Wednesday, January 16, 2013

  အထူးဆုတောင်းပေးဖို. လိုအပ်နေပြီ....



ဖားကန့် ဗျုဟာကုန်း ( photo )
မြန်မာအစိုးရတပ် မော်ဝမ်း ဆုတောင်းကျောင်းဆောင်ပစ်ခတ်ဖျက်ဆီး ဇန်န၀ါရီ(၁ရ ),2013 by Myitkyina blog news ဇန်န၀ါရီလ(၁၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင်ဖားကန့်မြို့ ဗျူဟာကုန်းမှနေ၍ မော်ဝမ်းကျေးရွာရှိ နှစ်ခြင်းခရစ်ယန်အသင်းတော်၏ ဘုရားရှိခိုးဆုတောင်းကျောင်းဆောင်အား လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ၎င်းအချိန်တွင် ယင်း ဆုတောင်းကျောင်းဆောင် ၌ မည်သူမျှမရှိခိုက်ဖြစ်သဖြင့် လူထိခိုက် မှုမရှိကြောင်း သိရှိရသည်။ ယင်းကျောင်းဆောင်တွင် အသင်းသားများ ၂၄ နာရီမပြတ် ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်လေ့ရှိသည်ကို မနှစ် သက်သဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဘုရားရှိခိုးကျောင်းဆောင်သို့ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်း တွင်လည်း လက်နက်ကြီးများပစ်ခတ်မှု ရှိခဲ့သေးသည်။

No comments:

Post a Comment