Monday, May 28, 2012

စုရုံးဆုံစည်းခြင်း

May 28, 2012
(ဗျာ ၇း၉-၁၇)
ပလ္လင်တော်အတွင်း၌ရှိသော သိုးသငယ်သည် (ငါတို့ကို) လုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ —ဗျာ ၇း၁၇  
၁၉၁၅-၁၉၁၇ ခုနှစ်အတွင်း အီဂျစ်ပြည်၌ ၀ိုင်အမ်စီအေအဖွဲ့၏ နယ်လှည့်တရားဟောဆရာ အဖြစ် အမှုဆောင်စဉ်က ဆရာအော့ဝဲလ် ချိန်းဘားသည် ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ၏အသက်တာကို တို့ထိသက်သာစေခဲ့သည်။ ၁၉၁၆ ခု၊ နိုဝင်ဘာလ၆ရက်၌ သူ၏ ဒိုင်ယာရီထဲတွင် ဆရာက ဤသို့ရေးသားထားသည်။ “ထဒ်စထရက် ကျဆုံးသွားကြောင်း နယူး ဇီလန်သား မိတ်ဆွေထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ ထဒ်စထရက်သည် ‘သခင် ယေရှုနှင့်အတူရှိရန် ပြန်နှင့်ပြီ။’ သူလည်း ထိုသို့ပင် ဆိုလိမ့်မည်။… (သူသည်) စိတ်ထား အလွန်လှ သူ၊ ကျေးဇူးပြုတတ်သူ၊ ကြောက်စိတ်ကင်းပြီး၊ ချစ်ဖွယ်ကောင်းသော သူတော်စင်လေးပင်။ သူနှင့် ပတ်သက်သောအမှတ်တရများအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ … ကောင်းကင်ဘုံ မှာ သူတို့တစ်ယောက်ပြီးတစ်ယောက် စုရုံးရောက်ရှိကြပြီ။”
မိမိချစ်ရသူများ သေဆုံးသွားခြင်းကြောင့် ကြေကွဲဝမ်းနည်းရချိန်မှာပင် သင်္ချိုင်းဂူမှ လွန် သော် ရရှိမည့်အသက်တာနှင့် ပတ်သက်၍ ယေရှုသခင်၏ကတိတော်ကို ကျွန်ုပ်တို့ကိုင်စွဲထား သည်။ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ပလ္လင်တော် ပတ်ပတ်လည်တွင် နိုင်ငံအသီးသီးမှ လူမျိုး အပေါင်း၊ ဘာသာစကားအမျိုးမျိုးပြောသော လူနွယ်အပေါင်းတို့ စုရုံးရောက်ရှိသည့်အကြောင်း ရှင်ယောဟန်၏ ရူပါရုံကို ဗျာဒိတ်ကျမ်းစာစောင်၌ မှတ်တမ်းတင်ထားပါသည်။ “ပလ္လင်တော်အတွင်း ၌ရှိသော သိုးသငယ်သည် (ငါတို့ကို) လုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြ”မည့်အချိန်၌ ရရှိခံစားရမည့် ၀မ်းမြောက်ဖွယ် ထာဝရဆုံးဆည်းရခြင်းအကြောင်းကား ဤကျမ်းပိုဒ်မှ အရေးကြီး သော သမ္မာတရားပေတည်း (း၁၇)။
ခရစ်တော်၌ ယုံကြည်သူအားလုံး၏သေဆုံးခြင်းသည် သခင်နှင့်ကျွန်ုပ်တို့ ပြန်ဆုံမည့်နေ့ ရက်ကို နိမိတ်ပြဖော်ပြနေ၏။ ယနေ့ဝမ်းနည်းခံစားရစဉ်တွင်ပင် “ကောင်းကင်ဘုံမှာ သူတို့ တစ်ယောက်ပြီးတစ်ယောက် စုရုံးရောက်ရှိနေကြ” ကြောင်းနားလည်လျှင် ကျွန်ုပ်တို့၌ မျှော်လင့် စရာ ရှိပေ၏။ —David McCasland

No comments:

Post a Comment