Sunday, August 19, 2012

ခွင့်လွှတ်ပါ သခင် ဖိုးလေး(အင်းစိန်)


သခင့်ကို ချစ်တယ်လို့ နှုတ်က ပြောပြီး
 စိတ်နှလုံးထဲမှာ ဇာတိကို ဦးစားပေးခဲ့တယ်။
လက်များမြှောက်ပင့်လျှက် သခင့်ကို ကိုးကွယ်ပြီး
ခြေလှမ်းတွေဟာ အပြစ်ပြုမိရာကို သွားခဲ့တယ်။
သခင် ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်ပါလို့ ဝန်ချတောင်းပန်ပြီး
ဒီအပြစ်နွံထဲမှာဘဲ ကျွန်ုပ် သာယာမိခဲ့တယ်။
အပြစ်များနဲ့ ပြည့်နှက်နေတဲ့ ကျွန်ုပ် ဘဝနဲ့
 မျက်ရည်တွေကို သခင်သိပါတယ်။
စစ်မှန်တဲ့ နောင်တ တရားများနဲ့ သခင့်ဆီကို
 ပြန်လှည့်လာမဲ့ ခြေလှမ်းသစ်များကို သခင်မျှော်လင့်
 ကြိုဆိုနေမယ်ဆိုတာကိုလဲ ကျွန်ုပ်သိပါတယ် သခင်။
နောင်တ နှလုံးသားနဲ့ အသစ်သော နှလုံးသားကို
သခင် လက်ခံ၍ ဝိညာဉ်ခွန်အားများကို
 ပြန်လည်ပေးသနားလှည့်ပါသခင်။

No comments:

Post a Comment