Saturday, March 21, 2020

Reverend (Rev.)???

Reverend (Rev.) - သိက္ခာတော်ရ (သို့) လေးစားအပ်သော- 
Reverend (Rev.) ဆိုတဲ့ စကားလုံးက Latin စကားလုံး ျဖစ္တဲ့ 
revervandus ကနေဆင်းသက်လာပြီး အဓိပ္ပယ်ကတော့ လေးစား 
ထိုက်အပ် သော (သို့) လေးစားရန် ထိုက်တန်သော (worthy of being Revered ) 
သူ ဆိုလိုပါတယ် ။ ဒီစကားလုံးကို ၁၅ ရာစု လောက်မှာ အမှုတော်ဆောင်များကို ရိုသေလေးစားခြင်း အတွက် ဂုဏ်ပြု စတင်သုံးစွဲလာခဲ့ကြပါတယ်။

၁၇ ရာစုလောက် မှာတော့ နာမည် ရှေ့မှာ စတင်ရေးသားသုံးစွဲလာခဲ့ကြပါတယ် ။ မူရင်းအသုံးပြုခဲ့သော အသင်းတော်မှာ Roman Catholic (RC ) အသင်း တော်သာဖြစ်ပါတယ် ။ နှစ်ခြင်း အသင်းတော် မဟုတ် ပါဘူး။ 
- ဥပမာ - ၁၇ရာစု ဥရောပမှာ Archbishops နှင့် အဓိက Bishops များကို 
" Most Reverend “ ဟုခေါ်ပြီး ကျောင်းအုပ် ကြီးများကို " Right Reverend “ခေါ်ဆိုခဲ့ကြပါတယ်။ - ၁၈၇၆ ခုနှစ်မှာတော့ Wesleyan အသင်းတော်ရဲ့ 
အမှုတော်ဆောင် တစ်ဦးရဲ့ အုပ်ဂူ ကျောက်ပြားပေါ်မှာ “ Reverend “ ဟု 
ရေးသား လာရာ ကနေ ဒီဘွဲ့နာမကို အတည်ပြု အသုံးများလာခဲ့ပါတယ်။

 - ၁၉ ရာစုရောက်တော့ အသင်းတော် သင်းအုပ်များ နာမည်ရှေ့ များမှာ 
Rev. ဟု၍ ရေးသားအသုံးပြုခဲ့ကြပါတယ်။ - ၂၀ ရာစုရောက်တော့ 
အသင်းတော် ဂိုဏ်းဂဏ တော်တာ် များများ မှာ အလွန်ခေတ်စားလာခဲ့ပါတယ်။ မြန်မာဗုဒ္ဓဘာသာ အတွေးအခေါ် ယဉ်ကျေးမှုနှင့် စာပေအရ Reverend ကို "သက္ခာတော်ရ"လို့ ပြန်ပြီး Deacons များကို " ဂေါပက "လို့ ပြန်တတ်ကြပါတယ်။ 
- ကျွန်တော်ကတော့" သက္ခာတော်ရ ဆရာတော်တို့ " ဂေါပက လူကြီး" 
စသည်တို့ ဘာသာမပြန်ဘဲ မူရင်းတိုင်း ခေါ်ဆိုရန် ပိုသင့် 
တော်တယ်လို့ သုံးသပ်ယူဆပါတယ်။ 

(အဓိက - Roman Catholic နဲ့ Anglican အသင်းတော်များက တရားဝင် 
သုံးစွဲပါ တယ်)။ ခုချိန်မှာ မြန်မာ ပြည် ဗုဒ္ဓ စာပေ ပညာရှင် အချို့များမှာလဲ 
မသုံးစွဲရန် စတင် ကန့်ကွက် လာကြပါတယ်။ အကြောင်းကတော့ မူရင်း
စကားလုံး ခံယူချက်များ ကွဲပြားခြင်းကြောင့် ဖြစ် ပါတယ်။
 Adoniram Judson (ဆရာကြီး ယုဒသန်)ကို တိုင်ကပင် 
ဒီလိုဘာသာ ပြန်မှုမျိုး မသုံးစွဲခဲ့ပါဘူး။ 

ဒါကြောင့် Pastor, သင်းအုပ်ဆရာဟု ပိုမိုသုံးစွဲသင့်ပါတယ်။ 
- သမ္မာကျမ်း စာမှာ ရိုသေလေးမြတ်ခြင်း သဘော၊ကြောက်ရွံ့သော 
စိတ်သဘော ပြကာ ဟေဗြဲ(Hebrew)လို יִרְאָה(yirah)ကို ၁၃ ကြီမ် တွေ့ ရပါ တယ်။ဘယ်နေရာမှာ သက္ခာတော်ရ လို့ မပြန်ကြပါဘူး။ -ဒီခေတ်မှာတော့ 
အသင်းတော်ရဲ့ Reverend Ordination(သက္ခာတင် ပွဲတော်) ပွဲမှာ 
လက်တင်ဆုတောင်း ခန့်အပ်ပေးပြီးမှာ Rev. လို့ ခေါ်ဆို ရေးသားကြပါတယ်။

ဒါပေမယ့် Reverend (Rev.)ရဲ့သီးသန့် လုပ်ငန်းတာဝန်ဆိုတာ မရှိပါဘူး ။ အသင်းတော်အတွက် သင်းအုပ် ဆရာ တာဝန်ကျေပြွန်ခြင်း သစ္စာရှိခြင်း ၊
ရင်ကျက်မှုရှိပြီး အတွေ့ ကြုံကောင်းမျာရှိခြင်း ၊သာသနာ့ အမှုတော်လုပ်ငန်း 
ထမ်းဆောင် မှု ကြာရှည်လာခြင်း၊ အသင်းတော်အတွက် အနစ်ခံပြီးယုံကြည်မှု ၊
အားထား လေးစားမှု ရရှိလာခြင်း စတဲ့အကြောင်းမျိုးမျိုး တွေ အတွက် အသင်းတော်ကပေးအပ်တဲ့ ဂုဏ်ပြုဘွဲ့နာမ တစ်ခုဖြစ် ပါတယ်။ 

 - ဒါကြောင့် Reverend(Rev.) ဆိုတာ မိမိကိုယ်ကိုမိမိ ပြောဆိုခေါ်ဆို 
ရေးသားဖို့ လုံးဝ မဟုတ်ပါဘူး ။အသင်းတော်က Rev. ပေးသည့် တိုင် အောင် မိမိကိုယ်ကိုမိမိ မိတ်ဆက်တဲ့အခါ ၊မိမိ စာရေးသည့် အခါမိမိနာမည်ရှေ့မှာ
 Rev. လို့ ခေါ်ဆိုရေးသားခြင်း လုံးဝ မပြုလုပ် သင့်ပါဘူး။ 
- သူတစ်ပါးကသာ ဂုဏ်ပြုခေါ်ဆိုရေးသားရမယ့် 
အရာဖြစ်ပါ တယ်လို့အဆုံးသက္ပါရေစ။ 
Crd; SLT (Source ) - Beliefs &Theological Trends 
by Rev.James Biak Lian - Merriam Webster - Dictionary

Friday, March 20, 2020

"ကွဲလွဲခြင်းနဲ့ ကွဲပြားခြင်း.."

ဘုရားက ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်ကို ခွဲခန့်မှတ်သားတာက ခရစ်တော်ထဲမှာရှိတဲ့အင်္ဂါချင်းတွေ အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်ပါတယ်။ 

ကုလားအုပ်တိုင်းမှာ ဘုရှိသလို၊ အသင်းတော်တိုင်းမှာ ပြဿနာဆိုတာရှိပါတယ်။ ပြဿနာမရှိတဲ့အသင်းတော်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ဘယ်ပြဿာနာမှ ရှောင်ပြေးဖို့ မကြိုးစားမိပါစေနဲ့။ အပေါင်းလက္ခဏာနဲ့ ဖြေရှင်းပြီး ပြဿနာတွေထဲကနေ ရင့်ကျက်ခြင်းကိုပဲ သင်ယူတတ်ပါစေ။

အသင်းတော်ဆိုတာ ရုပ်ပုံဆက်တဲ့ပဟေဠိ (Jigsaw Puzzle) တစ်ခုလိုပါပဲ။ Puzzle တစ်ခုနဲ့တစ်ခု ပုံသဏ္ဍန် (shape) အနေအထားချင်းမတူညီနိုင်ပါဘူး။ ဒီလိုပဲ အသင်းတော်မှာ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ၊ စိတ်နေသဘောထားချင်းတွေ ၊ အကျင့်စာရိတ္တတွေ မတူညီနိုင်ပါဘူး။ 

တစ်ယောက်ရဲ့အားသာချက်ဖြစ်တိုင်း နောက်တစ်ယောက်က အားသာရမယ်လို့မှမရှိတာ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အားသာချက်တွေကို အတူပေါင်းစည်းကြတဲ့အခါ လစ်ဟာမှုမရှိပဲ ပြီးပြည့်စုံတဲ့ Puzzle တစ်ခုပုံပေါ်လာပါလိမ့်မယ်။ ပုံဖော်နေစဉ်အတွင်းမှာလည်း စိတ်ရှည်တတ်ပါစေနော်။
G Campbell Morgan ပြောတဲ့အရာလေးကို အလွန်သဘောကျမိပါတယ်။ 

"If you have no opposition in the place you serve, You're serving in the wrong place." သင်အစေခံတဲ့နေရာမှာ သဘောမတူညီနိုင်တဲ့ဆန့်ကျင်ဘက်ဖြစ်ခြင်းတွေမရှိဘူးဆိုရင်တော့ အစေခံတဲ့နေရာမှားနေလို့ပဲဖြစ်တယ်။ ဒီအရာက ပုန်ကန်ခြင်း (Rebellion) လုပ်ခြင်းကိုပြောနေတာမဟုတ်ပါဘူး။ 


ပုန်ကန်ခြင်း (Rebellion) ဆိုတာတိုက်ခိုက်ရန်လိုခြင်းနဲ့ သူတစ်ပါးကိုတမင်နာကျင်စေရန်ရည်ရွယ်ခြင်းတွေပါဝင်ပါတယ်။ အမြဲတမ်း Negative မြင်ခြင်းတွေပါဝင်ပါတယ်။
ဆန့်ကျင်ဘက်ဖြစ်ခြင်း (Opposition) မှာတော့ အကောင်းမွန်ဆုံးအတူတကွလုပ်ဆောင်ခြင်းထဲကနေ တစ်ယောက်နဲ့တစ်ယောက် သုံးသပ်ချက် အမြင်မတူတဲ့ရှုထောက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကွဲလွဲလို့ရတယ် ..ဒါပေမယ့် ကွဲပြားလို့တော့ မရဘူး။

အမြင်မတူတာလေးတွေအပေါ်မှာ ဘုရားဘိသိက်တဲ့ မိမိခေါင်းဆောင်အပေါ်မှာ ဝန်ခံခြင်းနဲ့သွားတတ်ဖို့ လိုအပ်ပါတယ်။ အသင်းတော်မှာ မဲခွဲရင်း စိတ်မကွဲဖို့အလွန်အရေးကြီးပါတယ်။ (စိတ်ကွဲရင်း စိတ်ကောက်တာတွေလည်းမဖြစ်သင့်ပါ)
အသင်းတော်ကို အဓိက ခြစားစေတတ်တဲ့အရာက အတင်းပြောခြင်း (Gossip) ဖြစ်ပါတယ်။

 အတင်းထဲမှာ အဖျင်းတွေပါတယ်။ အဖျင်းထဲမှာ အငြင်းတွေ ပါတယ်။ အငြင်းထဲမှာတော့ အချင်းများမှုတွေ ပါဝင်ပါတယ်။ ဒါတွေဟာစိတ်ဝမ်းကွဲခြင်းတွေရဲ့ အစဖြစ်တတ်ပါတယ်။
ခေါင်းဆောင်က ဟိုးအဝေးကြီးကိုမြင်တတ်ပေမယ့် ၊ တစ်ခါတစ်ရံ နောက်လိုက်ကမြင်တတ်ချင်မှ မြင်တတ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ခေါင်းဆောင်က ဘုရားခွဲခန့်မှတ်သားထားတဲ့ ဘိသိက်ခံသူတကယ်ဖြစ်တယ်ဆိုရင် သင်နားမလည်ပေမယ့် နာခံခြင်းနဲ့တကယ်လိုက်သွားတတ်ပါစေ။

(ဘိသိက်ဆိုတာ အထက်ကနေ အောက်ကိုစီးဆင်းပါတယ်။ သင့်ကိုဦးဆောင်နေတဲ့ဝိညာဉ်ရေးရာခေါင်းဆောင်များအားဖြင့် သင့်အသက်တာမှာ ဝိညာဉ်ဘိသိက်သာ၍စီးဆင်းပါစေ။ မိသားစုများအပေါ် ဘုရားကောင်းကြီးရှိပါစေ။)
မေရီသွေး