Sunday, August 19, 2012

သခင်ချစ်တဲ့ပန်း မလေး (တပ်ကြီးကုန်းအသင်းတော်-မှော်ဘီ)


လူတကာရဲ့ ဦးထိပ်မြန်း တော်ဝင် သဇင်ပန်းလဲ မဖြစ်ချင်ပါ။
တန်ဖိုးမြင့်တော့ စိတ်ကြီးဝင်ကာ သခင့်ကို မေ့မှာစိုးလို့ပါ။
ဆူးများဝန်းရံ အရောင် ကဗ္ဗလာနီမို့
အများသူငါ နှစ်သက် စွဲမက်ဖွယ်ရှိတဲ့ ပန်းနှင်းဆီလဲ မဖြစ်ချင်ပါ။
သိပ်လှပတော့ မာန်တွေဝင့်ကာ သခင့်ကို မေ့မှာစိုးလို့ပါ။
ဖြူဖွေးသန့်စင် ဂုဏ်ရောင်တွေကင်း ရိုးသားခြင်းနှင့် လိုချင်မက်မော
မရှိသော၊ သခင်ချစ်တဲ့ပန်း တောနှင်းပန်းကလေးဘဲ ဖြစ်ချင်တယ်။
သည်တော့ - နှင်းပန်းဘဝ ငြိမ်းချမ်းလှ ၊ သခင့်ကို မေ့မရ ထာဝရ။

No comments:

Post a Comment