Wednesday, January 9, 2013

ဝိညာဉ်ရေးရာအမြင်ရှုထောင့်

ဖတ်ရန်: ဧ ၁း ၁၅ -၂၁ ငါတို့၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည်စုံသည် နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။ ကျူးဘားထောင်၌ (၁၄)နှစ် ကြာအောင် အသက်ဆက်နိုင်ခဲ့သည့် အကျဉ်းသားတစ်ဦးက သူ့စိတ်ဓာတ်မြှင့်တင်ပြီး မျှော်လင့်ခြင်းကို ရှင်သန် စေခဲ့ပုံကို ပြောပြခဲ့သည်။ “ကျွန်တော့်ရဲ့ အကျဉ်း ခန်းမှာ ပြတင်းပေါက်မရှိပါဘူး။ ဒါကြောင့် စိတ်ကူးနဲ့ တံခါးပေါ်မှာ ပြတင်းပေါက်တစ်ပေါက် ဖောက်ခဲ့ တယ်။ ကျွန်တော့်ရဲ့စိတ်ကူးထဲမှာ တောင်တန်းပေါ် က မြင်ရတဲ့ လှပတဲ့ရှုခင်းတွေ ကျောက်ကြား၊ လျှို မြောင်ထဲက စိမ့်ထွက်စီးဆင်းနေတဲ့ ရေလေးတွေ ကို မြင်ယောင်ကြည့်ခဲ့တယ်။ ထောင်တံခါးကိုကြည့် လိုက်တိုင်း ဘာမှကြိုးစားအားထုတ်စရာမလိုဘဲ ဒီမြင်ကွင်းတွေဟာ အသက်ဝင်လာတယ်” ဟုဆို သည်။ ကျမ်းစာထဲတွင် ဖိလိပ္ပိ၊ ကောလောသဲ၊ ဧဖက်မြို့များသို့ ရေးသားသည့် မျှော်လင့်ခြင်းနှင့် ဆိုင်သည့် သြ၀ါဒစာစောင်များကို ရှင်ပေါလုသည် ရောမမြို့တွင် အကျဉ်းခံရစဉ်ရေးခဲ့ခြင်း ဖြစ်သည်။ ဧဖက်မြို့သို့ပေးသော စာစောင်တွင် ရှင်ပေါလုသည် သူအကျဉ်းချ ချုပ်နှောင် ခံရခြင်းကိုကျော်ပြီး တွေးမြင်ထားသည့်ဘ၀အကြောင်းကို တစ်စေ့တစ်စောင်း ရေးခဲ့ခြင်း ဖြစ်သည်။ ရှေးဦးစွာ သူချန်ရစ်ခဲ့သည့် အသင်းတော်၏ ၀ိညာဉ်ရေးရာတိုးတက်မှုကို မြင်တွေ့ ခဲ့ပြီး၊ ဧဖက်မြို့အသင်းတော်၏ ရှင်သန်တက်ကြွမှုအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အစပြုထားသည်။ ထို့နောက် “အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်” (၂း ၇) ကို ချီးမြှောက်ရန် သူတို့၏နှလုံးသားအမြင်ကို ဖွင့်ပြနိုင်ရန်ရှာကြံခဲ့သည်။ ရှင်ပေါလုသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အကြံအစည်တော်ကို အရှိန်မြှင့် ဖော်ပြသောအခါ မည်သည့် ၀မ်းနည်းစရာအကြောင်းမျှ မခံစားရတော့ပြီ။ ခရစ်ယာန်အသက်တာသည် ရှင်သန်ထိုက်သလားဟု စိတ်ဓာတ်ကျပြီး သံသယ ၀င်လျှင်၊ ရှင်သန်ထိုက်ကြောင်း ဧဖက်မြို့သားများက သက်သေပြ အားပေးလိမ့်မည်။ ခရစ်တော်၏ ကြွယ်ဝကောင်းမြတ်ခြင်းများက လူတိုင်းအတွက်ပင် ဖြစ်ပါ၏။ —Philip Yancey

No comments:

Post a Comment