အဆင့် (၈) - ဘုရားသခင်နှင့်် အတူ ရပ်တည်ပါ ။
ပြတ်သားသော
ဆုံးဖြတ်ချက် တစ်ခုချပြီး " ကျွန်တော်၏ ဆန္ဒ ရည်ရွယ်ချက် ကျွန်တော်၏
အနာဂတ် ကျွန်တော်၏ အသက်တာ တစ်ခုလုံးကို ဘုရားသခင်အား
ဆက်ကပ် အပ်နှံပါ၏
.. အပြစ်အားလုံး မကောင်းမှုအားလုံး နှင့် နတ်ဆိုး အမျိုးမျိုးကို
ဆန့်ကျင်ဘက် ပြုလျှက် ဘုရားသခင်နှင့် အတူ ရပ်တည်ပါသည် " ဟု အသံထွက် ပြောပါ ။
ဘုရားသခင်နှင့် အတူ သင်ရပ်တည် သည်နှင့် တစ်ပြိုက်နက် ကိုယ်တော်သည်လည်း သင်နှင့် အတူ ရပ်တည်လိမ့်မည် ။
ဘုရားသခင်သည် ငါတို့ ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။
(ရော ၈ -၃၁ ) ဟူ၍ စိတ်ချမှုတစ်ခု သင်ခံစားနိုင်သည် ။
သင့်ကို မစရန်
ဘုရားသခင် ရောက်လာနိုင်သည့် နည်းတစ်ခုမှာ သင်နှင်ထုတ်ရန် လိုအပ်သော
နတ်ဆိုးတို့ကို ဖော်ပြထင်ရှား စေခြင်းဖြစ်သည် ။
နတ်ဆိုးတစ်ကောင်နှင့််
ဆက်ဆံခြင်းမှာ ရိုင်းစိုင်းသည့် ခွေးတစ်ကောင်နှင့် ဆက်ဆံသကဲ့သို့
ဖြစ်ကြောင်း ကျွန်ုပ် ပြောလိုပါသည် ။
သင်သည် ထိုခွေးကို
နာမည်နှင့် တကွ ခေါ်သောအခါ သင်သည် သူ့ထက် ပို၍ အာဏာရှိပြီး
သင်လွတ်မြောက်ရန် လိုအပ်သော နတ်ဆိုးသို့မဟုတ် နတ်ဆိုးများ၏
သီးသန့်နာမည်များကို
သင်သိနိုင်သည် ။ လွတ်မြောက်ခြင်း အစီအစဉ်သို့ သင်ဝင်သည်နှင့်
တစ်ပြိုင်နက် နတ်ဆိုး၏ နာမည် တစ်ခုသည် သင်၏ ဦးနှောက် ထဲသို့
ဝင်ကောင်းဝင်မည် ။ ဤသို့ဖြင့် သန့်ရှင်းသော ၀ိဥာဉ်တော်သည် သင့်အား မစရန် ရောက်လာနိုင်သည် ။
ကယ်လွှတ်ခြင်း
အစီအစဉ် တစ်ခုအပြီး၌ လူငယ်တစ်ယောက်က " သွားကျိုးဝိဥာဉ် ဆိုတာ
ရှိပါသလား ဟုမေးသည် ။ ထို ၀ိဥာဉ်ကို ကျွန်ပ် မကြားဖူးဘူး .. ဒါပေမယ့်
သန့််ရှင်းသော ၀ိဥာဉ်တော်ကို ရှိတယ်ဆိုရင် ရှိပါတယ် "ဟု ကျွန်ုပ် ပြန်ဖြေသည် ။
"ဟုတ်ပြီ .. မကြာခင်က ကျွန်တော် လွတ်လာခဲ့တာ အဲဒီ နတ်ဆိုးဘဲ .. ဟု ထိုလူငယ်က ပြန်ပြောပါသည် " ..
နှစ်ပေါင်း အတော်ကြာပြီးနောက် လူငယ်မဟုတ်တော့သည့် ထိုလူငယ်သည် ကယ်လွှတ်ခြင်း၏ ရလဒ်ကို ကျွန်ုပ်အား ပြောပြသည် ။
"ကျွန်တော် သွားဆရာဝန် ဆီသွားပြီတော့ သွားဖာခိုင်းပါတယ် .. နှစ်နှစ်ကြာတဲ့အခါ
သွားဖာသည့် အောက်၌ သွားပျက်စီး ယိုယွင်း ပြန်ရာ နောက်ထပ်
အသစ်ဖာရန်
လိုအပ်လာတယ် .... ဒါပေမယ့် ယိုယွင်းသည့် နတ်ဆိုးမှ ကျွန်တော်
လွတ်မြောက်ပြီးနောက်ပိုင်းမှာ အဲဒီ ပြဿနာကို ကျွန်တော် ထပ်ပြီး
မခံစားရ တော့ဘူး " ဟု ဆို၏ ...
အကယ်၍ သန့်ရှင်းသော ၀ိဥာဉ်တော်သည် ထိုနတ်ဆိုး၏ နာမည်ကို ဖော်ပြပါက နောက်တစ်ဆင့်
အနေနှင့် သင်သည်
ထိုနတ်ဆိုးကို ဆန့်ကျင်၍ ဘုရားသခင်နှင့် ပြတ်ပြတ်သားသား
ရပ်တည်ပြီး အသံကျယ်ကျယ်ဖြင့် ပြောရမည် ။ "အချင်း တပ်မက် သော ၀ိဥာဉ်
... စသည်ဖြင့် .. " ငါသည် သင့်တစ်ဖက်မှာ သခင်ယေရှု၏ နာမ၌
ရပ်တည်ပါတယ် .. မင်းစကားကို ငါနားမထောင်တော့ဘူး .. ငါ့ အထဲ၌
သင့်အတွက် နေရာမရှိတော့ဘူး သင်ထွက်သွားဖို့ ငါအမိန့်ပေးတယ် ...
ဟူ၍ အသံထွက် ဆိုပါ ။
အပြုခံသောသူ
ဖြစ်ရန် သင် ကြိုးစား၍ မဖြစ်ပါနှင့် ... " ဘုရားသခင်၏
အလိုတော်သို့ လိုက်ကြလော့ .. မာရ်နတ်ကို ဆီးတားကြလော့ ..
ထိုသို့ပြုလျှင်
သူသည် သင်တို့ထံက ပြေးသွားလိမ့်မည် .. ( ယာကုပ် ၄း၇ ) ကို သတိရပါ ။
ref ; Derek prince
No comments:
Post a Comment