Wednesday, May 2, 2012

နားထောင်လက်ခံပါရဲ့လား


May 2, 2012
Read: ယော ၁၆း၇-၁၅
သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါ ပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။ —ယော ၁၄း၂၆  
Bible in a year:
၆ ရာ ၃၀-၃၂
ကျွန်မအရွယ်ရောက်စအချိန်တွင် နွေရာသီရောက်တိုင်း အဖိုးအဖွားများနှင့် တစ်ပတ် (သို့) နှစ်ပတ် အမြဲသွားနေသည်။ သူတို့နေထိုင်သောလမ်းဆုံး၌ ရထားလမ်းရှိသည်။ ပထမဆုံးည အိပ် ချိန်၌ ကုန်တင်ကားများ၏ တအုန်းအုန်းမြည်သံများ၊ ရထားမှ ၀ီစီမှုတ်သံများကြောင့် မကြာခဏ လန့်လန့်နိုးသည်။ သို့ငြားလည်း နောက်ဆုံးတွင် ထိုအသံများနှင့် အကျွမ်းဝင်သွားပြီး တစ်ညလုံး တောက်လျှောက် အနှောင့်အယှက်ကင်းစွာ အိပ်ပျော်ခဲ့သည်။ ထိုအသံများအား နားထဲမှ ပထုတ် နိုင်ခဲ့သည်။
ကျွန်မ ကွန်ပြူတာရှေ့ အလုပ်လုပ်နေချိန်၌ မမျှော်လင့်ထားဘဲ ခင်ပွန်းဖြစ်သူက ကော်ဖီ တစ်ခွက် ယူလာလျှင်၊ မမျှော်လင့်ဘဲ သူငယ်ချင်းထံမှ ဖုန်းဝင်လာလျှင်လည်း အနှောင့်အယှက် မဖြစ်ဘဲ အထူးဝမ်းမြောက်သည်။ ၄င်းသည် ကျွန်မ မပယ်ရှား မပထုတ်ချင်သော အနှောင့်အယှက် များပင်။
တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့သည် “သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် လာသော ဘုရား သခင်၏အသံတော်ကို နားထောင်မည့်အစား ပထုတ်ပစ်ရန် သွေးဆောင်ခြင်းခံရသည်။” မိမိ၏ စကား (သို့) အပြုအမူတစ်ခုခုအတွက် ခွင့်လွှတ်မှုတောင်းခံရန်လိုအပ်ကြောင်း စိတ်၌ခံစားရခြင်း၊ သို့မဟုတ် အခက်အခဲ အကျဉ်းအကြပ် ရင်ဆိုင်နေရသူတစ်ဦးဦးအတွက် ဆုတောင်းပေးရန် အဆက်မပြတ် သတိပေးခံရခြင်း၊ သို့မဟုတ် မိမိဂရုပြုသူတစ်ဦးဦးအား သခင်ခရစ်တော်၏ အကြောင်း တစ်ခါမှ မပြောရသေးဟု ပြစ်တင်ခြင်းစသည့် စိတ်တွင်းခံစားချက်များဖြင့် ကိုယ်တော် ဖော်ပြသည်။
ကျွန်ုပ်တို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်သောအခါ ကျွန်ုပ်တို့ကို သူသွန်သင် သည်၊ အပြစ်တင်သည်၊ နှစ်သိမ့်သည်၊ ပြီးနောက် သမ္မာတရားလမ်းသို့ ပို့ဆောင်သည် (ယော ၁၄း၁၆-၁၇၊ ၁၆း၇-၈၊ ၁၃)။ သန့်ရှင်းသော ၀ိညာဉ်တော်၏အသံတော် သတိပေးချက်ကို သင် နားထောင်ပါသလား။ —Cindy Hess Kasper


ဝိညာဉ်တော်ဘုရား - အတွင်းမှ ညင်သာရှင်းလင်း သတိပေးချက်ကို ကြားစေပါ။
ဖြည်းညင်းသောအသံတော်ကိုလည်း သိစေပါ။
သို့မှ ဘုရားသခင်၏အလိုကို သိရှိရွေးချယ်နိုင်မှာ။ —D. De Haan


No comments:

Post a Comment