အဆင့် - ၂ မိမိ ကိုယ်ကို နှိမ့်ချပါ
...... ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော် မူ၏။
ထိုကြောင့်၊ ကာလ အချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြောက် တော်မူမည် အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ .... ( ၁ပေ ၅း ၅ -၆ )
ဘုရားသင်ကို မာန်မာန စိတ်နှင့် ကျွန်ုပ်တို့ ချဉ်းကပ်မည် ဆိုပါက ကျွန်ုပ်တို့ကို ဆီးတားကာ အထံတော်သို့ ၀င်ခွင့်ရမည် မဟုတ်ပါ ။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်သော ပထမ အဆင့်မှာ
မိမိကိုယ်ကို နှိမ့်ချရန်နှင့် " ကိုယ်တော်ကို ကျွန်ုပ် လိုအပ်ပါတယ် " ဟု ၀န်ခံရန် ဖြစ်သည် ။
ဘုရားသခင်သည် ကျွန်ုပ်တို့အား နှိမ့်ချခြင်းကို မပေးပါ ။ သမ္မာကျမ်း တစ်အုပ်လုံး ( နုတ်ကပတ်တော်) ၌ ကျွန်ုပ်တို့ အား တာဝန်ပေးသည် ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား နှိမ့်ချစေနိုင်သည် ။ တစ်ခါတစ်ရံ
နှိမ့်ချပေးပါသည် ။ သို့သော်လည်း ကျွန်ုပ်တို့သည် မိမိကိုယ်ကို နှိမ့်ချရန် ပြုနိုင်သည် ။ ကျွန်ုပ်တို့ ဘက်မှ ဆန္ဒ ရှိပါက ကျွန်ုပ်တို့၌ လိုအပ်သော ကျေးဇူးပြုခြင်းကို ဘုရားသခင် ပေးမည် ။
နတ်ဆိုးများမှ လွတ်မြောက်ရန် ကျွန်ုပ်တို့ ရှာသောအခါ ကျွုန်ုပ်တို့ဘက်မှ သိက္ခာနှင့် ကယ်လွှတ်ခြင်း တစ်ခုခု ရွေးရသည် ။ အကယ်၍ သိက္ခာသည် ကယ်လွှတ်ခြင်းထက် ပို၍ အရေးကြီးလာပါက
ကျွန်ုပ်တို့၏ မာန်မာန၌ ကျွန်ုပ်တို့ အမှန်တစ်ကယ် နောင်တ မရသေးပေ ။
တစ်ခါက အမေရိကန် တောင်ဘက်စွန်း၌ နေထိုင်သော ဆရာဝန် ကတော် တစ်ယောက်က ကျွန်ုပ်ထံသို့ ချဉ်းကပ်လာပြီး ... " မစ္စတာ ပရင့်စ် - ရှင့်ကို ကျွန်မ နားလည်ပြီး ရှင်ဝေငှ သည့်အတိုင်း
ကယ်လွှတ်ခြင်း ရှာသည့်အခါ ကျွန်မသည် အော်ဟစ်ခြင်းဖြင့် အဆုံးသတ်ကောင်း သတ်မှာ ဖြစ်တယ် " ဟု ပြောသည် ။
" ဖြစ်နိုင်ပါတယ် " ဟုတ် ကျွန်ုပ် ပြန်ပြောသည် ။ ... ဒါပေမယ့် လူကြီးလူကောင်း အမျိုးသမီး တစ်ယောက်က လူထုရှေ့၌ သံသေးသံကြောင် မအော်မှန်း ကျွန်မ သိတယ် ဟု ဆို၏ ။
ကောင်းပြီ .. ခင်ဗျားက မြစ်ရေထဲ နစ်နေသည် ဆိုပါစို့ ။ တတိယ အကြိမ် ရေအောက်ကို ပြန်ကျခါနီးမှာ ခင်ဗျားကို ကယ်နိုင်မည့် လူတစ်ယောက် ကမ်းနံဘေး၌ ရှိနေသည်ဟု ခင်ဗျား စဉ်းစားနေတယ် ။
အော်ဟစ်ဖို့ ခင်ဗျား က္ကနြေ္ဓ ဆည်ဦးမလား ဟု ကျွန်ုပ် ပြောလိုက်သည် ။ ... ကျွန်ုပ် ထပ်ပြောရန် မလိုတော့ပါ ။
အကယ်၍ သင်သည် စိတ်နှိမ့်ချရန် ပြင်ဆင်ထားခြင်း မရှိပါက အောက်ပါ အဆင့်များကို လိုက်နာရန် ဆန္ဒ ရှိမည် မဟုတ်ပါ ။
ref ; Derek prince
No comments:
Post a Comment