သင်၏ အပြစ်အားလုံး ၀န်ချတောင်းပန်ရန် လိုအပ်သော်လည်း ထိုသို့ ၀န်ချတောင်းပန်ခြင်း တစ်ခုတည်းမှာ မလုံလောက်ပါ ။ သင်၏ အပြစ်များ အတွက်
သင် နောင်တ ရရမည်။ " မိမိ အပြစ်ကို ၀ှက်ထားသော သူသည် ချမ်းသာရာမရ ။ မိမိ အပြစ်ကို ဖော်ပြ ၀န်ချ၍ စွန့်ပစ်သော သူမူကား ကရုဏာ တော်ကို
ခံရလိမ့်မည် " ပထမဦးဆုံး ကျူးလွန်ခဲ့သည့် အပြစ်အတွက် ၀န်ချတောင်းပန်ပြီး နောက် စွန့်လွှတ်ရမည် ။ အပြစ် စွန့်လွှတ်ခြင်း ဆိုသည်မှာ ထိုအပြစ်မှာ လုံးလုံး
လျားလျား ထွက်ခွာ လာခြင်း ဖြစ်သည် ။
တစ်ခါက လူငယ်တစ်ယောက်သည် ကျွန်ုပ်အား " ကျွန်တော့်မှာ တပ်မက်သည့် ၀ိဥာဉ် ရှိတယ်လို့
ယူဆတယ် " ဒါပေမယ့် ကျွန်တော် ပျော်မွေ့တယ် ။ ဘုရားသခင်က ကျွန်တော့်ကို တပ်မက်မှုမှ
ကယ်လွှတ်မယ်လို့ သင်ယူဆပါသလား ?? ဟုပြောသည် ။ိ
လုံးဝ မကယ်ပါဘူး ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိတ်ဆွေများထံမှ မကယ်နုတ်ပါ ။
ရန်သူများထံမှသာ ကယ်နုတ်ခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် သင့်မိတ်ဆွေကို ရန်သူ အဖြစ် သတ်မှတ်ပါက
သူ့ထံမှ ကယ်နုတ်ရန် ဘုရားသခင်ထံ တောင်းဆိုပါ ။ ဘုရားသခင်က အပြစ်ကို မုန်းသကဲ့သို့
သင်ကလည်း မုန်း၍ မစပါရန် ဘုရားသခင်ထံ တောင်းဆိုရန် လိုအပ်သည် ။
နောင်တရခြင်း နှစ်မျိုးရှိသည် ။ ပထမအနေနှင့် သင်ပြုခဲ့သည့် အရာအပေါ်၌ သင်ကိုယ်တိုင်
တာဝန်ရှိကြောင်း ၀န်ခံရမည် ။ သင်သည် မိဘများ ဇနီး ခင်ပွန်း အမှုတော်ဆောင် တစ်ယောက်ယောက်
စသည်တို့၏ နောက်ကွယ်၌ ပုန်း၍ မရပါ ။ သင်ပြုမိသော အရာများအတွက် သူတို့အား လွှဲချ
တာဝန်ပေး၍ မရပါ ။ သင်၏ အပြစ်အတွက် နတ်ဆိုးများကို အပြစ်တင်၍ မရပါ ။ သင်သည် " ကျွန်တော်
အပြစ်ရှိသည် ။ ကျွန်တော် သိသည် " ဟူသော သဘောထားရှိရမည် ။
အပြစ်တစ်ဖက်၌ ရပ်တည်ရမည် ။ အပြစ်ကို လျှော့တွက်ရန်နှင့် အကြောင်းပြရန် နည်းအမျိုးမျိုးနှင့်
မကြိုးစားပါနှင့် ။ အပြစ်ကို ဘုရားသခင် မုန်းသကဲ့သို့ မုန်းပါ ။ သို့မှသာ အပြစ်က သင့်အပေါ် စိုးမိုးမည့်
အခြေအနေမှ ကင်းလွတ်မည် ။
ref ; Derek prince
No comments:
Post a Comment