အဆင့် ၃ - သင်သိသည့် အပြစ် အတွက် ၀န်ချ တောင်းပန်ပါ
ဘုရားသခင်က ၀န်ချ တောင်းပန်ခြင်း မရှိသော အပြစ်များကို ခွင့်လွှတ်သည် ဟူသော ကျမ်းပိုဒ်ကို ကျမ်းစာ တစ်ခုလုံး၌ မတွေ့ရပါ ။ သို့သော်လည်း အပြစ်
ဝန်ချ တောင်းပန်သော သူများအတွက် ကတိတော်မှာ ရှင်းလှသည် ။
" ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များ ကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊
ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာ အပြစ် တင်ကြ၏ ။ ( ၁ယော ၁း၉ )
ဘုရားသခင်သည် ကတိထားသည့် အတိုင်းတည်သည် ။ သခင်ယေရှုက ကျွန်ုပ်တို့ အပြစ်များ၏ အဖိုးအခကို ပေးချေပြီး ဖြစ်သောကြောင့် ဘုရားသခင်သည် တရားမျှတသည် ။
အကယ်၍ သင်သည် အပြစ် တစ်စုံတစ်ရာ၌ နစ်မွန်း ဒုက္ခဖြစ်နေပါက ထိုအပြစ်ကို သာမာန် သဘောထားပါ ။ စိတ်ကူး နာမည် တစ်မျိုးနှင့် မခေါ်ပါနှင့် ။

ကျွန်ုပ်တို့၏
မူလ အပြစ်များ၏ နာမည်တို့မှာ မလှပါ ။ ထိုအရာများကို အပြစ်အဖြစ်
အသိအမှတ် ပြုမှသာလျှင် ဘုရားသခင် ခွင့်လွှတ်သည် ။ အကယ်၍
သင်၌ အစားကြူးသော ပြသနာ ရှိပါက အစားကြူးခြင်း အပြစ်ဟု နာမည်ဖြစ် ခေါ်ပါ ။ အကယ်၍ သွေးသား တပ်မက် ခြင်း ဖြစ်ပါက သွေးသားတပ်မက်ခြင်း
အပြစ်ဟု ခေါ်ပါ ။ အတင်းပြောခြင်း ရှိပါက အတင်းပြောခြင်း အပြစ်ဟု ခေါ်ပါ ။
ဘုရားသခင်အား အဆိုး ဆုံးသော အရာ အားဖြင့် သင်ပြောသော်လည်း ကိုယ်တော်ကို မတုန်လှုပ်စေကြောင်း သတိရပါ ။

သင် မပြောခင် ကိုယ်တော် အားလုံး
သိပြီး ဖြစ်ပါသည် ။ ထို့ အပြင် သင့်ကို ချစ်နေပါသေးသည် ။
သင့် ဘိုးဘွား တို့၏ အပြစ်သည် သင့်ကို အပြစ် မဖြစ်စေသော်လည်း ၄င်း၏ ဆိုးကျိုး နောက်ဆက်တွဲများကို သင့်အား ခံစားစေနိုင်ပါသည် ။ သင်၏ ဘိုးဘေးများ
ကျူးလွန်ခဲ့သည့် အပြစ် တစ်စုံတစ်ရာနှင့် မပတ်သက်မိစေရန် သင့်အတွက် သင်ကိုယ်တိုင် အပြစ်ဝန်ချ တောင်းပန်ဘို့ သင့်မြတ်လျော်ကန် ပါသည် ။ ဤ
အပြစ်သည် အထူးသဖြင့် မှော် စုန်းကဝေ သို့မဟုတ် မှားယွင်းသော အယူဝါဒနှင့် သက်ဆိုင်သည် ။

စိတ်ကို
လျှော့ထားကာ သက်သက် သာသာ နေပြီး သင်ဝန်ချရန် လိုအပ်သည့် အပြစ်
တစ်စုံတစ်ရာအား သန့်ရှင်းသောဝိဥာဉ်တော်အားဖြင့် သတိရစေရန်
အခွင့်ပေးပါ ။ ၀ိဥာဉ်တော်သည် သင့်ကို မစသူဖြစ်ကြောင်း သတိရပါ ။

No comments:
Post a Comment