Wednesday, January 9, 2013

မှန်အောင်ပြန်တည့်မတ်ပေးခြင်း

(09.01.2013) ဖတ်ရန်: လု ၁၉း ၁ - ၁၀ တစ်စုံတစ်ယောက်သောသူ၏ဥစ္စာအနည်း ငယ်ကို အကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ ပေးပါ၏။ နေသာပြီး နွေးထွေးသည့် နေ့ဖြစ်၍ ဂိုဒေါင် ထဲမှပစ္စည်းများကို ရောင်းချရန်အတွက် သင့်တော် သော နေ့တစ်နေ့ပင်။ လူများက အ၀တ်အစားများ၊ စက္ကူပုံး၊ စာအုပ်များ၊ အစုံလိုက်မဟုတ်တော့သည့် ပန်းကန်ပြားများကို လှန်လှော ရှာဖွေကြည့်ကြ သည်။ မိန်းမပျိုတစ်ယောက်က ပုလဲပုတီးအဖြူ ရောင်ကို ကြည့်နေကြောင်း ကျွန်မသတိပြုမိသည်။ မိနစ်အနည်းငယ် အကြာတွင် ထိုမိန်းမပျိုရော ဆွဲကြိုးပါ ပျောက်သွားသည်။ ထိုမိန်းမငယ် ပြန်ထွက် သွားသည်ကို လှမ်းတွေ့လိုက်၍ အမြန်လိုက် သွားရာ သူ့လက်ထဲ၌ ပုတီးလေးကို တွေ့လိုက် ရသည်။ ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံမိပြီး အဖြစ်အပျက်ကို အလိုလိုသဘောပေါက်ကာ သူမက ခိုးယူလာသည့် ပစ္စည်းအတွက် ပိုက်ဆံကိုပေးချေခဲ့သည်။ သစ်ပင်ပေါ်မှ အခွန်ခံ ဇက္ခဲသည် ခရစ်တော်နှင့်တွေ့ပြီးနောက် ပြောင်းလဲသွား သည်။ အခြားသူတို့ထံမှ မတရားယူထားသည့် ငွေများကို လေးဆပြန်ပေးမည်ဟု ၀န်ခံ ကတိပေးခဲ့သည်။ ထိုခေတ်က အခွန်ခံများသည် ပြည်သူများအပေါ် မတရားအဆတိုး အခွန်ကောက်ခံပြီး ကိုယ်ကျိုးရှာ အသုံးပြုခဲ့သည်။ ဇက္ခဲက ငွေများကိုပြန်ပေးပြီး သူပိုင်သော ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား လှူမည်ဆိုသည့် သူ၏စိတ်အားထက်သန်မှုမှာ ထင်ရှားသောနှလုံးသား ပြောင်းလဲမှုပင်ဖြစ်သည်။ တစ်ချိန်က သူသည် ရယူသူတစ်ဦး ဖြစ်ခဲ့သော်လည်း သခင်ယေရှုနှင့်တွေ့ပြီးနောက်တွင် သူ့ဘ၀ကို ပြန်လည်တည့်မတ်ပြီး ပေးကမ်းသူ တစ်ယောက်ဖြစ်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဇက္ခဲ၏ဥပမာက ထိုကဲ့သို့ပြောင်းလဲမှုမျိုးပြုရန် လှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့ ရယူထားသည့်အရာများ၊ ပေးရန်ကျန်သည့်အခွန်များ၊ တစ်ပါးသူအပေါ် မှားယွင်းခဲ့မှုများကို ဘုရားသခင် သတိပေးသောအခါ ကျွန်ုပ်တို့က မှန်ကန်ရာကို ပြန်လည်ပြုပြင် တည့်မတ် စေခြင်းဖြင့် သူ့ကိုချီးမြှောက်အပ်ပေသည်။—Jennifer Benson Schuldt

No comments:

Post a Comment