Thursday, January 31, 2013

ကယ်တင်ခံရပြီ

 ၁ကော ၁၅း ၁ - ၄၊း ၂၀ - ၂၅
သခင်ယေရှုခရစ်ကို ယုံကြည်လော့။ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူ အိမ်သားတို့သည်  ကယ်တင်ခြင်းသို့   ရောက်ကြလိမ့်မည်။  တ ၁၆း ၃၁
၂၀၁၀ ခုနှစ်က ချီလီနိုင်ငံ၌သတ္တုမိုင်းတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ၊ ရက်ပေါင်း ၆၉ ရက်ကြာမျှ ပိတ်မိနေသည့် အလုပ်သမား ၃၃ ဦးထံသို့ ဦးဆုံး ရောက်ရှိသွားသည့် ကယ်ဆယ်ရေးလုပ်သားမှာ မဲနျူအယ် ဇွန်ဇဲလ်ဇံ ဖြစ်သည်။ သူ့အတွက် အသက်အန္တရာယ်ရှိသော်လည်း ပိတ်မိနေသူများကို မြေမျက်နှာပြင်သို့ ပြန်ခေါ်ဆောင်လာရန် ပေ ၂၀၀၀ ကျော်အနက်ရှိ မြေအောက်သို့ ဆင်းကယ်ခဲ့သည်။ အလုပ်သမားတစ်ဦးပြီးတစ်ဦး ကယ်ထုတ်ကာ လွတ်မြောက်စေခဲ့သည်။
သမ္မာကျမ်းစာက ပို၍ အံ့သြဖွယ်ကောင်း သည့် ကယ်တင်ခြင်းအကြောင်းကို ဖော်ပြထား သည်။ အာဒံနှင့်ဧ၀တို့၏မနာခံမှုကြောင့် လူသားထု တစ်ရပ်လုံး အပြစ်ထောင်ချောက်ထဲ သက်ဆင်းခဲ့ရသည် (က ၂း၁၇၊ ၃း၆၊ ၁၉၊ ရော ၅း၁၂)။ ထိုအပြစ်ထောင်ချောက်မှ လွတ်မြောက်အောင် မရုန်းနိုင်ဘဲ လူသားတိုင်းသည် ခန္ဓာ သေခြင်း၊ ထာဝရသေခြင်းကို မလွဲမသွေ ရင်ဆိုင်ရသည်။ ဘုရားသခင်က ယေရှုခရစ်တော် တည်းဟူသည့် သူ့သားတော်ကို ကယ်တင်ရှင်အဖြစ် ပြင်ဆင်ပေးသနားခဲ့သည်။ အဖိုးအခ ပေးရန်မလိုသည့် ကယ်တင်ခြင်းလက်ဆောင်ကို သခင်က သူ၏အသေခံခြင်းနှင့်ရှင်ပြန် ထမြောက်ခြင်းအားဖြင့် ပေးကမ်းခဲ့ပြီး၊ ထိုလက်ဆောင်ကို လက်ခံသူတိုင်းသည် အပြစ်၏ ချုပ်ထားမှု၊ အပြစ်၏အခဖြစ်သည့် သေခြင်းမှလွတ်မြောက်ခွင့်ကိုရရှိပြီဖြစ်သည် (ရော ၅း၈-၁၁၊ ၁၀း၉-၁၁၊ ဧ၂း၁-၁၀)။ သခင်ယေရှုခရစ်တော်သည်“အိပ်ပျော်သောသူတို့တွင် အဦးသီး သောအသီး” ဖြစ်တော်မူ၏(၁ကော ၁၅း၂၈)။ သေခြင်းမှ ရှေးဦးစွာ ထမြောက်သောသူဖြစ် ပြီး သေခြင်းသည် အစိုးမရနိုင်တော့ပြီ။ ထိုနည်းတူ ခရစ်တော်ကို ယုံကြည်သူတိုင်းသည် အသက်ကိုရကြလိမ့်မည် (ရော ၈း၁၁)။
အပြစ်၌ ပိတ်မိနေပါသလား။ သခင်ယေရှု၏ ကယ်တင်ခြင်းလက်ဆောင်ကို လက်ခံရယူပြီး၊ ခရစ်တော်၌ လွတ်မြောက်သောအသက်တာကို ခံစားလိုက်ပါ။ ထာဝရ ကာလကို သခင်နှင့်အတူခံစားလိုက်ပါ (တ၊၁၆း၃၁။ဧ၊၂း၁၊ကော၊၂း၁၃)။

No comments:

Post a Comment