ကယ်လွှတ်ခြင်း ရရန် မိမိ ကိုယ်ကို ပြင်ဆင်ခြင်း
ဘုရားသခင်အား ကျေးဇူးတင်ပါသည် ။ ဤ လမ်းကို လိုက်ရန် သင် ဆုံးဖြတ်ပါက သင် လိုအပ်သည့်
ကယ်လွှတ်ခြင်းသို့ ရောက်နိုင်ရန် အဆင့် (၉) ဆင့် ဖြင့် တက်လှမ်းရမည် ။
ကယ်လွှတ်ခြင်း ရရန် မိမိကိုယ်ကို ပြင်ဆင်ခြင်း
အဆင့် ၁ - ခရစ်တော်၌ ယုံကြည်ကြောင်း အခိုင်အမာ ၀န်ခံပါ ။
အဆင့်၂ - မိမိ ကိုယ်ကို နှိမ့်ချပါ ။
အဆင့်၃ - သင်၏ အပြစ် အားလုံး ၀န်ချ တောင်းပန်ပါ ။
အဆင့်၎ - အပြစ် အားလုံး အတွက် နောင်တရပါ ။
အဆင့်၅ - အခြားသူများ အား အရာခပ်သိမ်း အတွက် ခွင့်လွှတ်ပါ ။
အဆင့် ၆ - စုန်းကဝေ နှင့် လည်းကောင်း မှားယွင်းသော ဘာသာ အယူဝါဒများ နှင့်
လည်းကောင်း ဗေဒင်ဆရာ လက္ခဏာ ဆရာ အောက်လမ်းဆရာ
အထက်လမ်းဆရာ များအားလုံးနှင့် လည်းကောင်း အဆက်အသွယ် ဖြတ်တောက်ပါ
အဆင့် ၇ - သင့် အသက်တာ ၌ ရှိသော ကျိန်ဆဲ ခြင်း ဟူသမျှ မှ လွတ်ရန် ပြင်ဆင်ပါ ။
အဆင့် ၈ - ဘုရားသခင် နှင့်အတူ ရပ်တည်ပါ ။
အဆင့်၉ - မောင်းထုတ်ပါ ။
ပထမဦးစွာ ဘုရားသခင်နှင့် သင်၏ ကိုယ်ပိုင် တော်စပ်မှုကို သေချာစေပါ ။ သင်သည် ဒုတိယ
အကြိမ် မွေးပြီးသူ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ သားသမီး ဖြစ်ကြောင်း အမှန် တစ်ကယ် မသိ
၊ ယေရှု၏ ပူဇော် သက္ကာ ခံခြင်းအားဖြင့် သင်၏ အပြစ်အားလုံး ဖြေလွှတ်သည်ကို မသိပါက ဤ
အဆင့်များကို လိုက်နာခြင်းဖြင့် ဘုရားသခင်ကို သင်၏ ဖခင် ကဲ့သို့ တိုက်ရိုက် တော်စပ်နိုင်ပါသည် ။
ref ; Derek prince
No comments:
Post a Comment