Friday, January 11, 2013

မျက်မြင်သက်သေ၏ သက်သေခံချက်

11.01.2013
၁ ယော ၁း ၁ - ၁၀
ငါတို့သည် ခမည်းတော်နှင့်၎င်း၊သားတော် ယေရှုခရစ်နှင့်၎င်း၊    မိတ်ဿဟာယ ဖွဲ့ရ သည် ဖြစ်၍....။      ၁ ယော ၁း ၃

နာမည်ကျော်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ ရိုက်ကူးရေးအတွက် Day of Discovery တယ်လီ ဗွီးရှင်း အဖွဲ့ဝင်များက တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်သည်။ အထူးသဖြင့် ၄င်းတို့တင်ဆက်သည့် ပုဂ္ဂိုလ်ကို သိကျွမ်းသူများနှင့် စကားပြောခန်းမှာ အားရကျေနပ်စရာ ကောင်းလှသည်။ တရုတ်နိုင်ငံ စစ်အကျဉ်းစခန်း၌ `အဲရစ်လစ်ဒဲ’ နှင့်တစ်ခန်းတည်း အကျဉ်းကျခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း C.S. Lewis ၏နေအိမ်တွင် ဆယ်ကျော်သက်အရွယ်က နေထိုင်ခဲ့သည့်အမျိုးသမီး၊ အမေရိကတောင်ပိုင်း တစ်လျှောက်တွင် မိန့်ခွန်းပြောကြားရန် သွားသည့် `ဒေါက်တာ ဂျော့ဝါရှင်တန်ကာဗာ’ကို ကားမောင်းပို့ ပေးခဲ့ရသူစသည့် လူတို့နှင့်စကားပြောဆိုခွင့်ရခဲ့ ပါသည်။ ထိုသူအားလုံးက သူတို့သိကျွမ်းသည့် အထူးပုဂ္ဂိုလ်များ၏ အကြောင်းကို လွတ်လပ် ပွင့်လင်းစွာ ပြောပြခဲ့ကြသည်။
သခင်ယေရှု၏တပည့်တော် (၁၂) ပါး၌ တစ်ပါးဖြစ်သည့် ရှင်ယောဟန်သည် အသက်ရလာချိန်တွင် သခင်ယေရှုအား မျက်မြင်ကိုယ်တွေ့၊ အနီးကပ် ရင်းနှီးကျွမ်းဝင်သူ အဖြစ် သူရေးသော စာ၏အဖွင့်၌ သူ့ကိုယ်ကို ဖော်ပြထားသည်။ “ထိုအသက်သည်ထင်ရှား ခဲ့ပြီ။ ငါတို့သည်လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဖူး၍ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ငါတို့သည်သင်တို့အား သက်သေခံ၍ ပြသကြ၏” (၁ယော ၁း၂)။ ဤသို့ ရေးသားရသည့် ရည်ရွယ်ချက်မှာ ‘ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှု ခရစ်နှင့်၎င်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍ သင်တို့သည် ငါတို့နှင့်မိတ်သဟာယဖွဲ့စေခြင်းငှါ’(း၃)၊ ‘သင်တို့၏ ၀မ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှာ’(း၎) ဖြစ်သည်။
သခင်ယေရှုတပည့်တော်များ၏ မျက်မြင်ကိုယ်တွေ့ သက်သေခံချက်များက ခရစ်တော်ကို ယုံကြည်ရန် ကျွန်ုပ်တို့အား မစသည်။ သူတို့မြင်ရသကဲ့သို့ ကိုယ်တော်ကို မမြင်တွေ့ရငြားလည်း ကိုယ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ပါ၏။
— David McCasland

Wednesday, January 9, 2013

 
Promise #10 - Thursday January 10, 2013
Posted: 10 Jan 2013 09:02 PM PST
Ezekiel 36:26-27 WEB 
26 I will also give you a new heart, and I will put a new spirit within you; and I will take away the stony heart out of your flesh, and I will give you a heart of flesh. 27 I will put my Spirit within you, and cause you to walk in my statutes, and you shall keep my ordinances, and do them.
 
Promise #10: I have given you a new heart and put My own Spirit in you.  

This passage of Scripture is pointing to the day when people would no longer have to live a life separate from God. They would no longer have to try and figure out what the Lord desired from a distance because God promised to give them a new heart and put His own Spirit within them.

Of course this promise was fulfilled when Jesus Christ, the Lamb of God, came into the world and made a way for each one of us to receive the free gift of salvation. Because of Jesus' death, burial and resurrection, we no longer have to live with a cold heart of stone because He has given us a new heart. Because of the New Covenant, we no longer are separated from God because He has given us the most precious gift He could give...the gift of Himself.

God has given each one of us a new heart and He has put His own Spirit within us as a deposit to guarantee our inheritance. There is no greater gift that He could give. May we be aware of the abiding presence of God that lives in us today and have a heart of thanksgiving to God for giving us the precious gift of a new heart and His own Spirit!
Photo by Barry Adams

သန့်ရှင်းသော ၀ိညာဉ်တော်သည် မည်သူနည်း?

သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်းနှင့် ပတ်သက်၍ မှားယွင်းသော ခံယူချက်များစွာ ရှိသည်။ သန့်ရှင်း သော ၀ိညာဉ်တော်အကြောင်းကို နားလည်ရန် အလွန်ခက်ခဲသည်ဟု တချို့သော သူတို့က မြင်တွေ့ကြသည်။ တချို့သော သူတို့က သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်က ခရစ်တော်၏ နောက်လိုက်သော သူများအတွက် ပြင်ဆင်ပေး ထားသော လူပုဂ္ဂိုလ်မဟုတ်၊ တန်ခိုးကြီးသောသူ ဖြစ်သည်ဟု သိရှိသည်။ သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်း နှင့် ပတ်သက်၍ သမ္မကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သမ္မကျမ်းစာက သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ် သည်ဟု ပြောထားပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒတွေ ရှိ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ကျမ်းပိုဒ်များစွာတို့နှင့် အတူ တမန်တော်၊ ၅း၃-၄ ထဲတွင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင် ဖြစ် ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ ဤကျမ်းပိုဒ်တွင် ပေတရုက အာနနိ အား သူသည် အဘယ့်ကြောင့် ဘုရား သခင်ကို လိမ်ညာခဲ့ကြောင်း၊ သူ၏ အပြစ်ကို ဖော်ပြ၍ “လူတွေကို လိမ်ညာခြင်းမဟုတ်ပဲ ဘုရားသခင်ကို လိမ်ညာခြင်းဖြစ် ကြောင်း” ပေတရု က သူ့အား ပြောထားသည်။ သန့်ရှင်းသော ၀ိညာဉ်တော်ကို လိမ်ညာခြင်းသည် ဘုရားသခင်ကို လိမ်ညာ ခြင်းဖြစ်ကြောင်း သေချာသော ဖော်ပြချက်ဖြစ်ပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင် ပိုင်ဆိုင်သော အရည်အချင်းများ (သို့) ၀ိသေသတို့ကို ပိုင်ဆိုင်ထားသဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်တို့ သိရှိနိုင်သည်။ ဥပမာအားဖြင့်၊ ဆာ၊ ၁၃၉၊ ၇-၈ ထဲတွင် သန့်ရှင်းသော ၀ိညာဉ်တော်သည် နေရာတိုင်း၌ ရှိကြောင်းကို တွေ့ရ သည်။ “၀ိညာဉ်တော်နှင့် လွတ်စေခြင်းငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော် နှင့် လွတ်စေခြင်းငှါ အဘယ့် အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌လည်း အိပ်ရာကို ခင်းလျှင် ကိုယ်တော်ရှိတော်မူ၏”။ ထို့နောက် ၁ကော၊ ၂း၁၀ တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ သမ္ဗညုတ္တဥာဏ်တော်နှင့် ပြည့်စုံသော ၀ိသေသကို တွေ့နိုင်ပါသည်။ “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ပြတော်မူ၏။ ၀ိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကို စစ်တော်မူ၏။ လူ၏ နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသော အရာကို ဘုရားသခင်၏ ၀ိညာဉ်တော်မှ တပါး အဘယ်သူမျှ မသိ။” သန့်ရှင်းသော ၀ိညာဉ်တော်သည် စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒရှိသဖြင့် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ကျွန်ုပ်တို့ပြောနိုင်ပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် တွေးတော၍ သိရှိသည် (၁ကော၊ ၂း၁၀)။ သန့်ရှင်းသော ၀ိညာဉ်တော်က နာကျည်းမှုကို ခံစားနိုင်သည် (ဧ၊ ၄း၃၀)။ သန့်ရှင်းသော ၀ိညာဉ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးနေသည် (ရော၊ ၈း၂၆-၂၇)။ သန့်ရှင်းသော ၀ိညာဉ်တော်သည် သူ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချသည် (၁ကော၊ ၁၂း၇-၁၁)။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ်၍ သုံးပါးတစ်ဆူထဲတွင် “တတိယမြောက် ပုဂ္ဂိုလ်” ဖြစ်သည်။ ဘုရားသခင်ကဲ့သို့ သန့်ရှင်းသော ၀ိညာဉ်တော်သည်လည်း သခင်ယေရှု ကတိပေးခဲ့သည့်အတိုင်း နှစ်သိမ့်သူ၊ တိုင်ပင်ဖက်အဖြစ် ကူညီလုပ်ဆောင်နိုင်ပါသည် (ယောဟန်၊ ၁၄း၁၆၊ ၂၆၊ ၁၅း၂၆)။

ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းအားဖြင့် ရရှိသလော?

ခရစ်ယာန် သီအိုလျော်ရီအားလုံးထဲတွင် ဤမေးခွန်းသည် အရေးကြီးဆုံးသော မေးခွန်းဖြစ်နိုင်ပါသည်။ ဤ မေးခွန်းပေါ်ပေါက်လာခြင်းသည် ပြုပြင်ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း(Reformation)ကြောင့်ပင် ဖြစ်သည်။ Protestant အသင်းတော်နှင့် Catholic အသင်းတော်တို့၏ ကွဲပြားမှုကြောင့်ဖြစ်သည်။ ဤမေးခွန်းသည် သမ္မာကျမ်းစာကို စွဲကိုင်သော ခရစ်ယာန်ဘာသာ နှင့် “ခရစ်ယာန်” အယူဝါဒ လွဲမှားသူ အများစုတို့အကြား ကွာဟမှုဖြစ်စေသော သော့ချက်ပင်ဖြစ်သည်။ ကယ်တင်ခြင်းကို ယုံကြည်ခြင်း တစ်ခုဖြင့်သာလျှင် ရရှိသလော၊ (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုတို့ဖြင့် ရရှိပါသလော။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်း ရရှိသလော။ (သို့) ခရစ်တော်ကို ယုံကြည်၍ တခြားကောင်းမှု ကုသိုလ်တို့ကို လည်း လုပ်ဆောင်ရန် လိုအပ်သလော။ ယုံကြည်ခြင်းသာလျှင် (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ဟူသော မေးခွန်းသည် သမ္မာကျမ်းစာထဲ၌ ရှိသော စာပိုဒ်များကို ညှိနှိုင်းစွာကြည့်ခြင်းဖြင့် ဖြေကြားပေးနိုင်ရန် အလွန်ခက်ခဲပါသည်။ ရောမ၊ ၃း၂၈၊ ၅း၁ နှင့် ဂလာ၊ ၃း၂၄၊ ယာကုပ်၊ ၂း၂၄ တို့ကို နှိုင်းယှဉ်ကြည့်ပါ။ ပေါလုတင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိ သည်) နှင့် ယာကုပ်တင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ရရှိသည်) တို့၏ ကွာဟမှုတို့ကို တွေ့ရှိနိုင်ပါသည်။ တကယ်တန်းကျတော့ ပေါလုနှင့် ယာကုပ်တို့သည် အချင်းချင်း ကွဲပြားမှုမရှိပေ။ တချို့သော သူတွေ ယူဆသော မတူညီခြင်းအချက်သည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဤပြဿနာကို ဖြေ ရှင်းပေးနိုင်ရန် ယာကုပ်တင်ပြသော အရာသည် မည်သည့်အရာဖြစ်သည်ကို သေချာစွာသိရှိရန် လိုအပ်သည်။ ကောင်းသော အလုပ်များ မရှိဘဲ ယုံကြည်ရှိသည်ဟု ပြောဆိုသော သူတို့ကို ယာကုပ်က ငြင်းဆိုခြင်းဖြစ်သည် (ယာ၊ ၂း၁၇-၁၈)။ ခရစ် တော်၌ စစ်မှန်သော ယုံကြည်ခြင်းရှိမှသာ ပြောင်းလဲသော အသက်တာ ပိုင်ဆိုင်၍ ကောင်းသော လုပ်ငန်းများကို လုပ်ဆောင် နိုင်ခြင်းဖြစ်သည်ဟု ယာကုပ်က အဓိကတင်ပြလိုခြင်းဖြစ်ပါသည် (ယာ၊ ၂း၂၀-၂၆)။ ယုံကြည်ခြင်းနှင့် လုပ်ငန်း လုပ်ဆောင် ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည်ဟု ယာကုပ်ပြောလိုခြင်းမဟုတ်ပဲ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ရရှိသော သူတို့ သည် မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်များ လုပ်ဆောင်ရမည်ဟု ပြောလိုခြင်းဖြစ်ပါသည်။ လူတစ်ယောက်သည် ယုံကြည်သူတစ်ဦးအဖြစ် ကြွေးကြော်၍ မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်မရှိလျှင် ထိုသူသည် ခရစ်တော်ထဲ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူ လုံးဝ မဖြစ်နိုင်ပေ (ယော၊ ၂း၁၄၊ ၁၇၊ ၂၀၊ ၂၆)။ ပေါလုက သူရေးသားထားသော စာစောင်ထဲတွင် ယာကုပ်ရေးထား သည့်အတိုင်း ရေးသားခဲ့ပါသည်။ ကောင်းမွန် သော အသီးသီးသော ယုံကြည်သူတို့သည် မိမိ အသက်တာ၌ ဂလာက်သြ၀ါဒစာ၊ ၅း၂၂-၂၃ ထဲ၌ ဖော်ပြထားသော ၀ိညာဉ် အသီးတို့ တွေ့ရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကောင်းမှုကုသိုလ်ကြောင့် မဟုတ်၊ ယုံကြည်ခြင်း အားဖြင့်ကယ်တင်ခြင်းရရှိသည်ဟု ပေါလုက ပြောပြီးသည်နှင့် တပြိုင်နက် (၆၊ ၂း၈-၉) ကျွန်ုပ်တို့သည် ကောင်းသော အလုပ်လုပ်ဆောင်ရန် ဖန် ဆင်းထားခြင်းဖြစ်ကြောင်း ပေါ်လုက ဆက်လက်ညွှန်ကြားထားပါသည် (ဧဖတ်၊ ၂း၁၀)။ ပေါလုက ယာကုပ်ရေးထားသည့် အတိုင်း အသက်တာပြောင်းလဲသူတို့သည် အသက်တာ ပြောင်းလဲရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ “လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာတို့ကို ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅း၁၇)။ ပေါလုနှင့် ယာကုပ်တို့သည် ကယ်တင်ခြင်းအကြောင်း သွန်သင်ရာတွင် သဘောထား ကွဲလွဲမှုမရှိပေ။ သူတို့သည် တူညီသော အချက်ကို မတူညီသောရှုထောင့်မှ တင်ပြခြင်းသာဖြစ်ပါသည်။ ပေါလုက ယုံကြည် ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းရရှိသည်ဟု အဓိကတင်ပြလိုခြင်းဖြစ်၍ ယာကုပ်က ခရစ်တော်ထဲ၌ ရှိသောသူတို့သည် ကောင်းသော အကျင့်စာရိတကောင်းမွန်ခြင်းရှိရမည်ဟု အဓိကတင်ပြလိုခြင်းဖြစ်ပါသည်။

ဝိညာဉ်ရေးရာအမြင်ရှုထောင့်

ဖတ်ရန်: ဧ ၁း ၁၅ -၂၁ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည်စုံသည် နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။ ကျူးဘားထောင်၌ (၁၄)နှစ် ကြာအောင် အသက်ဆက်နိုင်ခဲ့သည့် အကျဉ်းသားတစ်ဦးက သူ့စိတ်ဓာတ်မြှင့်တင်ပြီး မျှော်လင့်ခြင်းကို ရှင်သန် စေခဲ့ပုံကို ပြောပြခဲ့သည်။ “ကျွန်တော့်ရဲ့ အကျဉ်း ခန်းမှာ ပြတင်းပေါက်မရှိပါဘူး။ ဒါကြောင့် စိတ်ကူးနဲ့ တံခါးပေါ်မှာ ပြတင်းပေါက်တစ်ပေါက် ဖောက်ခဲ့ တယ်။ ကျွန်တော့်ရဲ့စိတ်ကူးထဲမှာ တောင်တန်းပေါ် က မြင်ရတဲ့ လှပတဲ့ရှုခင်းတွေ ကျောက်ကြား၊ လျှို မြောင်ထဲက စိမ့်ထွက်စီးဆင်းနေတဲ့ ရေလေးတွေ ကို မြင်ယောင်ကြည့်ခဲ့တယ်။ ထောင်တံခါးကိုကြည့် လိုက်တိုင်း ဘာမှကြိုးစားအားထုတ်စရာမလိုဘဲ ဒီမြင်ကွင်းတွေဟာ အသက်ဝင်လာတယ်” ဟုဆို သည်။ ကျမ်းစာထဲတွင် ဖိလိပ္ပိ၊ ကောလောသဲ၊ ဧဖက်မြို့များသို့ ရေးသားသည့် မျှော်လင့်ခြင်းနှင့် ဆိုင်သည့် သြ၀ါဒစာစောင်များကို ရှင်ပေါလုသည် ရောမမြို့တွင် အကျဉ်းခံရစဉ်ရေးခဲ့ခြင်း ဖြစ်သည်။ ဧဖက်မြို့သို့ပေးသော စာစောင်တွင် ရှင်ပေါလုသည် သူအကျဉ်းချ ချုပ်နှောင် ခံရခြင်းကိုကျော်ပြီး တွေးမြင်ထားသည့်ဘ၀အကြောင်းကို တစ်စေ့တစ်စောင်း ရေးခဲ့ခြင်း ဖြစ်သည်။ ရှေးဦးစွာ သူချန်ရစ်ခဲ့သည့် အသင်းတော်၏ ၀ိညာဉ်ရေးရာတိုးတက်မှုကို မြင်တွေ့ ခဲ့ပြီး၊ ဧဖက်မြို့အသင်းတော်၏ ရှင်သန်တက်ကြွမှုအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အစပြုထားသည်။ ထို့နောက် “အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်” (၂း ၇) ကို ချီးမြှောက်ရန် သူတို့၏နှလုံးသားအမြင်ကို ဖွင့်ပြနိုင်ရန်ရှာကြံခဲ့သည်။ ရှင်ပေါလုသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အကြံအစည်တော်ကို အရှိန်မြှင့် ဖော်ပြသောအခါ မည်သည့် ၀မ်းနည်းစရာအကြောင်းမျှ မခံစားရတော့ပြီ။ ခရစ်ယာန်အသက်တာသည် ရှင်သန်ထိုက်သလားဟု စိတ်ဓာတ်ကျပြီး သံသယ ၀င်လျှင်၊ ရှင်သန်ထိုက်ကြောင်း ဧဖက်မြို့သားများက သက်သေပြ အားပေးလိမ့်မည်။ ခရစ်တော်၏ ကြွယ်ဝကောင်းမြတ်ခြင်းများက လူတိုင်းအတွက်ပင် ဖြစ်ပါ၏။ —Philip Yancey
Isaiah 49:15-1615 “Can a woman forget her nursing child, that she should not have compassion on the son of her womb? Yes, these may forget, yet I will not forget you! 16 Behold, I have engraved you on the palms of my hands; your walls are continually before me. (WEB) Since our God and Father is the source of all love, that means He loves us with both a masculine and a feminine love. There are many illustrations of God's 'motherheart' for us throughout the Bible. Isaiah 66:13 is just one example when God says this to Israel... As one whom his mother comforts, so will I comfort you; and you will be comforted in Jerusalem.” (WEB) The good news is that the love of God will meet every need we have. His is the perfect love and He promises to love us with a father's love, a mother's love, a brother's love, a friend's love, and even the love of a bridegroom. In today's Scripture passage, we read a very powerful feminine expression of the heart of Father God. His message to you today is that even if your own mother forgets you, He will not forget you for He has engraved your name on the palms of His hand! May the reality of His everlasting maternal love bring comfort to every area in your heart where you need to be comforted.


Galatians 3:29
If you are Christ’s, then you are Abraham’s seed
and heirs according to promise.

Promise #9: Since you are in Christ, I have made you an heir of all My promises.
 
Every one of the promises that God made to Abraham now belongs to us because we belong to Jesus Christ and are now heirs according to the promise. Just think of that for a moment. You are an heir of God and a joint heir with Jesus (Romans 8:17). Every promise that God made to Abraham is part of your own spiritual inheritance!

When God said to Abraham that He would be the father of many nations, and a blessing to many (Genesis 12), you were part of that promise.  The New Living Translation says Galatians 3:29 this way... And now that you belong to Christ, you are the true children of Abraham. You are his heirs, and God’s promise to Abraham belongs to you. (NLT)

May our God and Father give each one of us a revelation today about what it means to be an heir in His amazing kingdom. ...An heir of God and a co-heir with our elder brother, Jesus Christ. There is no higher call, there is no greater destiny, than to be part of the eternal family of the living God. Be encouraged by the words found in Galatians 4:7 - So you are no longer a bondservant, but a son; and if a son, then an heir of God through Christ. (WEB)
Photo by Jeff Epp

Learning from John Wesley

John Wesley's well-known guiding principle was, "Do all the good you can, by all the means you can, in all the ways you can, in all the places you can, at all the times you can, to all the people you can, as long as ever you can."

He was a disciplined man who lead an inspiring life, the fruit of which you and I still get to benefit from today. Here is a list of questions by which John Wesley would review to examine himself:


1. Am I consciously or unconsciously giving the impression that I am better than I really am? In other words, am I a hypocrite?
2. Am I honest in all my acts and words, or do I exaggerate?
3. Do I confidentially pass on to another what was told to me in confidence?
4. Can I be trusted?
5. Am I a slave to dress, friends, work, or habits?
6. Am I self-conscious, self-pitying, or self-justifying?
7. Did the Bible live in me today?
8. Do I give it time to speak to me everyday?
9. Am I enjoying prayer?
10. When did I last speak to someone else about my faith?
11. Do I pray about the money I spend?
12. Do I get to bed on time and get up on time?
13. Do I disobey God in anything?
14. Do I insist to do something about which my conscience is uneasy?
15. Am I defeated in any part of my life?
16. Am I jealous, impure, criticial, irritable, touchy, or distrustful?
17. How do I spend my spare time?
18. Am I proud?

မှန်အောင်ပြန်တည့်မတ်ပေးခြင်း

(09.01.2013) ဖတ်ရန်: လု ၁၉း ၁ - ၁၀ တစ်စုံတစ်ယောက်သောသူ၏ဥစ္စာအနည်း ငယ်ကို အကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ ပေးပါ၏။ နေသာပြီး နွေးထွေးသည့် နေ့ဖြစ်၍ ဂိုဒေါင် ထဲမှပစ္စည်းများကို ရောင်းချရန်အတွက် သင့်တော် သော နေ့တစ်နေ့ပင်။ လူများက အ၀တ်အစားများ၊ စက္ကူပုံး၊ စာအုပ်များ၊ အစုံလိုက်မဟုတ်တော့သည့် ပန်းကန်ပြားများကို လှန်လှော ရှာဖွေကြည့်ကြ သည်။ မိန်းမပျိုတစ်ယောက်က ပုလဲပုတီးအဖြူ ရောင်ကို ကြည့်နေကြောင်း ကျွန်မသတိပြုမိသည်။ မိနစ်အနည်းငယ် အကြာတွင် ထိုမိန်းမပျိုရော ဆွဲကြိုးပါ ပျောက်သွားသည်။ ထိုမိန်းမငယ် ပြန်ထွက် သွားသည်ကို လှမ်းတွေ့လိုက်၍ အမြန်လိုက် သွားရာ သူ့လက်ထဲ၌ ပုတီးလေးကို တွေ့လိုက် ရသည်။ ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံမိပြီး အဖြစ်အပျက်ကို အလိုလိုသဘောပေါက်ကာ သူမက ခိုးယူလာသည့် ပစ္စည်းအတွက် ပိုက်ဆံကိုပေးချေခဲ့သည်။ သစ်ပင်ပေါ်မှ အခွန်ခံ ဇက္ခဲသည် ခရစ်တော်နှင့်တွေ့ပြီးနောက် ပြောင်းလဲသွား သည်။ အခြားသူတို့ထံမှ မတရားယူထားသည့် ငွေများကို လေးဆပြန်ပေးမည်ဟု ၀န်ခံ ကတိပေးခဲ့သည်။ ထိုခေတ်က အခွန်ခံများသည် ပြည်သူများအပေါ် မတရားအဆတိုး အခွန်ကောက်ခံပြီး ကိုယ်ကျိုးရှာ အသုံးပြုခဲ့သည်။ ဇက္ခဲက ငွေများကိုပြန်ပေးပြီး သူပိုင်သော ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား လှူမည်ဆိုသည့် သူ၏စိတ်အားထက်သန်မှုမှာ ထင်ရှားသောနှလုံးသား ပြောင်းလဲမှုပင်ဖြစ်သည်။ တစ်ချိန်က သူသည် ရယူသူတစ်ဦး ဖြစ်ခဲ့သော်လည်း သခင်ယေရှုနှင့်တွေ့ပြီးနောက်တွင် သူ့ဘ၀ကို ပြန်လည်တည့်မတ်ပြီး ပေးကမ်းသူ တစ်ယောက်ဖြစ်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဇက္ခဲ၏ဥပမာက ထိုကဲ့သို့ပြောင်းလဲမှုမျိုးပြုရန် လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့ ရယူထားသည့်အရာများ၊ ပေးရန်ကျန်သည့်အခွန်များ၊ တစ်ပါးသူအပေါ် မှားယွင်းခဲ့မှုများကို ဘုရားသခင် သတိပေးသောအခါ ကျွန်ုပ်တို့က မှန်ကန်ရာကို ပြန်လည်ပြုပြင် တည့်မတ် စေခြင်းဖြင့် သူ့ကိုချီးမြှောက်အပ်ပေသည်။—Jennifer Benson Schuldt