Wednesday, May 30, 2012

ဘုရားသခင်၏ဘီးတပ်ကုလားထိုင်


May 30, 2012
Read: ဆာ ၄၆
ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ — ဒံ ၇း၉  
Bible in a year:
ဆာ ၁၆-၁၈
ဂျင်းဒရော့စကောလ်သည် အံ့မခန်းအပြေးမယ်တစ်ဦးဖြစ်သည်။ သူမသည် ဘော်စတွန် မာရသွန်ပြိုင်ပွဲကို ၈ ကြိမ်တိုင် အောင်နိုင်ခဲ့သည်။ နိုင်ငံတစ်ကာ မသန်စွမ်းအားကစားပွဲ၌ ၄ ကြိမ် ပါဝင်ဆင်နွှဲခဲ့ပြီး ရွှေတံဆိပ်ငါးခု ဆွတ်ခူးခဲ့သည်။ မွေးရာပါကျောရိုးဖွံ့ဖြိုးမှုမရှိခြင်းကြောင့် အောက်ပိုင်းသေနေ၍ ဘီးတပ်ကုလားထိုင်ဖြင့် ပြိုင်ပွဲဝင်ခဲ့သည်။
ဒံယေလ၇း၉သည် သူမနှစ်သက်သော ကျမ်းပိုဒ်များအနက်တစ်ပိုဒ်ဖြစ်သည်။ “အသက် ကြီးသောသူတစ်ဦး ထိုင်တော်မူ၏။… ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။” ဘုရားသခင်ထံမှ ဒံယေလရရှိသော ရူပါရုံနှင့် သူမ၏အခြေအနေကိုဆက် စပ်ပြီးအခြားသူများကိုအားပေးစကားပြောနိုင်ခဲ့သည်။“ဘီးတပ်ကုလားထိုင်ကိုအသုံးပြု နေရသူများ၊ ထိုသို့အသုံးပြုနေရ၍ အားငယ်စိတ်ပျက် နေသူတွေနဲ့တွေ့ပြီး စကားပြောခွင့်ရတိုင်း ကျွန်မက သူတို့ကို ‘ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့   အညီမင်းတို့ကို ဖန်ဆင်းထားတာမကဘူး၊ ကိုယ်တော် ဘုရားသခင်ရဲ့ ပလ္လင်တော်ကိုလည်း မင်းတို့ရဲ့ ဘီးတပ်ကုလားထိုင်ပုံလို ပြုလုပ်ထားတယ်’ လို့ ပြောတာပဲ။”
ဒံယေလ၏ရူပါရုံက ဘုရားသခင်ကို မလှုပ်ရှားနိုင်၊ ချို့ယွင်းနေသူအဖြစ် သရုပ်ဖော်ထား ခြင်းမဟုတ်ပါ။ အမှန်စင်စစ် ဘုရားသခင်၏ “ဘီးတပ်ကုလားထိုင်”ပလ္လင်သည် လူသားတို့၏အမှု အရေးများကြား၌ ဖြောင့်မတ်မူသော ဘုရားသခင်က ချုပ်ချာအာဏာဖြင့် စီမံလှုပ်ရှားခြင်းသင်္ကေတ ဟု အချို့ကမှတ်ယူသည်။ အခြားကျမ်းပိုဒ်များမှလည်း ယုံကြည်သူများအတွက် ပြင်ဆင်ပေးသနား သော ဘုရားသခင်၏ထောက်မမှုဟူ၍လည်း ပြောထားပါသည် (သု ၃း၂၅-၂၆၊ မ ၂၀း၂၉-၃၄၊ ဧ ၁း၁၁)။
ဘုရားသခင်၌ ဂျင်းဒရော့စကောလ်၏ ယုံကြည်မှုကသူမ၏ ဘ၀စိန်ခေါ်မှုများကိုအောင် နိုင်အောင် ကူမပေးသည်။ မြင့်မြတ်၍ သန့်ရှင်းမူသော ဘုရားသခင်သည် အနီးလေးမှာပင်ရှိပြီး ကိုယ်တော့်အား တောင်းလျှောက်ပါက ကူမရန်အသင့်ရှိနေကြောင်း ကျွန်ုပ်တို့လည်းစိတ်ချ ထားနိုင်ပါသည်။ —Dennis Fisher

No comments:

Post a Comment