Monday, January 28, 2013

ဘယ်အရာမှာအများဆုံး သင်.ငွေကြေးကိုသုံးစွဲ သလဲ?

သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် နာမတော် ကိုတည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်၌ စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ သိုး၊ နွားတွင်အဦးဘွားသော သားငယ်ဆယ်ဘို့တဘို. ကို ရှေ့တော်မှစားရကြမည်။ ထိုသို့ပြုလျှင်၊ သင်တို့၏ ဘုရား သခင် ထာဝရဘုရား ကိုအစဉ် ကြောက်ရွံ့ရ မည်အကြောင်း၊ သင်ရကြလိမ့်မည်။ (တရားဟောရာကျမ်း ၁၄း၂၃) ဆယ်ဘို့တဘို့ထားတယ်ဆိုတာ ကျွန်တော်ရတဲ့ဝင်ငွေရဲ့ ပထမဆုံး ၁၀ရာခိုင်နူန်းကို ဘုရားသခင်ကို ပြန်ပေးတတ်တဲ့ ၀ိညာဉ်ရေးရာ အကျင့်တခုပဲ ဖြစ်ပါတယ်။ကျွန်တော် ၁၀၀ရရင် ၁၀ဘုရားကို ကို ပြန်ပေးတယ်။ ကျွန်တော် ၁၀၀၀ရရင် ၁၀၀ဘုရားကို ပြန်ပေးတယ်။ ကျွန်တော်၉၀ရာခိုင်နူန်း ကိုပဲယူပြီး ၁၀ရာခိုင်နူန်းကိုဘုရား ပေးတယ်။ ဒီလိုဘာကြောင့်လုပ်ရပါသလဲ။ ဘုရားကပြောလို့ပါပဲ။ ဒီအချက်နဲ့တင် လုံလောက်ပါတယ်။ ကိုယ်ကမလုပ်ရင်၊ ဘုရားစကားကို နားမထောင်တာပဲ ဖြစ်ပါတယ်။ နောက်အချက်တချက်ရှိပါသေးတယ်။ ခရစ်တော်က ပြောပါတယ်။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့သင်တို့၏ စိတ်နှလုံးရောက်တတ်၏။ (မဿဲ ၆း၂၁) ကျွန်တော်တို.ဆယ်ဖို့တဖို့ထားရခြင်းက ဘုရားနဲ့ပိုပြီး နီးချင်လို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဏ္ဍာရှိရာအရပ်မှာ ကိုယ့်ရဲ့ စိတ်နှလုံးရောက်တတ်တယ်လို့ ကျမ်းစာကပြောပါတယ်။ ကျွန်တော့်ရဲ့ ငွေတွေကို အိမ်အောက်မှာ မြုပ်ထားရင် အဲဒီနေရာကိုပဲ ကျွန်တော်စွဲလမ်းနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို. ပိုက်ဆံထားတဲ့ နေရာမှန်သမျှဟာ ကျွန်တော်တို.အတွက် အရေးကြီး တဲ့ နေရာများ ဖြစ်လာကြပါတယ်။ ပိုက်ဆံနဲ့ ပတ်သက်လာရင် ဘုရားကိုအဦးဆုံးနေရာမှာ ထားခြင်းဟာ " ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ပထမနေရာမှာ ရှိပါတယ်လို့ " ပြောခြင်းပဲ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ငွေကြေးကိုဘယ်လိုသုံးတယ်၊မိတ်ဆွေရဲ့အချိန်ကို ဘယ်လိုသုံးတယ်ဆိုတာကို ကျွန်တော့်ကို ပြောပြမယ်ဆိုရင်၊ မိတ်ဆွေရဲ့ဘ၀မှာ ဘယ်အရာကအရေးကြီးဆုံးလဲ ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ ကျွန်တော့်အတွက် ဘယ်အရာက အရေးကြီးပါတယ်" လို့မိတ်ဆွေ ဘယ်လိုပဲပြောပြော၊ မိတ်ဆွေအတွက် ဘယ်အရာက " အမှန်တကယ် " အရေးကြီးတယ်ဆိုတာကို သင်.ငွေကြေးသုံးစွဲမှုက သက်သေပြပါလိမ်.မည်။ ဒီညအတွက်ကျမ်းချက်က " ဆယ်ဖို့တဖို့ ထားရခြင်းဟာ ဘုရားကို အဦးဆုံးနေရာမှာ ထားခြင်းဖြစ်တယ် " ဆိုတဲ့အချက်ကို သွန်သင်ပါတယ်။ " ဘုရားသခင်၊ကိုယ်တော်ဟာ ကျွန်တော့်ဘ၀အတွက် နံပါတ်တစ်နေရာမှာ ရှိပါတယ်" လို့ ကျွန်တော်က ပြောပြီး၊ ငွေသုံးစွဲတဲ့နေရာမှာ ဘုရားကို နောက်ဆုံးထားခဲ့ရင် ရှေ့နောက်ကိုက်ညီမှု မရှိပဲ ဖြစ်ပါလိမ့်မယ်။ ဒီည ဆွေးနွေးတဲ့အကြောင်းအရာက ကိုယ့်ရဲ့အစီအစဉ် စာရင်းထဲမှာ ဘုရားကဘယ်အစီအစဉ် ဘယ်နေရာမှာပါပါသလဲဆိုတာပါပဲ။ ကိုယ့်ရဲ့ ဘဏ္ဍာငွေသုံးစွဲမူဟာ ကိုယ့်ရဲ့အရေးပေးမှုတွေကို ရိုးရိုးလေး ဖော်ပြနေပါတယ်။ ကိုယ့်ရဲ့ဘဏ္ဍာငွေသုံးစွဲမှုဟာ မိတ်ဆွေရဲ့ ဘ၀မှာ ဘုရားကို ဘယ်အဆင့်မှာထားတယ်လို. ဖော်ပြနေ တာဖြစ်တယ်လို. ဝေမျှလိုက်ပါတယ်။ ဖတ်ရှုသူအားလုံးအတွက် ဘုရားကောင်းကြီးရှိပါစေ။ ။

No comments:

Post a Comment