Friday, January 11, 2013

မျက်မြင်သက်သေ၏ သက်သေခံချက်

11.01.2013
၁ ယော ၁း ၁ - ၁၀
ငါတို့သည် ခမည်းတော်နှင့်၎င်း၊သားတော် ယေရှုခရစ်နှင့်၎င်း၊    မိတ်ဿဟာယ ဖွဲ့ရ သည် ဖြစ်၍....။      ၁ ယော ၁း ၃

နာမည်ကျော်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ ရိုက်ကူးရေးအတွက် Day of Discovery တယ်လီ ဗွီးရှင်း အဖွဲ့ဝင်များက တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်သည်။ အထူးသဖြင့် ၄င်းတို့တင်ဆက်သည့် ပုဂ္ဂိုလ်ကို သိကျွမ်းသူများနှင့် စကားပြောခန်းမှာ အားရကျေနပ်စရာ ကောင်းလှသည်။ တရုတ်နိုင်ငံ စစ်အကျဉ်းစခန်း၌ `အဲရစ်လစ်ဒဲ’ နှင့်တစ်ခန်းတည်း အကျဉ်းကျခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း C.S. Lewis ၏နေအိမ်တွင် ဆယ်ကျော်သက်အရွယ်က နေထိုင်ခဲ့သည့်အမျိုးသမီး၊ အမေရိကတောင်ပိုင်း တစ်လျှောက်တွင် မိန့်ခွန်းပြောကြားရန် သွားသည့် `ဒေါက်တာ ဂျော့ဝါရှင်တန်ကာဗာ’ကို ကားမောင်းပို့ ပေးခဲ့ရသူစသည့် လူတို့နှင့်စကားပြောဆိုခွင့်ရခဲ့ ပါသည်။ ထိုသူအားလုံးက သူတို့သိကျွမ်းသည့် အထူးပုဂ္ဂိုလ်များ၏ အကြောင်းကို လွတ်လပ် ပွင့်လင်းစွာ ပြောပြခဲ့ကြသည်။
သခင်ယေရှု၏တပည့်တော် (၁၂) ပါး၌ တစ်ပါးဖြစ်သည့် ရှင်ယောဟန်သည် အသက်ရလာချိန်တွင် သခင်ယေရှုအား မျက်မြင်ကိုယ်တွေ့၊ အနီးကပ် ရင်းနှီးကျွမ်းဝင်သူ အဖြစ် သူရေးသော စာ၏အဖွင့်၌ သူ့ကိုယ်ကို ဖော်ပြထားသည်။ “ထိုအသက်သည်ထင်ရှား ခဲ့ပြီ။ ငါတို့သည်လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဖူး၍ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ငါတို့သည်သင်တို့အား သက်သေခံ၍ ပြသကြ၏” (၁ယော ၁း၂)။ ဤသို့ ရေးသားရသည့် ရည်ရွယ်ချက်မှာ ‘ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှု ခရစ်နှင့်၎င်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍ သင်တို့သည် ငါတို့နှင့်မိတ်သဟာယဖွဲ့စေခြင်းငှါ’(း၃)၊ ‘သင်တို့၏ ၀မ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှာ’(း၎) ဖြစ်သည်။
သခင်ယေရှုတပည့်တော်များ၏ မျက်မြင်ကိုယ်တွေ့ သက်သေခံချက်များက ခရစ်တော်ကို ယုံကြည်ရန် ကျွန်ုပ်တို့အား မစသည်။ သူတို့မြင်ရသကဲ့သို့ ကိုယ်တော်ကို မမြင်တွေ့ရငြားလည်း ကိုယ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ပါ၏။
— David McCasland

No comments:

Post a Comment