို့ ဆောင် ခြင်းခံရကြမည်ဖြစ် ပါသည်။ လုကာ၊ ၁၆း၂၂-၂၃ ထဲတွင် သူဌေးကြီးသည် သေဆုံးသွား ခဲ့ပြီး နောက်ဆင်းရဲ ဒုက္ခခံရသော နေရာ သို့ချက်ချင်း ရောက်ရှိသွားခဲ့သည်။ ဗျာဒိတ်၊(၂၀း၁၁-၁၅)ထဲတွင် မယုံကြည်သေးသူအားလုံးတို့သည် ရှင်ပြန်ထမြောက်ကြပြီး ပလ္လင်ဖြူရှေ့တွင်တ ရားစီရင်ရန် မတ်သပ်ရပ်နေကြကာ ၊ငရဲမီးအိုင်သို့ပစ်ချခြင်း ခံရကြလိမ့်မည် ဟုဖော်ပြထားပါသည်။ မယုံကြည် သူများသည် သေဆုံးသွားသည်နှင့်တပြိုင်နက် သူတို့၏ ၀ိညာဉ် ကိုငရဲမီးအိုင်ထဲ၌ပစ်ချ ခြင်းမခံ ခဲ့ကြပေ၊ သို့သော် သူတို့သည် တရားစီရင်ခြင်းနှင့် ဒဏ်ခတ်သော နေရာတစ်ခုတွင် သိုလှောင်ခြင်း ခံခဲ့ရသည်။ မယုံကြည်သူတို့သည် ငရဲမီးအိုင် ထဲသို့ချက်ချင်း ပစ်ချ ခြင်းမခံကြရ သော်လည်း သေဆုံးသွားပြီး နောက်သူတို့၏ ကံကြမ္မာသည် စမ်းမြောက်ဖွယ်ကောင်း သောအရာ မဟုတ်ပေ။သူဌေးကြီးက ငါသည်မီးအိုင်တွင် ပြင်းစွာသော ဒုက္ခခံခဲရသည် ဟုငိုကြွေးခဲ့သည်။ (လု၊၁၆း၂၄)

ထို့ကြောင့် သေဆုံးသွားပြီးနောက် လူတစ်ဦးသည် ကောင်းကင်နိုင်ငံ (သို့)ငရဲပြည်သို့ ချက်ချင်းရောက်လျှင် နောက်ဆုံးသော ရှင်ပြန်ထမြောက်ခြင်းနှင့် ၊ထိုပုဂ္ဂိလ်၏ ထာဝရ တည်ရှိမည့်နေရာတို့ကို ပြောင်းလဲမှု ရှိတော့မည်မဟုတ်ပေ။ သို့သော် ထိုဝိညာဉ်ထာဝရတည် ရှိသောနေရာသို့ ယာယီတည်ရှိသောနေရာမှ ပြောင်းလဲသွား မည်ဖြစ်သည်။ ယုံကြည်သူများ သည်ကောင်းကင်သစ်နှင့်မြေ ကြီးသစ်သို့ နောက်ဆုံးတွင် ၀င်ရောက်ခွင့်ရှိမည်ဖြစ်သည်။ (ဗျာဒိတ်၊၂၁း၁)။ မယုံကြည်သောသူတို့သည် ငရဲမီးအိုင် ထဲသို့ နောက်ဆုံးတွင် ပစ်ချခြင်းကိုခံရကြ မည်ဖြစ်သည်။(ဗျာဒိတ၂၀း၁၁-၁၅)ဤသည်ကား လူသားအားလုံး တို့အတွက် နစ္စထာဝရ တည်ရှိရန် နောက်ဆုံးသော ခရီးစဉ် ဖြစ်သည်။ ကောင်းကင်နိုင်ငံသို့ဝင်ရောက်မည် (သို့)ငရဲထဲသို့သွား မည်ဟူသည်မှာ လောကတွင် အသက် ရှင်စဉ်တွင် ကယ်တင်ခြင်းရရှိရန် အတွက် သခင်ယေရှုကို သာယုံကြည်ခြင်းရှိ/မရှိပေါ် တွင်မှု တည်သည်။(မဿဲ၊ ၂၅း၄၆ ၊ ယော၊ ၃း၁၆)

No comments:

Post a Comment