တိုက်ပွဲမဝင်ရသည့် ရဲမက်အဖြစ် ဒက်စမွန်ဒေါ့စ်သည် ဒုတိယကမ္ဘာစစ်၌ ပါဝင်ခဲ့ရသည်။ ဘာသာရေးသွန်သင်ချက်များအရ လက်နက်ကိုင်ဆောင်ခွင့်မရသော်လည်း ဆေးတပ်သားအဖြစ် သူအမှုထမ်းခဲ့သည်။ တိုက်ပွဲတစ်ခုတွင် ရန်သူဘက်မှ ပြင်းထန်စွာ အဆက်မပြတ် ထိုးနှက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရစစ်သည် ၇၅ ဦးကို လုံခြုံရာသို့ သူရွေ့ပြောင်းခဲ့ရသည်။ 

သူ့အကြောင်းကို The Conscientious Objector သတင်းမှတ်တမ်း၌ ဖော်ပြထားပြီး Hacksaw Ridge ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့သည်။
ခရစ်ယာန်ယုံကြည်ခြင်း သူရဲကောင်းစာရင်းတွင် အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ဧလိယ၊ ပေတရု၊ ပေါလု စသည့် ရဲရင့်သော ဇာတ်ကောင်များ ပါဝင်သည်။ သို့သော် ချီးမွမ်းမခံရသည့် အရိမဿဲ မြို့သားယောသပ်၊ နိကောဒင် စသည့် သူရဲကောင်းများလည်း ရှိပါသေးသည်။ 

သူတို့က ဂျူးဘာသာရေးခေါင်းဆောင်များနှင့် ပြဿနာတက်မည့် အရေးကို စွန့်စားလျက်၊ ၎င်းတို့၏ ရာထူးရာခံထိပါးမည့် အရေးကို စွန့်စားလျက် ကားတင်သတ်ခံရသည့် ခရစ်တော်၏အလောင်းတော်ကို တောင်းယူပြီး ဓလေ့ထုံးစံ နှင့်အညီ အလောင်းကိုပြင်ဆင်လျက် တင့်တယ်စွာ သင်္ဂြိုလ်ပေးခဲ့သည် (ယော ၁၉ း၄၀-၄၂)။ 

၎င်းသည် ကြောက်ရွံသော ယေရှု၏လျှို့ဝှက်တပည့်တော် ယောသပ်နှင့် ညအချိန်၌သာ သခင့်ထံလာရောက်မေးမြန်းသူ နိကောဒင်တို့၏ ရဲရင့်မှုနှင့် ခြေတစ်လှမ်း တိုးခြင်းဖြစ်သည် (း၃၈-၃၉)။ ပို၍ စိတ်ထိတွေ့စရာအချက်မှာ ၎င်းတို့သည် သချုႋင်းတွင်းမှ သခင်ယေရှု မထမြောက်မီကပင် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်၍ ရပ်တည်မှုကို ပြသခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။

သခင်ယေရှု၏အသေခံချိန်တွင် ပူးတွဲလိုက်ပါလာသည့် အဖြစ်အပျက်များ (မ၂၇ း၅၀-၅၄)က ကြောက်ရွံ့နေသော တပည့်တော်နှစ်ဦး၏ ပွင့်အံစ ယုံကြည်ခြင်းစိတ်ကို ပီပြင်အောင် ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ လူတို့မည်သို့ပင်ပြုပြု လူတို့ပြုနိုင်သည်ထက် ဘုရားသခင်သည် မည်သူဖြစ်သည်ဆိုသည့်အချက်၌ သူတို့ မျက်မှောက်ပြုရန် သင်ယူမိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ 

မည်သို့ပင် ဖြစ်ပါစေ၊ ၎င်းတို့၏ စံနမူနာကို အတုယူလျက် ယနေ့တွင် တစ်ပါးသူတို့အကျိုးအလိုငှာ ဘုရားသခင်၌ ယုံကြည်ခြင်းအတွက်စွန့်စားရန် ရဲရင့်ခြင်းသတ္တိကို ပြနိုင်ပါစေ။ REMI OYEDELE