Sunday, January 27, 2013

လူတွေက သင်.ကို ဟိုPastorက ဒီလိုပြောတယ်၊ဒီလိုလုပ်တယ်၊ဆိုပြီး အခြားသူတွေနဲ.ယှဉ်ကောင်း ယှဉ်လိမ်.မယ်.....

           (ယှဉ်ပြိုင်ခြင်း/ဂရုစိုက်ခြင်း မပြုနဲ.)
~>စာတန်ဟာ မိတ်ဆွေရဲ့ အမှုတော်မြတ်မှာ ထမ်းဆောင်နေလို့ရတဲ့ ၀မ်းမြောက်ခြင်းကို ခိုးယူဖို့ ကြိုးစားနေပါတယ်။  စာတန်သုံးတဲ့ နည်းတစ်နည်းကတော့ မိတ်ဆွေရဲ့ အမှုတော်ဆောင်လုပ်ရပ်ကို အခြားသူများရဲ့ အမှုဆောင်လုပ်ရပ်များနဲ့ယှဉ်ပြိုင်လိုစိတ်ကို မွေးပေးမယ်။

~>အခြားသူများရဲ့ လိုချင်တဲ့ ပုံစံအတိုင်း အမှုတော်ဆောင်ဖို့ ဖျားယောင်းလိမ့်မယ်။ဒီနည်းနှစ်နည်းလုံးဟာ စာတန်ရဲ့ သေမင်းထောင်ချောက်တွေဖြစ်ပြီး ဘုရားသခင်က မိတ်ဆွေအတွက် ရည်ရွယ်ထားတဲ့ အမှုတော်ဆောင်လမ်းကြောင်းကို သွေဖည်သွားစေမဲ့ အရာများ ဖြစ်ပါတယ်။
~>ကျမ်းစာက အခြားသူများနဲ့ ယှဉ်ပြိုင်မနှိုင်းယှဉ်ကြဖို့ သတိပေးထားပါတယ်။
ဂလာတိ ၆း၎ လူတိုင်းကိုယ်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာဝါးကြွားဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။
~>မိတ်ဆွေရဲ့ လုပ်ရပ်ပုံစံ၊ အမှုတော်ဆောင်မှုတွေကို အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းတာ အကြောင်းကြီး နှစ်ရပ် ရှိပါတယ်။

>(၁)- မိတ်ဆွေထက် သာလွန်တဲ့ အခြားအမှုဆောင်တစ်ယောက်ကို မိတ်ဆွေ မတွေ့ပဲမနေပါဘူး။ အဲဒီအခါမှာ ယှဉ်ပြိုင်စိတ် မွေးလိုက်ရင် စိတ်ဓါတ်ကျစရာ ဖြစ်လာလိမ့်မယ်။
>(၂) - မိတ်ဆွေထက် ညံ့ဖျင်းတဲ့ အခြားအမှုဆောင်တစ်ယောက်ကိုလည်း တွေ့ဦးမှာပဲ။ ယှဉ်ပြိုင်စိတ်ကလေး မွေးလိုက်ရင် ကိုယ့်ကိုကိုယ် ဘ၀င်မြင့်စရာ ဖြစ်လာလိမ့်မယ်။
~>စိတ်ဓါတ်ကျရင်ပဲ ဖြစ်ဖြစ်၊ ဘ၀င်မြင့်ရင်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေရဲ့ အမှုဆောင်ခြင်းကို ရပ်တန့်သွားစေနိုင်ပါတယ်။
ရှင်ပေါလုက မိမိကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ခြင်းဟာ မိုက်မဲရာကျကြောင်း ဆိုပါတယ်။
 
 ~>ကိုယ်ကိုကိုယ် ချီးမွမ်းသောသူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့ သည် အချင်းချင်းတယောက်နှင့်တယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။ (2 Cor10:12 )
~>မိတ်ဆွေရဲ့ အမှုဆောင်မှု လုပ်ရပ်ပုံစံကို နားမလည် နိုင်ပဲ ဝေဖန်ပြစ်တင်တဲ့ လူတစ်ချို့ ကို မိတ်ဆွေ တွေ့ကြုံရမှာပါပဲ။                                                                    

သူတို့က သူတို့လိုချင်တဲ့ အမှုဆောင်ခြင်းပုံစံထဲကို မိတ်ဆွေကို ဆွဲသွင်းကြလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။
~>ရှင်ပေါလုကိုယ်တိုင်လည်း သူ့ရဲ့ အမှုတော်ဆောင်ခြင်းကို နားမလည်ပဲ မကောင်းမြင်တဲ့ ဝေဖန်သူ တစ်ချို့ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်။                                                                                 

သူရဲ့ တုန့်ပြန်ချက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ယှဉ်ပြိုင်တာတွေကို ရှောင်ကျဉ်တယ်။ ပုံကြီးချဲ ပြောတာတွေကို တွန်းလှန်တယ်။ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကိုပဲ ခံယူတယ်။
~>ဘုရားသခင်က ရှင်ပေါလုကို အသုံးပြုခြင်း အကြောင်းများစွာအနက် တစ်ခုကတော့
ရှင်ပေါလုဟာ ဝေဖန်မှုတွေကြောင့်သော်လည်းကောင်း၊ ယှဉ်ပြိုင်ခြင်းတွေကြောင့်သော်လည်းကောင်း စိတ်မယိမ်းယိုင်သွားတဲ့ အပြင် သူရဲ့အမှုဆောင်မှုကို အကျိုးမရှိ အငြင်းပွားနေတာတွေကိုလည်း ဂရုမစိုက်ခြင်းပါပဲ

No comments:

Post a Comment