Tuesday, May 29, 2012

မာန်မာနနှင့် ဘက်လိုက်ခြင်း

May 29, 
(တ ၁၇း၂၂-၃၁)
ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော် မူ၍ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကို၎င်း၊ သူတို့၏နေရာအပိုင်းအခြားကို၎င်း မှတ်သားတော် မူ၏။ —တ ၁၇း၂၆ 
ဆာ ၁၃-၁၅
၁၉၃၀ ပြည့်နှစ်များက ကျွန်တော့်ကလေးဘ၀က နေခဲ့သောအိမ်လေးမှာ မေတ္တာလွှမ်း လျက် ပျော်စရာအတိပါ။ သို့သော် မိဘများက မကြာခဏခရီးထွက်သဖြင့် ထိုအချိန်မျိုးတွင် မီးဖို ဆောင်နှင့် ပိန်သေးသေးနှင့် ရွှင်လန်းနေတတ်သူ ကျွန်တော်တို့၏အိမ်ထိန်း အယ်နီက အိမ်ကို နွေးထွေးမှုနှင့် လွှမ်းခြုံပေးသည်။
ကျွန်တော်က အယ်နီနှင့်အတူ မီးဖိုဆောင်စားပွဲ၌ထိုင်ကာ စာအုပ်များဖတ်၊ အရုပ်များနှင့် ကစား၊ အယ်နီဆိုညည်းသည့် ၀ိညာဉ်ရေးဓမ္မတေးများကို နားထောင်ရင်း အယ်နီနှင့်အတူ အချိန် များစွာကုန်ဆုံးခဲ့ပါသည်။ သူ့နှလုံးသားမှ ဥာဏ်ပညာ၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် တေးသံများ မပြတ်စီးဆင်းထွက်ပေါ်သည်။
တစ်မနက်တွင် ကျွန်တော် ကြားသိခဲ့သည့် လူမျိုးရေး ပုတ်ခတ်ရှုတ်ချသည့်စကားတစ်ခွန်း ကို အဓိပ္ပာယ်နားမလည်ဘဲ ပြောလိုက်သည်။ “အို အဲဒီလိုမပြောရဘူး”ဟု အယ်နီကဆိုပြီး သူ ထိခိုက်နာကျင်ခံစားရကြောင်း သူ့စိတ်ထဲခံစားရသမျှ ညင်သာစွာဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ့မျက်လုံးများ၌ ၀မ်းနည်းရိပ်များအပြည့်ပင်။ ထိုစကားကို ကျွန်တော်ဘယ်တော့မှ မပြောတော့ပြီ။
အစွန်းရောက် ခံယူချက်များဖြင့် အခြားသူများကို အသရေဖျက်၊ အရိုအသေတန်သောအခါ မဖော်ပြနိုင်လောက်အောင် ၀မ်းနည်းကြေကွဲခံစားရကြောင်း ကျွန်တော် သင်ခန်းစာရခဲ့ပါသည်။ လူသားတိုင်းကို ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့ပါသည်။ အခြားသောသတ္တ၀ါ များထက် ဘုရားသခင်နှင့် သာ၍တူသောကြောင့် လေးစားထိုက်ပါသည်။ ဘုရားသခင်၏သဏ္ဌာန် တော်ကို ရှုတ်ချခြင်းက လူသားတစ်ဦးဦးကို နက်ရှိုင်းစွာထိုခိုက်စေခြင်းပင်။
လူသားမျိုးနွယ်တစ်ခုတည်းရှိပါသည်။ “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသော လူ အမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကို၎င်း သူတို့၏နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏” (တ၁၇း၂၆)။ ကျွန်ုပ်တို့သည် မိသားစု တစ်ခုတည်းဖြစ်ပြီး အချင်းချင်းတန်ဖိုးထား၊ ချစ်မြတ်နိုးကြရန်ဖန်ဆင်းခံရပါသည်။

No comments:

Post a Comment