Saturday, January 26, 2013


ပုံပြောရန်အချိန်                                                                  
( ကော - ၁၁ )                                    
သင်တို့သည်မှင်နှင့် ရေးထားသောစာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ၀ိညာဉ်တော်နှင့်  ရေး၍၎င်းကျောက်ပြားပေါ်မှာမရေးဘဲအသားနှင့် ပြည့်စုံသော 
နှလုံးပြားပေါ်၌ရေး၍၎င်း၊ငါတို့ပြု စုသော ခရစ်တော်၏စထင်ရှားစွာဖြစ်ကြ၏။            
=>ငယ်စဉ်ကလေးဘ၀က အမေ ပုံပြင် စာအုပ် ဖတ်ပြသည်ကို  အလွန်ကြိုက်သည်။ အမေ့ပေါင်ပေါ်ထိုင်ပြီး ပုံပြင်နားထောင်သည်။ အမေဖတ်ပြစဉ် ကျွန်တော်က အရုပ်ကို အသေးစိတ် လိုက်ကြည့်ပြီး၊ နောက်တစ်မျက်နှာတွင် ဘာဖြစ် မည်ကို စိတ်စောစွာဖြင့် စောင့်မျှော်မိသည်။                                               
=>ကျွန်တော်တို့၏ ဘ၀အသက်တာသည်လည်း ပုံပြင် ဇာတ်လမ်း တစ်ခု ကို ပြောနေကြောင်း သင်တွေးမိပါသလား။  ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ဝင်စားစရာ မကောင်းသည်ဖြစ်စေ၊ ကျွန်ုပ်တို့ ပြောနေသည့် ဇာတ်လမ်းကို လူတို့ကြည့်နေသည်။နားထောင်နေသည်။
=>ပြောစကားများသာမက ဘ၀၏တုန်လှုပ်ဖွယ် ကြမ်းတမ်းမှုနှင့်၊ ဘ၀၏ ကောင်းချီး မင်္ဂလာများအပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်မှု သဘောထား၊ အပြုအမူလုပ်ရပ်များအားဖြင့်လည်းကျွန်ုပ်တို့ ပုံပြောနေကြသည်။                          =>ကျွန်ုပ်တို့၏သားသမီးများ၊ မြေးမြစ်များ၊ အိမ်ထောင်ဖက်များ၊ အိမ်နီးချင်းများ၊
လုပ်ဖော်ဆောင်ဖက်များ၎င်းတို့အားလုံးက ကျွန်ုပ်တို့ပြောနေသည့်ဇာတ်လမ်းကိုစောင့်ကြည့်နေကြသည်။ ခရစ်တော်၏နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့၏အသက်တာများ သည် 
=>လူအပေါင်းတို့ သိ၍ဖတ်တတ်သောစာ၊….. မှင်နှင့်ရေးထားသောစာမဟုတ်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ၀ိညာဉ်တော်နှင့်ရေးသော…… ခရစ်တော်၏စာ” ဖြစ်ကြောင်း ရှင်ပေါလုက သတိပေးထားသည် (၂ကော ၃း ၂၃)။
မိမိဝန်းကျင်ရှိလူများက ကျွန်ုပ်တို့၏အသက်တာအားဖြင့် မည်သည့်ပုံပြင်၊ ဇာတ်လမ်းကို ဖတ်နေသနည်း။
=>ခွင့်လွှတ်ခြင်းဇာတ်လမ်းလား၊ ကရုဏာဇာတ်လမ်းလား၊ ရက်ရောပေးလှူသော ဇာတ်လမ်းလား၊ စိတ်ရှည်သည်းခံခြင်း ဇာတ်လမ်းလား၊ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းလား။ သင့်အတွင်းကျိန်းဝပ်သော သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ကျေးဇူး တော်နှင့် ပြည့်ဝသော အသက်တာထွက်ပေါ်လာသည်။ 
=>>ထိုအသက်တာ၏ ၀မ်းမြောက်ခြင်း ကို သင်ခံစားရပါလျှင်၊ သင်သည် ဘုရားသခင်၏ အကောင်းဆုံးသော ပုံပြောသူဖြစ်ခြင်း ကြောင့် ဂုဏ်ယူပီတိဖြစ်ရပါ၏။

No comments:

Post a Comment