Monday, May 21, 2012

ညဆိုင်းအလုပ်သမား

Text Size: Zoom In
May 21, 2012
Read: ကော ၃း၂၂-၂၅
အစေခံကျွန်တို့ သခင်ဘုရားကို ကြောက်ရွံ့လျက် လူတို့၏စိတ်နှလုံးကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို အရာရာ၌ နားထောင်ကြလော့။ —ကော ၃း၂၂  
Bible in a year:
ယောဘ ၂၅-၂၇
ကုန်စုံစတိုးဆိုင်ကြီးတစ်ဆိုင်၌ ညဆိုင်းအလုပ်သမားအဖြစ် Pat ပထမဆုံး အလုပ်ဝင်လုပ် သည်။ ဆိုင်ပိတ်ပြီးသော် သူနှင့်အခြားအလုပ်သမားများက ကုန်ပစ္စည်းများကို ထပ်မံဖြည့်ပေးကြရ သည်။ သူတို့၏သူဌေးက စည်သွပ်ဗူးများကို အမြဲပင်အရှေ့သို့မျက်နှာမူပြီး လှည့်ထားရန်၊ သို့မှသာ တံဆိပ်ကို အလွယ်တကူ မြင်သာနိုင်မည်ဖြစ်ကြောင်း ညွှန်ကြားလုပ်ဆောင်ခိုင်းသည်။ “နောက် တန်းက ဗူးသုံးဗူးအပါအ၀င်၊ စည်သွပ်ဗူးတံဆိပ်က အရှေ့ဖက်မှာပေါ်နေပါစေ”ဟု ပြောသော သူ့ စကားက လိုသည်ထက်အနည်းငယ်ပိုသွားသည်။ တစ်ညတွင် ကုန်ပစ္စည်းများစီနေစဉ် သူ့လုပ်ဖော် ဆောင်ဖက်များက “အရှေ့ဆုံးတန်းက တစ်ဗူးပဲ အရှေ့ဖက်လှည့်ထားမယ်။ ဘယ်သူသိမှာ မှတ်လို့” ဟူ၍ သရော်ပြောဆိုကြသည်။
ဆယ်ကျော်သက် လူငယ်လေးအတွက် ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရမည့်အချိန် အခိုက် အတန့်လေးပါ။ သူ့သူဌေးခိုင်းသည့်အတိုင်း နာခံလုပ်ဆောင်မည်လား (သို့) အလွယ်ပဲ လုပ်လိုက် မည်လား။
ကျွန်ုပ်တို့အားလုံးလည်း အလားတူရွေးချယ်မှု ပြုလုပ်ရမည့်အခြေအနေမျိုး ကြုံဖူးပါသည်။ စောင့်ကြည့်သူတစ်ယောက်မျှ မရှိသည့်အချိန်၌ပင် နာခံလုပ်ဆောင်ရန်၊ “အစေခံကျွန်တို့ သခင် ဘုရားကို ကြောက်ရွံ့လျက် လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို အရာရာ၌ နားထောင်ရန်” (ကော ၃း၂၂) ယုံကြည်သူချင်းတို့အား တမန်တော်ရှင်ပေါလုမှ အားပေးတိုက်တွန်းခဲ့သည်။
အလုပ်ရှင်က အနားမှာရှိနေမှ (သို့) တစ်စုံတစ်ဦးက စောင့်ကြည့်နေမှ မှန်ကန်ရာကို လုပ်ဆောင်နိုင်မည်ဆိုသည်က မဖြစ်သင့်ပေ။ နာခံခြင်းဆိုသည်က အမြဲလွယ်ကူအဆင်ပြေမည် မဟုတ်လည်း နာခံခြင်းက မှန်ကန်ပါသည်။
“ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိကြောင်း” (ယာ ၄း၁၇) သတိရပါ။ —Cindy Hess Kasper

No comments:

Post a Comment