Tuesday, January 29, 2013

ကြိုးနီစနစ်

ရော ၅း ၁ - ၈ငါတို့သည် ... ထိုကျေးဇူးတော်ကို ခံစား ရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍ ထိုသခင်အားဖြင့်သာ ခံစားရသောအခွင့် ကိုရကြ၏။သို့ဖြစ်၍ ဘုရားသခင်၏ဘုန်း တော်ကိုမြော်လင့်၍ ၀ါကြွားဝမ်းမြောက်ခြင်း “ကြိုးနီစနစ်” ဟူသည့် အသုံးအနှုန်းသည် အလုပ်တစ်ခုပြီးမြောက်ဆောင်ရွက်နိုင်ရေး ရှုပ်ထွေး ပြီး အရာမရောက်သော စည်းကမ်းနည်းလမ်းများ ကြောင့် အလုပ်မတွင်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်မှုကို ဖော်ညွှန်းသည်။ မူလက ထိုစကားစုသည် ရုံးသုံး တရားဝင်စာရွက်စာတမ်းများကို ကြိုးနီဖြင့် တွဲချုပ်သည့် သာမန်အလေ့အကျင့်သာ ဖြစ်သည်။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွင် စကော့လူမျိုး သမိုင်း ပညာရှင် ‘သောမတ်စ် ကားလိုင်း’ က အုပ်ချုပ်မှုပိုင်း၌ အချိန်ဆွဲ ဖင့်နွှဲနေမှုများကို ဆန့်ကျင်ဆန္ဒပြပြီး၊ ရေးသားတင်ပြခြင်းကြောင့် ထိုစကားစုက ပေါ်ပြူလာဖြစ်သွားသည်။ တဖန် အမေရိကန် ပြည်တွင်းစစ် နောက်ပိုင်းတွင် စစ်ပြန်ရဲဘော်များက ၄င်းတို့၏ အခွင့်အရေးကို တောင်းဆိုရာမှ ကြိုးနီပြဿနာ ပြန်ပေါ်လာသည်။ ထိုစကားစုက အလုပ်ပြီးမြောက်ရန်အရေး အတားအဆီးဖြစ်ပေါ်လာမှုကြောင့် စိတ်ရှုပ် စိတ်အားလျော့ရခြင်းကို ရည်ညွှန်းသည်။ ဗျူရိုကရက်တစ်ကြိုးနီစနစ်က ထင်ရှားလှပါသည်။ သို့သော် စကြ၀ဠာတစ်ခွင်၌ ဘုရားသခင်၏ပလ္လင်တော်တွင် အထက်ပါပြဿနာများ မရှိပြီ။ ရှင်ပေါလုက “ကျေးဇူးတော် ကို ခံစားရသည့် အကြောင်းမှာ သခင်ခရစ်တော်ကို ယုံကြည်ခြင်းရှိ၍ ထိုသခင်အားဖြင့်သာ ခံစားရသော အခွင့်ကိုရကြောင်း ဆိုသည် (ရော၊ ၅း ၂)။ နှလုံးသားကြေကွဲရစဉ် (သို့) အသက်တာ၌ ဒုက္ခရောက်စဉ် ဘုရားသခင်ထံသို့ တိုးဝင်ရာ၌ မည်သည့်အတားအဆီး ကြိုးနီများမရှိပါ။ သခင်ယေရှုခရစ်တော်က လမ်းခင်းပေးခဲ့၍ ကောင်းကင်ဗိုလ်ခြေ ဘုရင်မင်း ၏ မျက်မှောက်တော်သို့ ရဲရင့်စွာဝင်ရောက်နိုင်သောအခွင့်ရရှိခဲ့ပါပြီ (ဟေဗြဲ ၄း၆)။ သင့်နှလုံးသား နာကျင်ခံစားရသောအချိန်များတွင် သင့်လိုအပ်မှုလိုအင်များကို ဘုရားသခင်ထံ တင်ပြရန် အဟန့်အတား ကြိုးနီများစွာကို သင်ကျော်ဖြတ်စရာ မလိုတော့ ကြောင်းသတိရပါ။ ခရစ်တော်အားဖြင့် ချက်ခြင်းပင် ၀င်ရောက်ခွင့် အပြည့်အ၀ ရရှိထားပါ သည်။

No comments:

Post a Comment