Friday, May 4, 2012

ကျွန်ုပ်တို.ကိုဆန့်ကျင်သော သူများအား မည်ကဲ့သို့ ခွင့်လွှတ်နိုင် မည်နည်း။ 
 လူတိုင်း မှားနိုင်သည်။ လူတွေကိုဆန့်ကျင်နိုင်သည်။ အပြစ်လည်းပြုနိုင်သည်။ ထိုသို့သော် ဆန့်ကျင်မှုများဖြစ်လာသောအခါ ခရစ်ယန်များက မည်ကဲ့သို့တုံ့ပြန်မည်နည်း။ သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ခွင့်လွှတ်ရမည်ဖြစ်သည်။ ဧဖက် ၄း၃၂ ထဲ တွင် “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့”ဟုဖော်ပြ ထားသည်။ ထိုနည်းတူ၊ ကောလောသဲ ၃း၁၃ ထဲတွင် “တယောက်၌ တယောက်အပြစ်တင် စရာအခွင့်ရှိလျှင် အချင်းချင်း သည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟုဖော်ပြထားပါသည်။ အဓိကဖော် ပြလိုသောအချက်သည် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်သည့်နည်းတူ ကျွန်ုပ်တို့သည် အချင်းချင်း ခွင့်လွှတ် ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် ခွင့်လွှတ် ရမည်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည်ခွင့်လွှတ်ခြင်း ခံခဲ့ရကြသောကြောင့်  ဖြစ်သည်။

ကျွန်ုပ်တို့အပေါ်ပြစ်မှားသောသူများသည် ၀မ်း နည်းကြေ ကွဲခြင်းနှင့်နောင်တ တရားဖြင့်လာသောအခါ သူတို့ကိုခွင့်လွှတ်ရန် လွယ်ကူသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ အပေါ်ပြစ်မှားသော သူများကို အခြေအနေပေါ် မကြည့်ဘဲ ခွင့်လွှတ်ရန် ပြောထားသည်။ ခွင့်လွှတ်ခြင်းမရှိသောလူတစ်ဦးသည် ခါးသီးမှု၊ နာကျင်မှုနှင့် အမျက်ဒေါသများကိုပြသ နေလျှင် ထိုသူတို့စစ်မှန်သောခရစ်ယာန် လက္ခဏာကိုထင်ရှားစေနိုင်မည်မဟုတ်ပေ။ ပဌနာ တော်ထဲတွင် သူတပါးသည် ကျွန်ုပ်တို့ကိုပြစ်မှားသော အပြစ်များကို အကျွန်ုပ်သည် လွှတ် ကဲ့သို့အကျွန်ုပ်အပြစ်များ ခွင့်လွှတ်တော်မူပါဟု ကျွန်ုပ်တို့တောင်းလျှောက်ကြသည် (မဿဲ ၆း၁၂)။
 သခင်ယေရှုက မဿဲ ၆း၁၄-၁၅ ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည် သူတပါးတို့၏အပြစ်ကို လွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည်သူတပါးတို့၏ အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည်သင်တို့၏အပြစ်ကို လွှတ်တော်မမူ”ဟုဖော်ပြထားပါသည်။ မဿဲ ၆း၁၄-၁၅ ထဲတွင် ဖော်ပြချက်အရ အခြားသောသူများကိုခွင့် မလွှတ်တတ်သောသူသည် သူတို့ကိုယ်တိုင်ကဘုရားသခင်၏ ခွင့်လွှတ်ခြင်းမရသောသူများဖြစ်ကြသည်ကိုထင်ရှာလျက်ရှိသည်။ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်ကိုနာခံခြင်းမရှိသောအခါတိုင်းတွင် သူ့ကိုပြစ်မှားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဦးပေါ်တွင် အပြစ်ပြုသောအခါတိုင်းတွင် သူတို့အပေါ်၌သာအပြစ်ပြုခြင်းမဟုတ်ဘဲ ဘုရားသခင်ပေါ်တွင်လည်းအပြစ်ပြုခြင်းဖြစ် သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကိုဘုရားသခင်ကခွင့်လွှတ်သည့်အကြောင်းကိုကျွန်ုပ်တို့ စဉ်းစားသောအခါ ထိုကျေးဇူးတရားကိုအခြားသူများ အပေါ်မပြုဘဲနေခြင်းသည်တရားသော အမှုမဟုတ်သည်ကို ကျွန်ုပ်တို့သိရှိနားလည်ကြသည်။ ကျွန်ုပ်တို့ပေါ်တွင် လူတွေပြုသော အပြစ်ထက်ဘုရားသခင်အပေါ်ကျွန်ုပ်တို့ပြုသောအပြစ်ကပို၍ကြီးမားသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကြီးမားသောအပြစ်များကိုခွင့်လွှတ်လျှင် ကျွန်ုပ်တို့အပေါ်အနည်းငယ်သာပြစ်မှား သောသူများကို ကျွန်ုပ်တို့အဘယ်ကြောင့်ခွင့်မလွှတ်နိုင်ဘဲနေရမည်နည်း။ ဤအကြောင်း နှင့်ပတ်သက်ပြီး မဿဲ ၁၈း၂၃-၃၅ ထဲတွင် သခင်ယေရှုဖော်ပြထားသောပုံဥပမာသည် အလွန်ကောင်းသော ဥပမာတစ်ခုဖြစ်သည်။ ကျွန်ုတို့သည်ဘုရားသခင်ထံလာသောအခါ ဘုရားသခင်က ခွင့်လွှတ်ပေးသည် (၁ယော ၁း၉)။ ကျွန်ုပ်တို့သည် လူတွေအပေါ်အကန့် အသတ်မရှိခွင့်လွှတ်ရမည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ခွင့်လွှတ်ခြင်း တရား သည် အကန့်အသတ်မရှိပေ (လုကာ ၁၇း၃-၄)။

No comments:

Post a Comment