Sunday, January 27, 2013

သခင်က တပည့်တော် (၁၂)ပါး ကို ခေါ်ပြီး “သင်တို့တွင် အကဲ အမှူးပြုလိုသော သူသည် သင်တို့ အစေ ခံဖြစ် ရမည်။ သင်တို့တွင် အထွတ် အမြတ်လုပ် ချင်သောသူသည် လည်း အလုံးစုံတို့၏စေခိုင်းရာကျွန်ဖြစ်ရမည်” ဟု မိန့်တော်မူခဲ့သည် (မာ ၁၀း၄၃-၄၄)။ သခင့်စကားကို နားမလည်ပါဆိုလျှင် ဆိုလိုရင်းက သူသည် သူတစ်ပါးကို စေစားရန်လာခြင်းမဟုတ်ပဲ၊ သူတစ်ပါး၏ အစေကိုခံရန်၊ အပြစ် တန်ခိုးမှ လူတို့ကို အသက်ပေး ၍ ရွေးနှုတ် ရန်ဖြစ်ကြောင်း သတိပေးခြင်းပါ (း၄၅)။
  စစ်မှန်သော၊ဘုရားဝတ်၌ မွေ့လျော်သောခေါင်းဆောင်မှု၏ အမှတ်လက္ခဏာမှာ အာဏာ၊ အခွင့်အရေးရယူခြင်း မဟုတ်ဘဲ နှိမ့်ချအစေခံခြင်းပင်ဖြစ်သည်။ သခင်ယေရှု၏ စံနမူနာအတိုင်း လိုက်လျှောက်နိုင်ရေးနှင့် ကိုယ်တော်၏ လမ်းခရီးကို ဦး ဆောင်လမ်းပြနိုင်ရေး ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွန်အားလျှက် ရှိသည်။

No comments:

Post a Comment