Sunday, January 13, 2013

သတ်မှတ်ထားပြီးသား 
 13.01.2013 ဖတ်ရန်: ၁ ယော ၅း ၁၀ - ၁၅ ဘုရားသခင်၏သားတော်ကိုယုံကြည်သော သင်တို့သည်ထာဝရအသက်ကို ကိုယ်တိုင် ရသည်ဟုသိစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။ ၁ ယော ၅း ၁၃ ဘောလုံးပွဲကြည့်ရသည်ကို ကျွန်တော် နှစ်သက်သည်။ ကျွန်တော်က ပရီးမီးယားလိဂ်တွင် `လီဗာပူးလ်’အသင်း၏ အမာခံပရိသတ်လည်း ဖြစ် သည်။ ဂိုးတစ်ဂိုး (သို့) အမှားတစ်ကွက်က ပွဲစဉ် တစ်လျှောက်လုံး၏ ရလဒ်ကို ပြောင်းလဲနိုင်စေခြင်း ကြောင့် အနီရောင်အားကစားသမားတို့ ကစားနေပုံ ကိုကြည့်ပြီး ကျွန်တော်စိတ်လှုပ်ရှား စိတ်ပူပန်ရ သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးပွဲ ကြည့်သည့် တစ်လျှောက်လုံး စိတ်ဖိစီးမှုကို ခံစား ရ၏။ ထိုခံစားချက်သည်ပင် အားကစားပွဲကိုနှစ်ခြိုက် ရသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ မကြာသေးမီက ထုတ်လွှင့်ခဲ့ပြီးသော `လီဗာပူးလ်’ ပွဲ တစ်ပွဲကို အခွေမှ ပြန်ကြည့်ရာ၊ စိတ်အေးလက်အေး ကြည့်နေသော မိမိကိုယ်ကို အံ့ဩမိသည်။ အဘယ် ကြောင့်ဆိုသော် နောက်ဆုံးရလဒ်ဂိုးကို သိနှင့်ပြီးသားဖြစ်သောကြောင့် စိတ်သက်သာစွာနှင့် ကစားပွဲကို ကြည်နူးစွာ ခံစားနိုင်ခြင်းပါ။ ဘ၀အသက်တာသည်လည်း တစ်ခါတစ်ရံတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးပွဲကို ကြည့်နေရသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စရာ၊ မျှော်လင့်မထားသည့် အံ့ဩ စရာ၊ စိတ်ရှုပ်ထွေးစရာများရှိနေသည်။ နောက်ဆုံးရလဒ်ကို သေချာစွာ မသိရှိနိုင်ပါ။ ဘ၀၏ အခြေအနေများစွာတို့မှာ မသေချာ မရေရာသော်လည်း ကျွန်ုပ်တို့၏ ထာဝရကာလ အတွက် ရလဒ်မှာ ခရစ်တော်ကားတိုင်ထက် ဆောင်ရွက်ခဲ့သောအမှုအားဖြင့် ပြင်ဆင်သတ်မှတ် ထားပြီးဖြစ်ကြောင်း ခရစ်တော်၏နောက်လိုက်များအနေဖြင့် နှစ်သိမ့်မှု ရယူနိုင်ပါသည်။ တမန်တော်ရှင်ယောဟန်က “ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ ဤအရာများကို သင် တို့အား ငါရေး၍ပေးလိုက်၏”ဟုရေးသားခဲ့သည် (၁ယော၅း၁၃)။ ဘ၀လမ်းခရီးတစ်လျှောက် အံ့ဩထိတ်လန့်ဖွယ်ရာများ ရှိနိုင်ငြားလည်း ခရစ်တော်ပြုပေးခဲ့သည့်အမှုကြောင့် ကျွန်ုပ်တို့ ငြိမ်သက်ခြင်း ရရှိနိုင်ပါ၏။ ကျွန်ုပ်တို့အတွက် ထာဝရကာလ၏ရလဒ်ကို ပြင်ဆင်သတ်မှတ် ထားပေးပြီဖြစ်သည်။ — Bill Crowder

No comments:

Post a Comment