ယုံကြည်သူ တိုင်းနှင့် သက်ဆိုင်သော သတိပေးချက်
by ရတနာ (ref ; Derek prince)
ကယ်လွှတ်ခြင်း လွတ်မြောက်ခြင်း ခံစားရသည့် အခါတိုင်း၌ ဘုရားသခင်ကို ချီးမွမ်းပြီး ကျေးဇူးတင်ပါ။
ကျေးဇူးတော် ချီးမွမ်းခြင်းသည် မိမိ၏ ယုံကြည်ခြင်း ကို ဖော်ပြသော အလွယ်ဆုံး အရှင်းလင်းဆုံး
ဖြစ်သည် ။
ချီးမွမ်းခြင်းမှာ နတ်ဆိုးများ သည်းမခံနိုင်သော အရာဖြစ်သည် ။
ကယ်လွှတ်ခြင်း ပြည့်စုံသည်ဟု သင်ခံစားရသော အခါ ဤအချိန်၌ သင်တတ်နိုင်သမျှ အတိုင်းအတာသို့ ရောက်ပြီဟု သင်ခံစားသောအခါ
ကယ်လွှတ်ခြင်း အစီအစဉ် တစ်ခုအပြီး
လူတစ်ယောက်သည် ကျွန်ုပ် ထံသို့ လာပြီး "ကျွန်တော် လုံးဝ လွတ်လပ်ပြီ
ဖြစ်ကြောင်း ဘယ်လိုသိရမလဲ " ဟု မေးသည် ။
ကျွန်ုပ်က
ခင်ဗျားကို အောင်လက်မှတ် ပေးဘို့ ကျွန်ုပ် အလုပ်မဟုတ်ဘူး ။ ကျွန်တော်
ထိုသို့ ပြုလုပ်ပါက ၄င်းသည် စာရွက်ပေါ်၌ ရေးသားထားသော အရာဖြစ်သော
ကြောင့် အဖိုးတန်မည် မဟုတ်ပါ ။ တစ်ကယ့် အရေးကြီးသော အရာမှာ
နတ်ဆိုးများ အမှန်တစ်ကယ် ရှိကြောင်းကို လည်းကောင်း သူတို့နှင့်
မည်သို့ ဆက်ဆံဖြေရှင်း မည်ကိုလည်းကောင်း သင်ကိုယ်တိုင်
တွေ့ရှိရန်ပင် ဖြစ်သည် ။
ခရစ်ယာန်တိုင်းနှင့်
သက်ဆိုင်သော သတိပေးချက် တစ်ခုရှိသည် ။ နတ်ဆိုးမှ
ကယ်နုတ်ခံရခြင်းကို ရှက်ရန်မလိုပါ ။ ခရစ်ဝင်ကျမ်းထဲ၌ ထူးခြားပြီး
ဘုန်းကြီးသည့် ဂုဏ်ပြုခြင်းခံရသည့် လူတစ်ယောက် ရှိသည် ။ ထိုသူသည်
သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းကို ပထမဦးဆုံး သက်သေခံသောသူ
ဖြစ်သည် ။ ထိုအဖြစ်အပျက်ကို မာကု ၁၆း၉ ၌ မှတ်တမ်းတင်ထားသည် ။
၎င်းကို စဉ်းစားပါ
။ ယေရှုက " အထဲမှ နတ်ဆိုး ခုနစ်ကောင်ကို ကိုယ်တော်မောင်းထုတ်ရသောသူ "
ဟူ၍ သတ်မှတ်ဖော်ပြခြင်း ခံရသော မာဂဒလမာရိထံသို့ သခင်ယေရှု
ထမြောက်ခြင်းကို ထင်ရှားပြသည် ။ မာရိသည် ရှက်စရာမလိုတော့ပါက သင်၏
အထဲမှ နတ်ဆိုးမောင်းထုတ် ခံရလျှင်လည်း သင်ရှက်စရာ ပို၍ လိုမည်
မဟုတ်ပါ ။
သင်ရှက်ရမည့်
အရာတစ်ခုသာ ရှိသည် ။ သင်သည် နတ်ဆိုးမှ လွတ်မြောက်ရန်
လိုအပ်သော်လည်း မာန်မာနက သင်၏ လိုအပ်ချက်ကို သိရန်နှင့်
လွတ်ငြင်း အခွင့်ရရန် ဆီးတားခံရပါက ရှက်စရာကောင်းသည် ။
No comments:
Post a Comment