ကယ်လွှတ်ခြင်းရရန် ပြင်ဆင်ခြင်း အဆင့် (၉)
ဤ အရာသည် လွယ်ကူပြီး လက်တွေ့ကျသောကြောင့် ၀ိဥာဉ်ရေးရာ မဆန်ပါ ။ နတ်ဆိုးက
အလုပ်လုပ်သည်။ သို့သော် ဖော်ပြပေးထားသော ဆုတောင်းချက် များအားဖြင့် ဆုမတောင်းမီ
နှင်ထုတ်ခြင်းကို မပြုလုပ်ပါနှင့် ။
လူ၏ ခန္ဓာကိုယ်၌ ရှိသော ဒွါရ ပေါက်များမှ တစ်ဆင့် တစ်ခါတစ်ရံ နတ်ဆိုးတစ်ကောင်သည် ၄င်း
အပေါက် တစ်ပေါက်မှ တစ်ဆင့် ထွက်လာတတ်သည် ။
တစ်ခါက ကျောင်းသား တစ်ယေက်ဖြစ်သည် ခရစ္စတိုဖာ ၏ ဘယ်ဘက်နားမှ တစ်ဆင့် သံသယ နတ်ဆိုး
မည်သို့ ထွက်သွားကြောင်း ကျွန်ုပ် ပြောပြပါသည် ။
ကိုယ့်ကိုယ်ကို ရာဂစိတ် ဖြေဖျောက်သည့် နတ်ဆိုးသည် လက်ချောင်းများမှ တစ်ဆင့်
ထွက်လာကြောင်းလည်း ကျွုန်ပ် တို့ သိရှိခဲ့ရသည် ။ ခြေဆွံ့သော
နတ်ဆိုးသည် ခန္ဓာကိုယ် တုန်လှုပ်ခြင်း ဖြင့် ထွက်လေ့ ရှိပါသည် ။
နတ်ဆိုး တစ်ကောင်သည် သင်၏ ပါးစပ်မှ ထွက်မလာဘဲ အခြားသော အပေါက် မှ လည်းကောင်း
သို့မဟုတ် သင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း မှ လည်းကောင်း ထွက်လာပါက သင် သိလာမည် ။
သန့်ရှင်းသော ၀ိဥာဉ်တော်နှင့် ပူးပေါင်း လုပ်ဆောင်ပါက သင်မည်သို့ ပြုလုပ်ရမည်ကို ဖော်ပြသွားလိမ့်မည် ။
သို့သော်လည်း နတ်ဆိုးကို ပါးစပ်ပေါက်မှာသာ သင်နှင်ထုတ်ရန် မျှော်လင့်နိုင်သည် ။
တစ်ခါက မိခင် တစ်ယောက်သည် လေးနှစ်ခန့် ရှိသော သူမ၏ သားငယ်လေးနှင့် ကျွန်ုပ်ထံသို့ ရောက်လာပြီး ကလေးအတွက် ဆုတောင်းပေးရန် တောင်းဆိုသည် ။
" သူ ဘာ ပြဿနာ ရှိသလဲ "
"အဆိပ်တက်တယ် "
"ဘယ်လို အဆိပ် တက်တာလဲ "
"ဘာ အစားက အဆိပ် တက်တာလဲ
"ဤ အဆိပ်ကို နတ်ဆိုး တစ်ကောင် ကဲ့သို့ ကျွန်တော် ဆက်ဆံ ဖြေရှင်းးမယ် " ဖြစ်မလားဟု မိခင်ကို မေးရာ သဘောတူသည် ။
ထို့နောက် ထိုကလေး ဘက်သို့လှည့်ပြီး "မင်းထဲ၌ မကောင်းသည့် နတ်ဆိုးရှိတယ် ။ မင်းကြိုက်တဲ့ အစာကို မစားရန် တားဆီးတယ် ..
မင်းထွက်လာရန် ယေရှုနာမ ၌ အမိန့်ပေးတယ် " လို့ ပြောတဲ့အခါ မင်းပါးစပ်က မှုတ်ထုတ်လိုက်ပါ ။ ဟုတ်ပြီလား .. ဟူ၍ ရှင်းပြလိုက်သည် ။
ထိုကလေး ခေါင်းငြိမ့်သည် ။ ကောင်းမွန်စွာ လေ့ကျင့်ထားသော ကလေး တစ်ယောက်ကဲ့သို့ ပြုမူသည် ။ သူ့အထဲမှ နတ်ဆိုး ထွက်လာရန် ကျွန်ုပ် အမိန့်ပေးပြီး ပြောသည့်အတိုင်း
ထိုကလေးကို လေးကြိမ် လေးခါ မှုတ်ထုတ်စေသည် ။ မည်သည့် အရာမှ ဖြစ်မလာပါ ။ စိတ်ခံစားချက်
စိတ်လှုပ်ရှားမှု မရှိပါ ။ အမှန်တစ်ကယ် ထိုကလေး ကယ်လွှတ်ခြင်း ခံရသည် မခံရသည်ကို
စိုးရိမ်သော်လည်း ဘုရားသခင် ထံသို့ ကျွန်ုပ် အပ်နှံလိုက်သည် ။
နောက်သုံးရက်ကြာသော အခါ ကလေး၏ မိခင် ပြန်လာပြီး သူမ အတွက် ဆုတောင်းပေးရန် တောင်းဆိုသည်
ဘာပြဿနာ ဖြစ်လည်း ဟု မေးရာ .. အဆိပ်တက်တယ်ဟု ပြန်ဖြေသည် ။
ကလေးရဲ့ အခြေအနေကို အရင်ပြောပြပါလား .. ဟုပြောရာ .. ကျွန်မနဲ့အတူ အိမ်ကို ပြန်တော့ ရေခဲသတ္တာဆီ တန်းသွားပြီး အထဲမှာ ရှိသမျှ မြည်းကြည့်ပြီး ဘာမှ မဖြစ်တော့ဘူး .. ဟု ဆိုသည်
ကလေးများကဲ့သို့ ခံယူရန် လိုအပ်ကြောင်း ယေရှု ပြောသည့် အရာကို ကျွုန်ုပ် သတိရသည် ။
ကယ်လွှတ်ခြင်း အတွက် သင်ဆုတောင်းပြီးနောက် အာမင်နှင့် အဆုံးသတ်ကာ စတင်မောင်းထုတ်ပါ ။ အာမင် မှာ သင့်ဆန္ဒ၏ ဆုံးဖြတ်ချက် ဖြစ်ပြီး သင့်ခွန်အားနှင့် လုပ်ဆောင်မှု လိုက်လာပါမည် ။
တစ်ချိန်ထဲမှာပင် နတ်ဆိုး သို့မဟုတ် နတ်ဆိုးများ ထွက်လာမည့် လမ်းဖွင့်ထားပါ ။ ထွက်ပေါက်ကို ရှင်းရှင်း
လင်းလင်း ထားပါ ။ ဆက်လက် ဆုတောင်းခြင်း အခြားသော ဘာသာစကား ပြောခြင်းကို မပြုပါနှင့် ။
စကားပြောရာ၌ နုတ်ဖျားနှင့်် လျှာ လှုပ်ရှားမှုသည် နတ်ဆိုးအား အထဲ၌ ထိန်းသိမ်းထားရန်
အဆီးအတားသဖွယ် ဖြစ်သည် ။ မီးများ ဖွင့်ထားပြီး အချက်ပေး ဥသြဆွဲနေသည့် လူနာတင် ကား
တစ်စီး မောင်းလာသည်ဟု ဆိုကြပါစို့ ။ အခြားကားတို့သည် လမ်းဘေးသို့ ဖယ်ရှား ရပ်တန့်ပေးကြသည် ။
အခြားကားများ သွားလာ လှုပ်ရှားနေပါက လူနာတင်ယာဉ်လည်း လိုရာရောက်မည် မဟုတ်ပါ ။ ထို့အတူ
နတ်ဆိုး ထွက်လာရန် သင့်နှုတ်လျှာကို ထိန်းထားပါ ။ နတ်ဆိုး ထွက်လာရန် လမ်းရှင်းပေးပါ ။
နှင်ထုတ်ခြင်းကို သင်အစပြုသည်နှင့် ပထမဦးဆုံး ထွက်လာမည့် အရာသည် လူ၏ သဘာဝ အတိုင်း
အသက်ရှုခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။ သို့သော်လည်း မကြာမီ လူ၏ အသက်ရှုခြင်း မဟုတ်သော အရာတစ်ခု စတင် ထွက်လာမည် ။ ဤ အရာသည် သင်၏ ရန်သူ ပင် ဖြစ်သည် ။ ဆက်လက် လုပ်ပါ ။
နတ်ဆိုး ထွက်လာသောအခါ ထင်ရှားခြင်း အမျိုးမျိုး ရှိနိုင်သည် ။ ၄င်းသည် သက်ပြင်းချသံ တိုးတိုးလေး
သို့မဟုတ် သန်းဝေခြင်းတို့ ဖြစ်သည် ။ သို့မဟုတ် ရှိုက်၍ ငိုခြင်း ညည်းညူခြင်း ချောင်းဆိုးခြင်း အော်ဟစ်ခြင်း
စသည်တို့နှင့် အတူ ထွက်လာနိုင်သည် ။ ဖိလိပ္ပု ၏ လုပ်ငန်း၌ နတ်ဆိုးများသည်
ကျယ်လောင်စွာ အော်ဟစ်ပြီး ထွက်လာကြသည်ကို သတိရပါ ။ နီကိုတင်း နတ်ဆိုးမှ ကယ်လွှတ်ခြင်း
ခံရသော အမျိုးသမီး တစ်ယောက်သည် ပါးစပ်ကို အကျယ်ကြီး ဖွင့်ရာ မေးရိုးလွဲပြီဟု ထင်ရသည် ။
သို့သော်လည်း ပါးစပ်ပိတ်သော အခါ နီကိုတင်းမှ လွှတ်ခြင်း အခွင့် ရသည် ။
သင်နှင်ထုတ်ခြင်းကို မည်၍ မည်မျှ ကာလ အကြာ ဆက်လုပ်ရမည်ကို ကြိုတင်ခန့်မှန်းခြင်း မပြုပါနှင့် ။ နတ်ဆိုး ထွက်မလာ သရွေ့ ဆက်လုပ်ပါ ။
နတ်ဆိုး တစ်ကောင် ထွက်လာသောအခါ လူအချို့ အထူးသဖြင့် အမျိုးသမီးများသည် လွတ်ခြင်း
တစ်စုံတရာမရဘဲ ဆက်လက်ပြီး ညည်းညူတတ်ကြသည် ။ နတ်ဆိုးသည် လည်ချောင်း၏ ကျဉ်းမြောင်းသော အပိုင်း၌ ရပ်ပြီး နှင်ထုတ်ခြင်းကို ရပ်တန့်ရန် စောင့်နေသည် ။ ထိုသို့သော ကိစ္စတွင်
အရှိန်ပြင်းစွာသော ချောင်းဆိုးခြင်းက နတ်ဆိုးကို ပြတ်သားစွာ တွန်းထုတ်ရာ အတင်း ထွက်လာစေသည် ။
တစ်ခါတစ်ရံ ကယ်လွှတ်ခြင်း အစီအစဉ်၌ နတ်ဆိုး၏ ကျယ်လောင် စူးရှသော အသံသည် ကယ်လွှတ်ရန်
ကြိုးစားနေသူကို အာရုံပြန့်လွင့်ကာ အဆီးအတားဖြစ်ပြီး ကြောက်လန့်စေတတ်သည် ။
ထိုသူ အော်ဟစ်ချိန်၌ အလုပ်လုပ်သော သူများ အနေနှင့် အလျင်အမြန်ပြုပြီး ကယ်လွှတ်ခြင်းရရန် ကူညီ မစမှု လိုအပ်သည် ။
နတ်ဆိုးသည် နည်းမျိုးစုံဖြင့် ထွက်လာတတ်သည် ။ သို့သော် ယေရှု နာမကို စွဲကိုင်သောအခါ သင်သည်
နတ်ဆိုး အပေါ်၌ အာဏာရှိကြောင်း သတိရပါ ။ ကြောက်ရွံခြင်း ၀ိဥာဉ်ကို အညံ့မခံပါနှင့် ။ သန့်ရှင်းသော
ဝိဥာဉ်တော်သည် သင့်ကို မစရန် သင်နှင့်် အတူရှိကြောင်း သတိရပါ ။ ၀ိဥာဉ်တော်၌ လုံးဝ အညံ့ခံပြီး
သင့်အား အောင်မြင်ခြင်းသို့ ပို့ဆောင်ခွင့် ပေးပါ ။
ဆုတောင်းခြင်းသို့ ဆက်သွားကြပါစို့ ။
ref ; Derek prince
No comments:
Post a Comment