Sunday, May 27, 2012

ထိတ်လန့်စိုးရွံ့ဖွယ်ရာ

May 27, 2012
၂ တိ ၂း၁၉-၂၆
မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေ တတ်သည် ဟု သိမှတ်၍ ပယ်ရှားကြလော့။ —၂ တိ ၂း၂၃  

ဆာ ၅-၈
“The Charge of the Light Brigade” ဆိုသော ဆရာကြီး တန်နစန်၏ဂန္တ၀င်ကဗျာ၌ “စစ်သည်တော်ခြောက်ရာ၊ သေမင်းအရိပ်လွှမ်းသောချိုင့်သို့ စစ်ချီပြီ”ဟူ၍ ထည်ဝါလှသည့်စကားစု ဖြင့် စစ်ချီသွားသော ရဲစွမ်းသတ္တိအပြည့်နှင့် မြင်းတပ်ကြီးကို သရုပ်ဖော်ထားရာ သူတို့ကို စောင့်ကြို နေသည့် ကြေကွဲဝမ်းနည်းဖွယ် အန္တရယ်အငွေ့အသက်ကို ဤစကားလုံးများက ဖော်ကျူးသည်။
ကျွန်တော်သင်းအုပ်ဆရာဘ၀က အသင်းတော်အစည်းအဝေး၌ ကြောက်ရွံ့ထိတ်လန့်မှုကို တစ်ခါတစ်ရံ ခံစားရသည်။ လတ်တလော သဘောထားကွဲလွဲမှု (သို့) ရေးကြီးခွင်ကျယ်ကိစ္စ ဖြစ်သွားနိုင်သည့် အငြင်းပွားမှုများ ရှိနေသည်။ သို့သော် ၄င်းသည် အသင်းတော်တွင် မဖြစ်သင့် သည့် ကိစ္စပင်။
သင်းအုပ်တာဝန်ထမ်းဆောင်ရင်း ဖိအားပေးမှုများကြား ရုန်းကန်နေရသည့် နုနယ်သည့် သင်းအုပ်ဆရာထံ ရှင်ပေါလုက “မိုက်မဲ၍ပညာကင်းသော ပုစ္ဆာအပေးတို့သည် ရန်ပွားစေတတ် သည်ဟု သိမှတ်၍ ပယ်ရှားကြလော့”ဟု ရေးသားခဲ့သည် (၂ တိ ၂း၂၃)။ ၄င်းသည် သင်းအုပ် အတွက်သာမက ဘုရားကျောင်းတက်ရောက်သူများအတွက်လည်း အကျုံးဝင်သည်။ ပညာမဲ့သော လုပ်ရပ် (သို့) စကားများအားဖြင့် တင်းမာမှုများ တိုးပွားများပြားစေခြင်းထက် မိမိ၏အမူအကျင့်များ အားဖြင့် တင်းမာမှု အငြင်းပွားမှုကို လျော့ကျသွားအောင် ကူညီနိုင်သည်။ သဘောထားကွဲလွဲမှု ပဋိပက္ခကို ကျမ်းသဘောသွန်သင်ချက်နှင့်အညီ ရှောင်ရှားနိုင်အောင်၊ ကိုင်ကွယ်ဖြေရှင်းတတ် အောင် အခြားသူများကို ကျွန်ုပ်တို့ စံပြအသက်ရှင်ပြနိုင်ပါသည်။ တစ်ပါးသူများနှင့် ဆက်ဆံရာ၌ နူးညံ့သိမ်မွေ့မှု၊ စိတ်ရှည်သည်းခံမှု၊ နှိမ့်ချမှုတို့ရှိရန် (အငယ် ၂၄-၂၅) မှ တိုက်တွန်းထားပါသည်။
“အသင့်အတင့်နေခြင်းငှာ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏” (ယာ ၃း၁၈) ဟု ရှင်ယာကုပ် ပြောထားပါသည်။ ရန်ငြိမ်းပြေလည်စေ သူ ဖြစ်ရမည်ဟူသော ရည်မှန်းချက်အတိုင်း ရှင်သန်ခြင်းဖြင့် ပဋိပက္ခအငြင်းပွားမှုတို့ကြောင့် ဖြစ်ပေါ်လာမည့် ထိတ်လန့်စိုးရွံ့ဖွယ်အခြေအနေကို လျော့ချစေနိုင်ပါသည်

No comments:

Post a Comment